Myanmar in Singapore

Please, forward this and invite Myanmar in Singapore.

 

Please share your knowledge, experiences and opinions...

 

ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ဒီမှာလည်း vote လုပ်လို့ရပါတယ်။

http://www.facebook.com/home.php?sk=question&id=204625256240860


ဒီအကြောင်း ရေးပေးပါ ရေးကျပါ လို.ပြောတာ ခဏခဏ ရှိလာတော. မရေးလို.မဖြစ်တော.ဘူးလေ။ ကိုယ်တိုင်လဲ ဒါမျိုးအဖြစ်အပျက်တွေ ဖြစ်ပျက်နေတာ မျက်မြင်ကိုယ်တွေ.ပါပဲ။ အခုတော. အကြောင်းညီညွတ်လို. ဖွင်.ချရတော.မယ်ဗျို.။

အကြောင်းက ဒီလိုဗျ။ စင်ကာပူ မှာအလုပ်လာရှာကြ တဲ. မြန်မာ ဦးရေ တိုးပွားလာတာနဲ. အမျှ စလုံးရောက်ခါစ အလုပ်ရှာတဲ. ရွေမြန်မာ တွေ ရဲ. ကနဦး အလုပ် လစာ များ ထိုးဆင်းသွား လို.ပါပဲ။ ဒါမျိုးဖြစ်အောင် ဘယ်သူလုပ် သလဲ? ကျွန်တော် တို. မြန်မာတွေ ကိုယ်တိုင်ပါပဲ။ အလုပ်ရချင်တော. လစာ တွေ ကို အနိမ်.ဆုံးဖြစ်အောင် တယောက်နဲ. တယောက် အပြိုင် လျှော.ချကျတယ်။ "ဟာ ဟိုလူက ၁၂၀၀ နဲ. လျှောက်တယ်။ ငါ ၁၀၀၀ ပဲတောင်းရင် ငါ.ကို ခန်.လောက်တယ်"၊ "ဟာ သူလို အင်္ဂလိပ်စာ မွတ်နေတဲ. ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ကောင်တောင် ၁၅၀၀ နဲ.လျှောက်တာ ၊ ငါ ၁၂၀၀ ပဲတောင်းရင် ငါ.ကို ခန်.လောက်တယ်" စသဖြင်.ပေါ.ဗျာ။ အလုပ်ရချင် ၊ မြန်မာပြည် မပြန်ချင်ဇော နဲ. မိမိရထားသော ဘွဲ.လတ်မှတ်များ၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မူ များ ကို မငဲ.ငြာ၊ မထောက်ထား ပဲ အဲဒီလို. မိမိကိုယ် မိမိ နိမ.်ချနေ ကျတော.။ မိမိ တစ်ယောက်ထဲ ကိုယ်ပဲ ထိခိုက်တာ မဟုတ်ပဲ။ မြန်မာ ဆိုတဲ. လူမျိုးတခု လုံးကို ထိခိုက်နေလို. ကျွန်တော် အခုလို ၀င်ပြီး ဆွေးနွေးရတာပါ ခင်ဗျာ။

သူငယ်ချင်းတစ်ယောက် အိုင်တီ သမားပါ။ စလုံးရောက် ပထမဦးဆုံး ကုမ္ပဏီမှာ ပဲ လစာ ၁၈၀၀ နဲ. ပြီးခဲ.တဲ. နှစ်က စ အလုပ်လုပ်နေပါတယ်။ သူက လစာပိုရလို. အလုပ် ပြောင်းမယ်ပေါ.။ ဒီတော. သူ.နေရာမှာ အစား ထိုးဖို. လူခေါ်တော. လာလျှောက်ကျပါတယ်။ အဲ.ဒီမှာ သူ က စပ်စုပြီး လာလျှောက်တဲ. မြန်မာ ကောင်မလေး တစ်ယောက် ကို လစာ ဘယ်လောက်တောင်းလဲ မေးကြီးတော. “သမီး ၁၂၀၀ ပဲ တောင်းပါတယ် အစ်မတဲ.” ။ ဒါ မြန်မာပြည်က ကွန်ပြူတာ ဘွဲ.ရနော်၊ တခြား နိုင်ငံတာကာ ကွန်ပြူတာ လတ်မှတ်တွေလဲ ပါသေးတယ်။ မြန်မာပြည် က ကွန်ပြူတာ ဘွဲ.နဲ. ဒီက NUS/ NTU တို.ကရတဲ. ဘွဲ.နဲ. မယှဉ်သာ တာတော. လူတိုင်းနားလည် ပါတယ်လေ။ ဒါပေမယ်. ဒီက ပိုလီ Diploma အဆင်. လစာ ၁၈၀၀ လောက်တော. မဖြစ်သင်.ဘူးလား။

တခါကြားလိုက်သေးတယ် Auto Cad အလုပ် တလ ၉၀၀ နဲ. ရဖို. Agent ဖိုးတောင် ၂ လစာ ပေးရတယ်ဆိုပဲနော်။ ထိုသူတွေ ကို နိမ်.ချပြောမဟုတ်ပါဘူး။ ၉၀၀ ဆိုတာ စင်ကာပူမှာ တကယ်. လူတစ်ယောက်ရဲ. အသုံးစရိတ် လောက်ရုံလေးပါပဲ။ စင်ကာပူ အစိုးရကတောင် သတ်မှတ်ပေးထားတယ်လေ S Pass တစ်ယောက် ဟာ ဘွဲ.ရ ပြီး လစာ ၁၈၀၀ အနည်းဆုံးရမယ်တဲ.။ ဒါ ဟာ ငါတို. ရဲ. ဘွဲ.ကို ၁၈၀၀ တန်သေးတယ် လို. သတ်မှတ်ပေးလိုက်တာပဲ။ ဒါကို ဘာလို. လစာ ၁၈၀၀ ထက်နည်းအောင်မိမိ ဖာသာ လျှော.ချနေ ကျဦးမှာလဲ။ အခုဆို စင်ကာပူ မှာ ကုန်ဈေးနုန်းတွေက အ၇မ်းတက်ပြီလေ။ ချွေတာ စုဆောင်းပြီး သုံးရင်တောင် တလ ကို ၈၀၀-၁၀၀၀ ကုန်နေတာ။ ဘာလဲ ကိုယ်ရှာ တာ ကိုယ်သုံးလို.ပဲ ခံယူထားကျသလား။ မြန်မာပြည် က မိသားစု တွေကို လှည်.မကြည်.တော.ဘူး။ ငါမြန်မာပြည် မပြန်ရ၇င် ပြီးတာပဲ လား။

စင်ကာပူ က ကုမ္ပဏီ တွေက ပဲ ညစ်နေတာလား? လောလောဆယ် မြန်မာတွေအကြား ဖြစ်ပျက်နေတဲ. အဖြစ်အပျက်တခုပေါ.နော်။ သိပြီးသားဖြစ်ပါလိမ်.မယ်။ တကယ်.လို. ကုမ္ပဏီက ကိုယ်.ကို ၁၈၀၀ အောက် လစာနဲ. ခန်.လိုက်ရင် အခန်.ခံရတဲ.သူကိုယ်တိုင်က တောင်းတောင်းပန်ပန် နဲ. ကုမ္ပဏီ ကို သင်ပေးကျ ပါတယ်။ MOM (အလုပ်သမားရုံး) မှာ S Pass ကို ၁၈၀၀ နဲ. ကျေးဇူးပြုပြီး တင်ပေးပါ။ လစာ ကိုလဲ ၁၈၀၀ နဲ. ပေးပါ။ ပြီးမှ တကယ်.လစာ ကိုပဲ ကျွန်တော်၊ ကျွန်မ တို.ယူပြီး ပိုတဲ. ငွေကို ပြန်ပေးပါ.မယ်။ လို. တောင် မသိနားမလည် တဲ. စလုံး ကုမ္ပဏီ ကို တပတ်ရိုက်နည်း တွေသင်ပေး နေကျတာလဲ ကျွန်တော်.တို. ရွေမြန်မာတွေ ပဲမဟုတ်လား။

စင်ကာပူမှာ အလုပ်ရှာသူ မြန်မာ များကို ကျွန်တော် အမျိုးအစား ၅ ခု ခွဲပြပါရစေ။
၁။ စင်ကာပူ မှာ မိမိစိတ်ကြိုက် ဘာသာရပ် တက်ပြီး ကျောင်းပြီးလို. အလုပ်ရှာသူများ
၂။ စင်ကာပူမှာ မိမိစိတ်မ၀င်စားသော ရရာ Diploma၊ သင်တန်း တက်ပြီး အလုပ်ရှာနေသူများ
၃။ မြန်မာပြည်မှ ဘွဲ.ရပြီး လုပ်ငန်း ဆိုင်ရာ အတွေ.အကြုံရင်.ကျက်သူများ
၎။ မြန်မာပြည်တွင် ဘွဲ.လက်မှတ် တပုံတပင်ရထားပြီး ကိုယ်တိုင်ကလဲ လေ.လာဆည်းပူး လိုစိတ် ထက်သန်သူများ
၅။ မြန်မာပြည်တွင် အပျော်တမ်း ဘွဲ.ရပြီး တကယ် လုပ်ငန်း မကျွမ်းကျင်ပဲ အလုပ်ရလို.ရငြား ဘာလုပ်ရလုပ်ရ ဆိုပြီး ကံလာစမ်းကြ သူများ

နံပါတ် ၁ ၊ ၃ နဲ. ၄ က လူတွေဟာ အလုပ်ရှာ ရ တာ လွယ်ကူစေပါတယ်။ ဘာလို.လဲ ဆိုတော. သူတို.မှာ က ဦးတည်ချက်၊ အတတ် ပညာ ရှိ တယ်။ သူတို. မျှော်မှန်းတဲ. လစာလဲ ကုမ္ပဏီနဲ. ညှိနိုင်းရင်း ရကျ ပါတယ်။ ဒါပေမယ်. အဲ.ဒီ နံပါတ် ၂ နဲ. ၅ က လူတွေရဲ. ရတာလုပ်မယ်၊ ကိုယ်.အကြောင်းကိုယ်သိတော. လျှော.တောင်းမယ် ဆိုတဲ. အတွက် နံပါတ် ၁ ၊ ၃ နဲ. ၄ က လူတွေ ကိုပါ အဲ.ဒီ ဆိုးကျိုးတွေ က ရိုက်ခတ်စေပါတယ်။

ကပ်စီး ကုတ် တွက်ချက် တွက်ကပ် မှ သူဌေးဖြစ်တယ်ဟုတ်? အဲလို အလုပ်ရှင် သူဌေး တယောက် အနေနဲ. ခင်ဗျား ဆုံးဖြတ် ကြည်.ပါ။ မြန်မာ၂ယောက် ရတဲ. ဘွဲ.တွေ ချင်းကလဲတူ။ လျှောက်တဲ.ရာထူးခြင်းကလဲတူ တယောက်က လစာ ၂၀၀၀ တောင်းတယ်။ တယောက်က ၁၂၀၀ တောင်းတယ်။ ကဲ ဘယ်သူ.ကို ပိုအားသန်မလဲ စဉ်းစားကြည်.ပါခင်ဗျာ။ ၁၂၀၀ တောင်းတဲ. သူကလဲ အင်တာဗျူးမှာ ပြောမှာပဲ လေ ကျွန်တော် မကျွမ်းကျင်လဲ အတက်နိုင်ဆုံး ကြိုးစားပါ.မယ်။ နောက်မှ ဖြစ်ချင်ရာဖြစ် ဆိုတဲ. အတွေးနဲ. ပေါ.။ ဒီတော. ထို ၂၀၀၀ တောင်း တဲ. လုပ်ငန်းကျွမ်းကျင် မြန်မာတစ်ယောက် က ဘုံမပျောက် ပေဘူးလား။ နောက်ဆုံးတော. အများနည်းတူ လစာ ကိုလျှော.ချင်ရင်လျှော. ၊ မလျှော.ရင် ရွာပြည် ဖို.ပဲ ဖြစ်လာကျပါတယ် ခင်ဗျာ။

ဒီတော. သူတို. ကုမ္ပဏီ သူငှေး အချင်းချင်း၊ ၀န်းထမ်းအချင်းချင်း ဆက်ဆံ တဲ.အခါ မှာ “ဟေ. ငါတို.ကုမ္ပဏီမှာ မြန်မာလေး တယောက် အောက်ကြေးနဲ. ရလို. ခန်.ထားတယ် တန်တယ်။ နင်တို. အလုပ်တွေ ခေါ်ရင်လဲ အဲ.လောက်ပဲ ပေး၊ သူတို. လုပ်ကိုလုပ်တယ်။ “ ဆိုတဲ. စကားတွေ ပျံ. သွားမယ် ၊ ပျံ.နေတယ် လို. သင်ငြင်း နိုင်မလား။ မြန်မာပြည်မှာ ဆို သေအောင်လုပ်မှ တလ စင်ကာပူဒေါ်လာ ၂၀၀ လောက်တောင် စုမိတာမဟုတ်ဘူး လို.များ ခံယူထားကြသလား၊ မတူဘူးလေ။ ဒါက ရေးခြားမြေခြား အိမ်ပစ် ၊မိသားစုပစ်၊ သားပစ် မယားပစ်၊ ရည်း စားပစ် ပြီး စွန်.စားပြီး အလုပ်လာရှာတာလေ။ ဒီတော. အများတန်းတူ ပေါက်ဈေး တော.ရသင်.တာပေါ.။

ကျွန်တော်သူုငယ်ချင်း ပရိုဂရမ်မာ ပေါ.လေ။ ပိုလီ ပြီးပြီးချင်း အလုပ်ရှာတယ်။ ကာလပေါက်ဈေး လစာ ၁၈၀၀ (ညှိနိုင်းနိုင်) နဲ.လျှောက်တာ။ အင်တာဗျူးမှာပဲ သဘောကျပြီး ၂၂၀၀ ပေးမယ် ကြိုးစား ပြီးလုပ်ပေါ. တဲ.။ ဒါက သူကံကောင်းတာလဲ ပါတယ်။ ကုမ္ပဏီကလဲ သမာသမတ် ကျတာလဲ ပါတယ်။ တကယ် လက်ရှိ လုပ်နေတဲ. သူတွေ နဲ. တန်းတူပေးရမယ်။ တန်းတူ ရသင်.တယ်။ ကိုယ်က လျှော. ရလို. အချောင် ခိုလို.ရမယ် မထင်ပါနဲ.။ အထုပ်အပိုးပြင် ပြီးရွာပြန်ရလိမ်.မယ်။ တချို.ကလဲ ပြောကျသေးတယ် " ကျွမ်းစရာ မလိုပါဘူးကွာ၊ အလုပ်ရမှ အလုပ်ထဲမှာ သင်ပေါ.၊ မေးပေါ.၊ သင်ပေးကျပေါ. ကိုယ်က သူတို.ရဲ. ၀န်ထမ်းပဲ ဟာ ဒါက သူတို. တာဝန်ပဲ " ။ စင်ကာပူ က ကုမ္ပဏီ က သင်.ကို မေတ္တာဖြင်. သင်ပေးဖို. အလုပ်ခန်.တာ မဟုတ်ဘူးလေ။ ခိုင်းဖို.ခန်.တာ။ သဲသဲကွဲကွဲ မြင်တက်စေချင်တယ်။

သင်တို.ရဲ. အပူ သောက တွေကို မသိချင်ယောင်ဆောင်ပြီး ပြောနေတာ မဟုတ်ဘူးနော်။ ကိုယ်လဲ ဒီဘ၀ ကစ လာတာတော. နားလည်တာပေါ.။ အလုပ်မရခဲ.လျှင် နှစ်ရှည်လများ စုဆောင်းထားတဲ. ငွေ တွေ ဆုံး ၊ စိတ်ကူးယဉ်ထားတဲ. အရာ တွေ ပျက်စိးမယ်ဆိုတာလေ။ ဒါကြောင်. ဘာလို. စမ်းတ၀ါးဝါး နဲ. စင်ကာပူလာမှာလဲ။ အားလုံး အသေအချာ ပြင်ဆင်ပြီးမှာ လာစေချင်တယ်လေ။ အင်္ဂလိပ်စာ လဲ လည်လည်ဝယ်ဝယ် ပြောတက်စေချင်တယ်။ အခုဖြစ်နေတာမှာ မြန်မာတွေ ဆို သိပ် စကားမပြောတဲ. အလုပ်တွေ မှာ စုနေကျတယ်လေ။ “Ya , No, OK, This one, Here, There, Sorry. Bye Bye. Thank you” နဲ. တင် အလုပ်ဖြစ်နေကျတယ်လေ။ ကိုယ်တိုင်ကလဲ အင်္ဂလိပ် စာ မကောင်းခဲ.ပါဘူး။ အလုပ်စလုပ်တုန်းကဆို ရုံးက ဖုန်းလာရင် မကိုင်ရဲ လောက်အောင်ကို ဖြစ်တာ။ သူတို.ပြောတာ နားမလည် ၊ ကိုယ်ပြောတာ သူတို. နားမလည် မှာလဲ ကြောက်တာပေါ.။

အခုဒီပို.ကိုရေးတာ ကျွန်တော်.ကို ဆရာလုပ်တယ်လို.ထင်ချင်ထင်ပါလိမ်.မယ်။ သဘောတူတွေ လဲ ရှိပါလိမ်.မယ်။ နောက်ဆုံးအနေနဲ. ပြောချင်တာက မြန်မာ တွေ ဟာ တခြား မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို.နဲ. တန်းတူ ရင်ဘောင်တန်း ပြီး အလုပ်လုပ်နိုင်တဲ. တဲ. အတွက် သူတို.နဲ. တန်းတူ လစာ ရအောင် ကြိုးစားသင်.တယ်။ အဲ.လိုတန်းတူရအောင် လဲ ထို လူမျိုးများလိုပဲ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ရုံသာမက ပဲ၊ အင်္ဂလိပ် ကို လဲ လည်လည်ပတ်ပတ် ပြောတက်စေချင်တယ်။ စင်ကာပူ မလာခင် ပြင်ဆင်ထားကျ ပေါ.ဗျာ။

အားလုံးအရည်အချင်း ပြည်.ပြည်. နဲ. တန်ရာတန်ကြေး ရစေလို၏။

စိုင်းထွန်း

Tags: အလုပ်ရှာနေသူများအတွက်

Views: 4265

Reply to This

Replies to This Discussion

ဟိုင်း၊
အခုလိုကိုယ်တွေ.ခံစားချက်နဲ. အတွေ.အကြုံတွေကို ဗဟုသုတနဲ. လက်၇ှိအဖြစ်အပျက်တွေကိုေ၇းပေးထားတာ အ၇မ်းကောင်းပါတယ်၊
အားပေးပါတယ်၊
လူလေး
Excellent ! Every body should be like this !
ကောင်းတယ်၊ မှန်တယ်၊
ဟုတ်ပါတယ်..တကရ်အမှန်တွေကိုရေးပေးထားတာ..အရမ်းကောင်ပါတရ်
ကျေးဇူးလဲတင်မိပါတရ်.....
ဒါပေမယ်. ဒီက ပိုလီ Diploma အဆင်. လစာ ၁၈၀၀ လောက်တော. မဖြစ်သင်.ဘူးလား။


You cannot compare Computer Degree from Myanmar with Poly Diploma from Singapore because of the following facts

1) Once a person finishes the Poly, he/she is already a PR
2) Poly graduated student is much more better communication skill and language proficiency
3) The requirement to attend Poly is much more higher than Computer University at Yangon. (GCE O' Level)
4) More expensive and more investment
5) Poly students need to have 90% attended and more hands on experience

Last but not least, Singapore education system is much more better than Myanmar education system and Singapore poly diploma is internationally recognized. Feel free to add in more, if i missed out something.

Anyway, thanks you so much for your compressive research ;) Most of your POV are right. We Burmese need to improve a lot on communication and language skill.
Yes...
I agree this post! Cheer! :-)
I got knowledge more... !
Thanks,
Admin
;)
I also agree this post
It is about pride and dignity. I know there's sometimes no other way but to take the job what we can get. But if there's any choice, if there's some money left in your pocket, I urge you to go a round trip to Malaysia and refresh yourself, get back to Singapore for a fresh start.

Moreover, The admin and some other are right, you must be prepared before getting start. Like Napoleon said, You must win the battle in the plan before start the actual fight. Plan ahead for everything. Prepare for any odds may come.

Some people heard about my story and they thought they could do the same way, and they did go through my path and all of them failed. Why? ok, here's things I have prepared automatically before I came, I didn't prepared them in purpose, but my life curved me that way.

1) I can talk, write and understand English like my first language,
2) Everything I studied, I didn't learn them by heart but by brain,
3) I have an oral skill which can persuade others whatever I want them to believe,
4) Even I'm quite lazy, I can learn things pretty quick,
5) As I spent most of my time in general knowledge and never studied from government school, I know even more than most of the westerners,
6) My personality is easy to imitate like a European or a Chinese from English speaking country like Australia,
7) I already got a diploma given from Singapore based Institute,
8) My always smiling joker face and talkativeness suits in many customer service posts,
9) I was well trained to withstand any poverty and hardness of life,
10) I have wonderful friends who are always there for me anytime I need (one of them even let me stay at her place for a moth for free, her mom even cooked meals for me, I have infinity gratitude towards them) and an annoying but a very helping, energizing, pushing and resourceful girlfriend who helped me find many jobs. And yes, at last found a guy to marry instead of me... hak hak :) and oh! also a lil bit encouraging and an inspiration of my most beloved one who always be there whenever I need most. :D

These are my advantages and even if they have upper 9 things, I'm sure not everyone is lucky as me to have such friends. I couldn't have done anything without them. And I have a secret weapon to earn some extra money besides the salary. You need to well verse in various arts to survive. :) just don't give up, stand firm on your position, don't surrender. Be proud of yourself and know your true value.
sg yauk pee aloke shar nay tae mm tway net sg ko go poet pyin nay tae mm tway
tha thi htar ya met a chat tway htae ka 1 chu par bae.
ကောင်းပါ့ဗျာ အခုလိုသင်ခန်းစာလေးတွေ တကယ်တော့ ကိုပေါင်ကိုယ်လှမ်ထောင်းရမလို ပေါ့

RSS

Info


Smart Phone ၊ Tablet နှင့် Computer များတွင်
Myanmar in Singapore မှ အကြောင်းအရာများအား
Myanmar font ထည့်သွင်း
ထားစရာမလိုဘဲ ဖတ်ရှုနိုင်ပါတယ်။

Smart Phone တွင် ၀င်ကြည့်၍
Mobile View ဖြစ်နေပါက
Myanmar in Singapore
title ၏ ညာဘက်ဘေးရှိ
option button ကိုနှိပ်ပြီး
Desktop View ကိုနှိပ်လျှင်
မြန်မာလိုမြင်ရပါမည်။

Click for more information !




Latest Blog Posts

Popular Blog Posts

© 2013   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service