Myanmar in Singapore

Please, forward this and invite Myanmar in Singapore.

စင်္ကာပူကိုမလာခင် သိထားရမည့်အချက်များ

မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

Student Visa ကတော့ စင်္ကာပူမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်မယ်လို့ အကြောင်းပြ၊ ကျောင်းအပ်ပြီး ကျောင်းသားအဖြစ် လာတဲ့ နည်းပါ။ ဒီနေရာမှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းရယ် အခွင့်အရေးနဲ့ အခြေအနေတွေ အရမ်းကွာသွားပါတယ်။ တကယ် ပညာသင်ချင်တာမို့၊ ပိုက်ဆံလည်း ချမ်းသာလို့ ကျောင်းလာတက်မယ့်သူတွေကို ဘာမှ မပြောချင်ပေမယ့် အလုပ်လုပ်မှာ စင်္ကာပူမှာ တရားဝင်နေထိုင်ခွင့် Stay ရချင်လို့သာ ကျောင်းအပ်လိုက်တာဆိုတဲ့ သူတွေကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ချင်ပါတယ်။

ပိုပြီး ဆိုးတာက ပုဂ္ဂလိက ကျောင်းတွေဆိုရင် ပိုးစိုးပက်စက် ကန့်ကွက်ပါတယ်။ မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်တွေကိုလည်း တစ်ခါတည်း တောင်းပန်ချင်ပါတယ်။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ မကြည့်ကြပါနဲ့၊ လူငယ်တွေရဲ့ အနာဂါတ်ကို အတုအယောင်မက်လုံးတွေနဲ့ မဖျက်စီးကြပါနဲ့လို့။

စင်္ကာပူမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံးဟာ သူတို့ ပိုက်ဆံရဖို့ ဖွင့်ထားတာပါ၊ ရှင်းပါတယ်။ သူတို့ အကျိုးက ပထမပါ။ စင်္ကာပူ အစိုးရရဲ့ ဥပဒေအရ ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသူ/ကျောင်းသားတွေဟာ အချိန်ပိုင်း၊ အချိန်ပြည့် ဘာအလုပ်မှ တရားဝင် လုပ်လို့ မရပါဘူး၊ အဲဒီတော့ မြန်မာလူငယ်တွေ၊ မိန်းခလေးရော၊ ယောက်ျားလေးရော အလုပ်ခိုးလုပ်ကြရပါတယ်။ စင်္ကာပူ ရဲက မိသွားရင် ဒဏ်ငွေ S$ 5000 ဒဏ်ရိုက်ပါတယ်၊ ကြိမ်ဒဏ်လည်း ရှိပါတယ်။

အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5 ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆ နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊ တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။

အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ စင်္ကာပူအစိုးရကျောင်းကို ရအောင်တက်၊ စာကြိုးစားပြီး အားတဲ့ အချိန်မှာ အိမ်က မိဘ ပိုက်ဆံမပို့ရအောင် အပင်ပန်းခံပြီး ကြိုးစားလုပ်ကိုင်နေကြတဲ့ လိမ္မာတဲ့ လူတော် ညီငယ်၊ ညီမတွေကိုတော့ အပြစ်ပြောစရာ မရှိပါဘူး၊ အားပေးပါတယ်။ သူတို့က အချိန်တန်ရင် အဆင့်မြင့်ဘွဲ့တစ်ခုရပြီး ရာထူးကြီးကြီး လစာကောင်းကောင်း နေရာတွေမှာ အဆင့်အတန်းရှိရှိ လုပ်ကိုင်နိုင်ကြမှာပါ။ အရိပ်လိုချင်လို့ နေပူက စောင့်တဲ့သဘောပါ။

အဓိက အပြစ်ပြောပြီး သတိပေးချင်တာက ပုဂ္ဂလိကကျောင်းတွေနဲ့ အဲဒီကျောင်းတွေမှာ ဟန်ပြကျောင်းအပ်ပြီး အလုပ်ရှာမယ့် သူတွေကိုတော့ လုံးဝ(လုံးဝ) မလုပ်ကြဖို့ ပြောလိုပါတယ်။ အခု ဆိုရင် စင်္ကာပူအစိုးရက ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားတွေ တကယ်ကျောင်းမတက်တဲ့ ကိစ္စကို စပြီး ကိုင်တွယ်နေပြီ၊ ဟိုတယ်တွေ အလုပ်တွေကိုလည်း နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းသားတွေကို အလုပ်မခန့်ဖို့ အလုပ်ခန့်တာကို စီမံချက်နဲ့ စစ်ဆေးတွေ့ရှိရင် အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မယ်ဆိုတဲ့ သတိပေး အကြောင်းကြားစာတွေ ပို့နေပြီ။

အဲဒီတော့ မြန်မာပြည်ကနေ ပိုက်ဆံတွေ သိန်း ၄၀၊ ၅၀ အကုန်ခံပြီး ပုဂ္ဂလိကကျောင်း အပ်မယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဘယ်နှစ်လ သင်တန်း၊ ဘယ်နှစ်လ လက်တွေ့ အလုပ်ခွင်၊ ဘယ်နှစ်လဆို ဘာဖြစ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေကြီး မာရင်ပြီးတာပဲဆိုတဲ့ ကျောင်းပွဲစားတွေရဲ့ မက်လုံးတွေကို မယုံကြနဲ့။ ကိုယ်နီးစပ်ရာကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါဦး။ ကျောင်းပွဲစားကတော့ သူပွဲစားခ ရဖို့ပဲ အဓိကလေ၊ တချို့ဆို ပိုပြီးဆိုတာက ဒီမှာ S$800 လောက်နဲ့ ကျောင်းအပ်လို့ရတဲ့ နာမည်မရှိတဲ့ ဟန်ပြ ကျောင်းသေးသေးလေးတွေကို မြန်မာပြည်မှာ ဟိတ်လုံးတွေ ထုတ်ပြီး S$2000 လောက်နဲ့ လက်ခံပြီး ပွဲစားခ ယူနေကြတာတွေလည်း အများကြီးပဲ။ ဒီရောက်မှ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ နှမြေနေကြရတဲ့ သူတွေလည်း အများကြီးပဲ။

ကဲ အလုပ်လာရှာဖို့ အသင့်ဖြစ်ပြီဆိုရင် (ဘယ်လောက်မှ အသင့်ဖြစ်တယ် ဆိုတဲ့ အကြောင်း နောက်တစ်ပိုင်းမှာ ထည့်ရေးထားပါတယ်) စင်္ကာပူကို လာမယ့် ကိစ္စ၊ Short Visit Visa ရဖို့။ စင်္ကာပူအစိုးရက အလုပ်လာရှာမယ့် သူတွေ၊ ခေတ္တခဏ အလည်အပတ်လာမယ့် သူတွေအတွက် စင်္ကာပူမှာ နေထိုင်ခွင့်ကို Short visit visa ၃ လအထိ အလွယ်တကူ ထုတ်ပေးပါတယ်။ ဘာတွေ လိုအပ်သလဲဆိုရင် (ကုန်သည်တွေရဲ့ ဖြတ်သွားဖြတ်လာ ပုံစံကို ကျော်ခဲ့ပါမယ်) အကြမ်းအားဖြင့် စင်္ကာပူနိုင်ငံသား တစ်ဦးဦး ဒါမှ မဟုတ် PR – Permanent Resident တစ်ဦးဦးရဲ့ စင်္ကာပူကို လာရောက်လည်ပတ်ဖို့ ခေါ်တဲ့ ဖိတ်စာ လိုပါတယ်၊ ဒါကလည်း ကိုယ့်အဆက်အသွယ် ရှိရင် ရှိသလို ဘာမှ မခက်ပါဘူး၊ အဆက်အသွယ် မရှိခဲ့ရင်လည်း စင်္ကာပူက သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းရင် Pennisular Palaza ပေါ်က မြန်မာ ကုမ္ပဏီတွေက အကျိုးဆောင်ခ ယူပြီး အစအဆုံး လုပ်ပေးကြပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ မြန်မာပြည်ကနေ ကိုယ့်ရဲ့ လိုင်စင်ဓါတ်ပုံ(နောက်ခံအဖြူရောင်)နဲ့ ဓါတ်ပုံ တစ်ပုံရယ် နိုင်ငံကူးလက်မှတ် Scan ဖတ်ထားတဲ့ ဖိုင်ရယ်ကို ပို့ပေးရုံပါပဲ။ သူတို့ ရဲ့ အကျိုးဆောင်ခက အပြီးအစီး S$ 50 ပဲ ကုန်ကျပါတယ်။ မြန်မာပြည်က စင်္ကာပူသံရုံးကိုတောင် ၀င်စရာမလိုတော့တဲ့ Visa ကို ရန်ကုန်က သူတို့ရဲ့ ရုံးခွဲမှာ သွားယူပြီး လေယာဉ်ကွင်း ဆင်းလာရုံပါပဲ။

အဲလိုမဟုတ်ပဲ ကိုယ့်မိတ်ဆွေဆီကနေ အဆက်အသွယ်နဲ့ ဖိတ်မယ်ဆိုရင်တော့ အင်တာနက်ကနေ ဖိတ်စာပုံစံ ဆွဲချပြီး စင်္ကာပူမှာရှိတယ် ကိုယ်ကို ဖိတ်မယ့်သူက ဖြည့်ပေးရပါမယ်၊ ပြီးရင် အဲဒီဖိတ်စာရယ်၊ ဖိတ်တဲ့သူရဲ့ PR card မိတ္တူရယ်နဲ့ ရန်ကုန်မှာ ရှိတဲ့ စင်္ကာပူ သံရုံးကို ၀င်ရပါတယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ကတော့ Short Visit နဲ့ လာမယ့်သူ ဘယ်သူမဆို ၀ယ်ဖို့ လိုပါတယ်။ အဲဒီ အသွားအပြန် လေယာဉ်လက်မှတ်ပါ ပူးတွဲပြီး သံရုံးကိုဝင်ရင် သံရုံးကနေ Visa ထုတ်ပေးပါတယ်။ စင်္ကာပူသံရုံးဝင်ခက ရန်ကုန်မှာ S$ 20 ဆိုလား အတိအကျ ကျွန်တော် မသိပါဘူး။ Visa မှ လက်ထဲရောက်ပြီဆိုရင် သွားဖို့ တော်တော်ပြီးသွားပါပြီ။

D-Form လို့ခေါ်တဲ့ မြန်မာနိုင်ငံ လ၀က ရဲ့ ပြည်ပထွက်ခွာခွင့် ပုံစံကိုတော့ Online ကတင် အလွယ်တကူ လျှောက်ထားလို့ရပါတယ်။ ကိုယ်တိုင်လုပ်ပါ၊ အချက်အလက်တွေ မှန်တယ်ဆိုရင် တစ်ရက်တောင် အချိန်မကူးပဲ အလွယ်တကူ ထွက်ခွာခွင့်ပြုတဲ့ ပုံစံကို ကိုယ့်ရဲ့ အီးမေးလ်ထဲ ပြန်ရောက်လာပါ လိမ့်မယ်။ အဲ.. D-Form လျှောက်ဖို့ ဘဏ်မှာ ငွေ ၂၀၀ ကျပ် ကြိုသွင်းထားဖို့ လိုပါတယ်၊ ဂရုပြုရမှာက အဲဒီ ဘဏ်က ပြန်ပေးတဲ့ ချလံကို လေယာဉ်ကွင်းမှ ပြဖို့ သိမ်းထားဖို့ရယ်နဲ့ ချလံမှာပါတဲ့ နံပတ်ကို အသေအခြာကူးပြီး D-Form လျောက်ဖို့ပါပဲ။ D-Form လည်းရပြီ၊ လေယာဉ်လက်မှတ်လည်း လက်ထဲရောက်ပြီ၊ Visa လည်း အဆင့်သင့်ဆိုရင်တော့ လေယာဉ်ကွင်းဆင်းပြီး အခန့်သား ထွက်လာရုံပါပဲ။

စင်္ကာပူရဲ့ တစ်ခုတည်းသော ချန်ဂီလေဆိပ်ကို ရောက်ရင် ICA လို့ခေါ်တဲ့ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ပုံမှန်အားဖြင့် တစ်လ သက်တမ်း ထုပေးပါတယ်။ ပညာအပြည့်နဲ့ ရင်ကော့ပြီးလာတဲ့ သူတွေအတွက်တော့ သူတို့က Welcome ပါပဲ။ အဲဒါဆိုရင် စင်္ကာပူရောက်ပြီ၊ ပြီးပြီပေါ့။ သက်တမ်းတစ်လအတွင်းမှာ အလုပ်မရခဲ့ဘူးဆိုရင် Online ကနေ နောက်ထပ် တစ်လ လွယ်လွယ်ကူကူ ထပ်တိုးလို့ရပါတယ်၊ ဘယ်သူမျက်နှာမှ ကြည့်စရာမလိုပါဘူး၊ နှစ်လ ပြည့်တော့မယ်၊ Online ကလည်း သက်တမ်း တစ်ကြိမ်တိုးပြီးပြီ၊ အလုပ်လည်း မရသေးဘူးဆိုရင်တော့ ICA Building ကို လူကိုယ်တိုင်သွားဖို့ လိုပါတယ်၊ ဆက်နေဖို့ လိုအပ်နေလို့ သက်တမ်းတိုးပေးပါဆိုပြီး အကျိုးအကြောင်း ရှင်းပြရင် ပထမအကြိမ် အဖြစ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ နောက်တစ်ခါ ထပ်သွားရင် ဒုတိယအကြိမ် နောက်ထပ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ စုစုပေါင်း ရက် ၉၀ ပေါ့။ တကယ်လို့ ကိုယ့်ဘက်က ပညာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ ပြင်ဆင်လာတယ်ဆိုရင် အလွန်ဆုံး ၂ လအတွင်းမှ အလုပ်ရကြပါပြီ။

မြန်မာပြည်က မထွက်ခင် မမေ့ခဲ့ဖို့က ဘွဲ့လက်မှတ်၊ ကိုယ့်ရဲ့ အခြားတတ်ကျွမ်းတဲ့ အောင်လက်မှတ် မိတ္တူမှန်သမျှ နိုထရီပြန်ခဲ့ဖို့ပါပဲ။ ပြည်ပကပေးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ လက်မှတ်တွေကိုတော့ နိုထရီ ပြန်စရာ မလိုပါဘူး။ အရေးကြီးတာက ဘွဲ့ရမဟုတ်ရင် SPass လျှောက်လို့ မလွယ်ပါဘူး။

စင်္ကာပူရဲ့ ရာသီ ဥတုအခြေအနေက ၂ မျိုးပဲ ရှိပါတယ်။ နေပူနေတာ နဲ့ မိုးရွာနေတာ ပါ။ ဆောင်းတွင်း လုံးဝ မရှိပါဘုး။ နေပူရင် ရန်ကုန်ထက်ပူပြီး မိုး သည်းရင်လည်း အရမ်း သည်းပါတယ်။ ဒါပေမဲ့ မိုးရွာနေတုန်း အပြင်ထွက်ရင်တောင် မိုး ရေမထိပဲနဲ့ လိုရာ ခရီးရောက်သည် အထိ သွားနိုင်ပါတယ်။ အ၀တ်အစားအနေနဲ့ ပေါ့ပါးပြီး အေးသော ချည်သားမျိုး သယ်ဆောင်လာရင် အဆင်ပြေပါတယ်။ အနွေးထည်၊ လက်ရှည် စတာတွေကိုတော့ ၁ ထည်ဆိုရင် ရပါပြီ။ ကိုယ်သုံးနေကျ အသုံးအဆောင်မှန်သမျှ သယ်ဆောင်လာတာ ကောင်းပါတယ်။

ကျောင်းလာတက်မယ် ဆိုရင်တော့....။ အများကြီး ပြင်ဆင်ပြီး စိတ်ဓာတ်ခိုင်ခိုင်ထားပြီး မှ လာတာကောင်းပါတယ်။ မြင်မြင်သမျှ ပျော်ရွင်စရာများနှင့် အေးချမ်းသော်လည်း အရမ်း အထီးကျန်ဆန်ပါတယ်။ ကျောင်း တဖက်၊ အလုပ်တဖက်ဖြင့် ကြာလာသောအခါ မိမိ ဘ၀ကို ငြီးငွေ့ စိတ်ကုန်လာတတ်ပါတယ်။ ကန်စွန်းရွက် တစီးလျှင် မြန်မာငွေ ၉၀၀ ကျပ်ကျော် ပေးရသောကြောင့် ကျောင်းသား တယောက်အတွက် နေစရိတ်၊ စားစရိတ် အလွန်ကြီးပါတယ်။

သို့သော် အချိန်ပိုင်း အလုပ်လုပ်လျှင် ရသောငွေမှာ ၁ နာရီ လုပ်လျှင် မြန်မာကျပ် ၃၆၀၀ မှ ၄၅၀၀ ထိ ရနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်ဖြစ်သောကြောင့် လခပုံမှန်မရနိုင်ပါ။ မိဘအရိပ်တွင် အေးချမ်းစွာ နေခဲ့သမျှ သူများလက်အောက်တွင် အလုပ်လုပ်သောအခါမှ ဘ၀ ကို စတင်ရင်ဆိုင်ရသောအခါ အလွန် ဒုက္ခရောက်ပါတယ်။

အိုင်တီမောင်မောင်

Tags: စင်္ကာပူလာမည့်သူများအတွက်

Views: 3269

Reply to This

Replies to This Discussion

ခင်ဗျားရေးထားတဲ့Postနဲ့ပတ်သတ်ပြီးပြောစရာရှိပါတယ်။အချို့သောသူများကိုမဆိုလိုပါ။ကျနော်ဟာပညာတခုတဲသင်ဘို့
ရောက်လာတာပါ။Private Schoolကိုရွေးချယ်ခဲ့တဲ့အတွက်နောင်တလဲမရပါဘူး။Part-time မလုပ်ရလဲဘာမှမဖြစ်ဘာဘူး
စိတ်လဲဝင်စားပါဘူး။မိဘပေးတဲ့ပိုက်ဆံနဲ့လောက်ငအောင်သုံးပြီးပညာသင်နေတာပါ။ကျနော်တို့ကျောင်းမှာဒီလိုလူမျိုးတွေအများ
ကြီးရှိပါတယ်။Singapore Governmentရဲ့Scholarshipနဲ့တက်နေသူများလဲရှိပါတယ်ခင်ဗျာကဒီလိုလူတွေကိုပါဝါးလုံးချီးသုတ် ပြီးရမ်းနေတာဘာအဓိပယ်ပါလဲ။ကျနော်ကျောင်းကUniversity of Newcastleပါ။PSB Academyမှာရှိပါတယ်။ကျနောကBachelor of IT ကိုတက်နေပါတယ်။ခင်ဗျားGoogleထဲသွားပြီးWorld Rank Universityကိုလေ့လာကြည့်ပါ။ကျနော်တို့ ကျောင်းဟာအဆင့် ၄၀၀ကနေ၅၀၀အတွင်းရှိပါတယ်။Singaporeရဲ့အဆင့်မြင့်တဲ့SMUဟာအဆင့်၁၀၀၀အတွင်းမှာတောင်မရှိပါဘူး။SIMရဲ့University of Londonဟာအဆင့်1800+မှာရှိပါတယ်။နောက်ပြီးကျနော်Private Schoolကိုတက်တာအရည်အချင်းမမှီလို့မဟုတ်ပါဘူး။ ၁၀တန်းကို၎ဘာသာဂုံထူးနဲ့အောင်ခဲ့ပါတယ်။Poly entranceလဲအောင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့တုန်းကကျနော်ဆေးကျောင်း ကိုရွေးချယ်ခဲ့တယ်။၂နှစ်တက်ပြီးထွက်ပြီးမှာလာတက်တာပါ။ကျနော်တို့ကျောင်းမှာလဲLocalStudentတွေအများကြီးရှိပါတယ်။ သူတို့ဟာလDegreeဲကိုတက်ချင်လို့Polyကိုမရွေးပဲမှာတက်နေကျတာပါ။ခင်ဗျားကစပြီးပုဂ္ဂိုလ်ရေးထိခိုက်တဲ့အကြောင်းပြောလာ
တော့ကျနော်လဲပြောပါမယ်။ခင်ဗျားသိပ်တော်နေတက်နေလို့ပါလားခင်ဗျာ။Singaporeဟာခင်ဗျားရဲ့NativeCountryမို့လို့အကုန်
သိနေလို့ဒီစကားကိုပြောတာလား။ခင်ဗျားဟာကျောင်းပေါင်းစုံကိုAnalyzeလုပ်နေတဲ့Consultantမို့လို့လား။မြန်မလူမျိုးများဟာ
ခင်ဗျားကဲ့သို့လူမျိုးအချင်းချင်းနိမ့်ချတတ်သောလူများရှိနေချင်းကြောင့်ခေတ်နောက်ကျနေရချင်းဖြစ်ပါတယ်။
အခုလို ၀င်ရောက်ဆွေးနွေးတာကို ကျေးဇူးအများကြီးတင်ပါတယ် Tarzan ရေ ... ။ တကယ်တော့ ဒီ Post က ကျွန်တော်ကိုယ်တိုင် ရေးထားတာမဟုတ်ပါဘူး။ Forward Mail က ရလို့ ကျန်တဲ့သူတွေကို မျှဝေပြီး ကိုယ့်အမြင် သူ့အမြင်ဖလှယ်ချင်ရုံ သက်သက်ပါ။ ရေးတဲ့သူကလည်း သူ့တစ်ယောက်တည်းအမြင်နဲ့ ရေးထားတာဖြစ်တဲ့အတွက် အကုန်လုံးမှန်နိုင်မှာမဟုတ်ပါဘူး။ အဲဒီတော့ ကျန်တဲ့သူတွေလည်း ဘယ်သူမဆို ကိုယ့်ရဲ့အမြင်ကို လွတ်လွတ်လပ်လပ် ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်။
ကျနော်ပြောလိုက်တဲ့စကားထဲမှာရိုင်းတာပါရင်sorryလို့ပြောချင်ပါတယ်။ဒီblogပါအတွေး
တွေကိုလက်ကိုင်ထားသူဟာအင်မတန်မှအမြင်ကျဉ်းသူဖြစ်ပါတယ်။ဒီblogကိုရေးတဲ့သူက
ကျနော်သိပါတယ်။အဲ့သူကSingaporeကိုမနေ့တစ်နေ့ရောက်လာပြီးငါကနိုင်ငံကြီးက
လာတာမြန်မာနိုင်ငံသားတစ်ရောက်အနေနဲ့နိုင်ငံတကာအတွေ့အကြုံလို
ချင်လို့လာတာဆိုပြီးတို့တွေ့သမြလူတွေကိုအရူးလိုလိုက်ပြီးပြောနေတဲ့သူပါခင်ဗျာ။
အဲ့လူနဲ့ကျနော်သိပါတယ်။အဲ့လူကမြန်မာလူမျိုးအချင်းချင်းအမြီးကျက်အမြီးစားခေါင်း
ကျက်ခေါင်းစားလုပ်တဲ့သူပါ။သူ့အကြောင်းကိုblogများမှာဖတ်ခဲ့ရဖူးပါတယ်။ကျနော်
friendတစ်ရောက်လဲသူနဲ့တစ်အိမ်ထဲအတူနေခဲ့ဖူးပါတယ်။နစ်လနဲ့သူ့အကြောင်းသိ
ိပြီးပြောင်းခဲ့ရပါတယ်။Gtalkမှာmailတွေအများကြီးကိုပို့မယ်ဆိုရင်Groupတစ်ခုဖွဲ့ပြီးပို့
ချင်တဲ့Friendsတွေကိုအဲ့ထဲထဲ့ပြီးတော့အဲ့Groupကိုပို့တာနဲ့အဲ့မှာရှိတဲ့လူတွေတစ်ရောက်ချင်း
စီကိုရောက်သွားတယ်စိုတာခင်ဗျားလဲသိမှာပါ။ဒါကိုအဲ့လူကဘာမဆိုင်ညာမဆိုင်Gtalk Bomberဆိုတဲ့မသမာတဲ့Softwareကိုထုတ်ပြီးအဲ့လူကGoogleCompanyကြီးနဲ့ပဲ
သိသလိုလိုProgrammingကိုပဲခက်ခက်ခဲခဲနဲ့ရေးခဲ့ရသလိုတွေပြောပြီးမသိနားမလည်
တဲ့သူတွေဆီကGtalk Passward ခိုးဖို့ချောင်းနေပါတယ်။
http://problemclean.ning
thank you very much
tarzan သူငယ်ချင်း မင်းဝင်ဆွေးနွေးတာမှားနေတယ်.....မင်းကကိုယ်ပိုက်ဆံနဲ့ကိုယ်တတ်တယ်...မိဘပိုက်ဆံလောက်အောင်သုံးတယ်ဆိုတော့ မင်းကိုမင်းကြွားနေသလို မဖြစ်ဘူးလားသူငယ်ချင်း.....ငါက ဘာမှတော့ မဟုတ်ပါဘူး....မြင်တာလေးပြောတာပါ....ပျော်ရွှင်ပါစေသူငယ်ချင်း.....
ဘာပြောပြောဒီလို post ကိုရေးပေးတာကျေးဇူးအထူးတင်ပါတယ်။မှန်တာပါရင်လည်းပါမယ်။မှာတာပါရင်လည်းပါမယ်။ဖြစ်နိုင်မဖြစ်နှိင်ဝေဖန်သုံးသပ်ရမှာကိုယ့်အလုပ်လေ
I'm totally agree with Tarzan. One should have a strong stance if one wants to talk like a master in that field. It is true that many Burmese students got difficulties because they trusted agents and private schools. But that doesn't mean every private schools are junks. In United States, most of the best schools are private schools, Including Princeton. Public schools are mainly for majorities who can't afford expensive private schools.

For Latyonemin I don't think Tarzan is trying to flirt himself by showing how much his parents can afford. He's just simply describing his current life. Why would we think only working and studying people are good people? Yes I studied and work at the same time like a slave, and I didn't want that life. It's not good for any students. If possible, students should only study. And for your knowledge, it's much more difficult to get scholarship from private schools than public schools, and also you can get government grant from public school. So I would be proud if I can get a scholarship from a private school and finish from it.

If private schools are not qualified, why would Singapore government let them stay in Singapore? Isn't it SG government is very careful with the quality of education and knowledge in their city state?

So, what I wanna tell you guys is think rationally, research and rethink before you put some statements. I talk alot, I write alot, but I always do research before I talk or write. I never talk anything I can't back up strongly. And also I never discuss about something I don't know clearly. That's how I want all my countrymen to be conduct with each other or with other nationals. What if some foreigners who can read Burmese watched this page? How shameful it is. In or out of the country, think yourself as among in the global community. Watch what people from other countries are doing. Don't only chat play games while you're on the net. Surf and read what's the world is up to. You've wasted your very good 11 years in crap education. Don't say I was also wasted, I never care what they taught me in high school. I've learned subjects I interested myself and from other people. Yes, I'm never learn chemistry, I never knew biology, and I'm suck with trigonometry. But I'm an expert historian, especially war history. I'm a very good mathematician and physicist. I learned and excel in literature both Burmese and English. I know nearly all the places of the world. Do you know where is Constantinople? Ofcoz you can google it. But what if someone tells you that on the street? You don't know it's Istanbul today, right? You won't find it on the map. That's the different between how foreigners look at me and you. If you want respect, be respectable. You don't need to know everything, but you talk only what you exactly know.

I always have to argue with one of my best friends about acquiring knowledge. He always argue that people don't need to learn history. Then he said ground soldiers shot down US fighters in Vietnam War. Hey, they started to use jet fighters in Nam war. How can a VC shot it down with a rifle? I told him shooting down a plane with a rifle is only possible till World War 2. You know what he said? He said he thought Vietnam War was happened during World War 2. Damn! Where did he learn history? And he still think he doesn't need to learn history? He's a very good designer and video editor. He's trying to apply some jobs in Singapore. What if some client wants him to make a design about Nam war? What if he will put World War 2 pictures and themes in that design? What a shameful thing will occur?

So, know what you're saying exactly. Don't talk like Mandalay Thars, sorry if there's any mdy thar but it's the truth, mdy thars speak only to win, never base on knowledge or truth. I love truth and I always say what I strongly believe as the truth. So everyone who met me respect and admire me, even those ministers of other countries. That's the reason I have never been arrested in Burma after all I said opposed the Government's works... Coz my words are true but never offend them blindly and when I point out a fault I always put a solution with it. That's how you win people's heart and respect.
Thanks bro..!

And everyone.. I don't wanna fight with anyone.. but that doesn't mean any insults will go without a battle.. so pls just don't stir up my anger...

If you think I'm wrong with something.. please point it out.. you don't need to be polite with me but you need to be like a gentleman with me... speak professionally like adults. If I really wrong, I'll apologize.. but don't think I shall give up easily without a good debate... But I always apologize for what I really wrong..

I'm a human so I can be wrong, I never think like I never wrong... So please do point me anything I've done wrong so that I can be a better person and a better friend to you.. thanks
I want to thank everybody discuss about this subject. After read this discussion , I have got a lot of knowledge from both sides. Thanks again.
Thank evebody for discussion, i got a lot off knowledge from this post, i want to more than, so thank more discussion for myanmar young boy&girl.

FreeMan said:
I want to thank everybody discuss about this subject. After read this discussion , I have got a lot of knowledge from both sides. Thanks again.
အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5 ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆ နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊ တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။

ဒါမြန်မာတွေကိုတင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက ကျောင်းသားတွေကို စော်ကားထားတဲ့ စာကြောင်းတွေ....။ နိုင်ငံတိုင်းမှာ ကျောင်းသားတိုင်းက အချိန်ပိုင်းအလုပ်လုပ်ပြီး ကျောင်းတက်ရတာကို ဘာအလုပ်ဖြစ်ဖြစ် ဂုဏ်ယူကြတယ်။ ကိုယ်သုံးချင်တာကို ကိုယ်ရှာနိုင်လို့။ တစ်နာရီ ၅ကျပ်ဆိုတာကလည်း လူတိုင်းမှ မဟုတ်တာ။ အစိုးရကျောင်းတက်တဲ့သူတွေ စားပွဲထိုးလုပ်ရင်တောင် တစ်နာရီခုနစ်ကျပ်ကတော့ မျက်လုံးမှိတ်ပြီးရတယ်။ ဒါတောင် တချို့ အချိန်ပိုင်းစာလိုက်သင်ပေးတဲ့သူတွေဆို နာရီနဲ့တွက်လိုက်ရင် တစ်နာရီ ၁၅ကျပ်လောက်ရတာရှိတာပဲ။

ဒီစာကြောင်းတွေရဲ့ အဓိပ္ပာယ်က ကိုယ့်တက်လမ်းကိုယ်ရှာချင်တဲ့၊ စလုံးမရောက်ဖူးသေးတဲ့ မြန်မာလူငယ်တွေကို ခြောက်လှန့်လိုက်တာနဲ့ဘာမှမထူးဘူး။
သိပ်မှန်တာပေါ့ mydaydream... အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာ ဘယ်တော့မှ နားလည်လာကြမလဲလေ

RSS

Info


Smart Phone ၊ Tablet နှင့် Computer များတွင်
Myanmar in Singapore မှ အကြောင်းအရာများအား
Myanmar font ထည့်သွင်း
ထားစရာမလိုဘဲ ဖတ်ရှုနိုင်ပါတယ်။

Smart Phone တွင် ၀င်ကြည့်၍
Mobile View ဖြစ်နေပါက
Myanmar in Singapore
title ၏ ညာဘက်ဘေးရှိ
option button ကိုနှိပ်ပြီး
Desktop View ကိုနှိပ်လျှင်
မြန်မာလိုမြင်ရပါမည်။

Click for more information !




Latest Blog Posts

© 2013   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service