Please, forward this and invite Myanmar in Singapore.
ဒီခေါင်းစဉ်ရဲ့ ရည်ရွယ်ချက်ကို အပေါင်းဘက်က တွေးစေလိုပါတယ်။
စင်္ကာပူမှာလည်း ဆိုးရွားတဲ့အဖြစ်တွေရှိနေပါလား၊ အဲလိုဒုက္ခတွေ၊ အဲလိုဘ၀မျိုးတွေ၊ အဲလိုအဖြစ်ဆိုးမျိုးတွေကို လက်တွေ့ကျကျ အတင်းအဖျင်းလုပ်ပြီ ဖော်ပြဆွေးနွေးကြမယ်ဆိုရင် ဘာတွေအကျိုးရစေမလဲ။
ဖော်ပြဆွေးနွေးကြမယ့် အကြောင်းအရာတွေအပေါ်မူတည်ပြီ စာဖတ်သူများ အကျိုးရှိစေမှာပါ........
Tags:
Permalink Reply by Mr. Moon on April 5, 2011 at 11:29pm Reply by yon ko san on March 20, 2011 at 4:58pm
ယွန်းရဲ့အတွေ့အကြုံအရ အခုတလောမှာ စင်ကာပူကို အလုပ်လာရှာမဲ့သူများ အထူးစဉ်းစားပါလို့အကြံပေးချင်ပါတယ်။ အလုပ်ရဖို့ဆိုတာ ကံအပေါ်အများကြီးမူတည်ပေမဲ့လတ်တလောဖြစ်နေတဲ့ ကိစ္စတွေအပေါ်မှာလဲ အများကြီးမူတည်ပါတယ်။ ယွန်းက စင်ကာပူကို account, admin အလုပ်လာရှာတာပါ။ တရုတ်စာကို ကျွမ်းကျင်မှသာ account, admin ဘက်မှာအဆင်ပြေမှာပါ။ English တစ်ခုတည်းနဲ့မရပါဘူး။ နောက်ပြီ LCCI Level 3 ပြီးရုံနဲ့လဲမလုံလောက်ပါဘူး။ ဒီမှာက ACCA ပြီးပြီးသားမှ Professional အဆင့်သတ်မှတ်တာပါ။ ကိုယ်က LCCI Level 3 ပြီးရုံနဲ့ ဘာသာစကားလဲ မကျွမ်းကျင်၊ လုပ်ငန်းအတွေ့အကြုံလဲမရှိဆိုရင်တော့ အလုပ်မရဘဲ ပြန်ကြရတာများပါတယ်။ ဒီတော့ account, admin လိုင်းကို ၀င်ချင်ကြသူများ ကိုယ့်အမိနိုင်ငံမှာ တရုတ်စာကို ကျွမ်းကျင်အောင်သင်ပြီးမှသာလာကြပါလို့ အကြံပေးချင်ပါတယ်။ တရုတ်စာမကျွမ်းဘူးဆိုရင်တော့ အလုပ်ရှာရတာ တအားခက်တယ်ဆိုတာ ယွန်း ကိုယ်တွေ့ပါဘဲ ။ ယွန်းလဲ တရုတ်စာတတ်မှလာမယ်လို့စိတ်ကူးပေမဲ့ သူငယ်ချင်းတွေက တရုတ်စာက မလိုပါဘူး။ Eng ကောင်းရင်ရတယ်၊ လာခဲ့ဆိုလို့ လာခဲ့မိတာပါ။ တကယ်တမ်းကြတော့ ဒီလိုင်းမှာ တရုတ်စာမတတ်လို့မရပါဘူး။ တရုတ်လိုပြောတဲ့ ၀န်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မပြောမဖြစ်ကို ပြောရတာပါ။ Engတစ်မျိုးတည်းသုံးတဲ့ MNCs တွေမှာ စင်ကာပူကိုရောက်ခါစ ဗမာတွေတိုးလို့မရပါဘူး။ ဒါက ကံကို အားကိုးလို့မရတဲ့ တကယ့်အဖြစ်မှန်ပါ။ ဒါကြောင့် စေတနာ အစစ်အမှန်နဲ့ အကြံပေးပါရစေ။ စင်ကာပူကိုမလာခင် တရုတ်စာကို တတ်ကျွမ်းအောင်သင်ခဲ့ကြပါ။ IT သမားတွေအတွက် တရုတ်စာက essential မဟုတ်ပေမဲ့ admin/account သမားတွေအတွက်က essential ပါ။ ကိုယ်က PR ဆိုရင်ပြသနာမဟုတ်ပေမဲ့ Foreigner အနေနဲ့လျှောက်ရမဲ့သူတွေကတော့ ကိုယ့်ဘက်က မပြည်စုံရင် အလုပ်ရဖို့ သိပ်ခက်ပါတယ်။ နောက်ပြီး ယွန်းအခု လျှောက်သမျှ၊ အင်တာဗျူးသမျှ company တွေဟာ သူတို့အစိုးရရဲ့ ရွေးကောက်ပွဲကို စောင့်နေကြပါတယ်။ သူတို့မှာ Quota မရှိသေးပါဘူးလို့ ညီတူညာတူပြောနေကြပါတယ်။ ယွန်းလဲ နီးစပ်ရာ စင်ကာပူ အသိုင်းအ၀ိုင်းကိုမေးတဲ့အခါ ဒါက တကယ့်အဖြစ်မှန်ပါ။ သူတို့အစိုးရလဲ foreigner worker ခန့်တာကိုဦးစားပေးမိရင် သူတို့ကို ပြည်သူလူထုက မထောက်ခံမှာစိုးလို့ Quota တွေချမပေးတာတဲ့။ ဒီတော့ အခုအချိန်မှာ ကိုယ့်အရည်အချင်းက မရှိမဖြစ်အဆင့်မဟုတ်ဘူး၊ သူများနဲ့တန်းတူ သာမန်အဆင့်သာဆိုရင်တော့ မလာပါသေးနဲ့ဦး။ ပြန်ရတဲ့သူတွေများနေလို့ စေတနာထား တားတာပါနော်။ ဒါမှမဟုတ်ဘဲ...ပြန်ရလဲ ဘာမှမဖြစ်ဘူးဆိုရင်တော့ သဘောပါ။ သို့သော်လဲ ကံကိုယုံပြီး ဆူးပုံတော့ မနင်းစေချင်လို့ပါ။ ကောင်းတာကတော့ မေလကျော်မှ Foreign worker တွေအခြေအနေပြန်ကောင်းမယ် ထင်ပါတယ်။
ယွန်းပြောသွားတာ မှန်ပါတယ် ဒါပေမယ့် နည်းနည်းဖြည့်စွက်ပါရစေ။ တရုတ်စကားက အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် လစာက ပိုအရေးကြီးတာပါ။ အလုပ်ရှင်တွေက တရုတ်စကားမတတ်လို့ မခန့်တာမဟုတ်ပါဘူး လစာများလို့မခန့်တာပါ။ Admin အလုပ်မှာ မလေးက တရုတ်မတွေ၊ ပြည်မကြီးက တရုတ်မလေးတွေကို ၁၂၀၀ ထက်ပိုမပေးကြပါဘူး။ Account လိုင်းမှာဆိုရင်လည်း အဲလောက်ပဲပေးလေ့ရှိတော့ S pass အနေနဲ့ခေါ်ဖို့ အခက်အခဲရှိပါတယ်။ အောက်ဈေးနဲ့ညှိဖို့ကလည်း ဘာမှမသိသေးတဲ့သူကို သွားညှိရင် ပြဿနာဖြစ်မှာစိုးရိမ်တယ်လေ။ အေးဂျင့်တွေနဲ့ ညှိပေးတဲ့ဟာတွေကတော့ အလုပ်ရကြတာ ကြားတာပဲ။ တရုတ်စကားကောင်းကောင်းပြောနိုင်တဲ့သူတွေလည်း ပြန်ကြရတာပဲ။ တရုတ်စကားသင်ဖို့ဆိုတာ လပိုင်းနဲ့ မလုံလောက်ပါဘူး အနည်းဆုံး လေးနှစ် ငါးနှစ်သင်ထားတာတောင် Native Speaker တွေနဲ့ ပြောလို့အဆင်မပြေတာတွေ အများကြီးပဲ။ တရုတ်စာမှာ အနည်းဆုံး ကိုးတန်း ဆယ်တန်းလောက် သင်ထားနိုင်မှ တော်ရာကျတာ။ ဒါတောင် အဆင်မပြေတာတွေရှိသေးတယ်။ အင်္ဂလိပ်ကောင်းကောင်းပြောနိုင် ရေးနိုင်ရင်တော့ မဆိုးပါဘူး။ တချို့တွေ အလုပ်လာရှာတာတွေ့ဖူးတယ် အင်္ဂလိပ်ကျွမ်းကျင်တတ်ထားတဲ့ပုံမျိုးနဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးပြီ အလွတ်ကျက်ပြောနေသလိုမျိုး ကရားရေလွှတ် ပြောကြတော့ အင်တာဗျူးသူက ဘယ်နားလည်ပါ့မလဲ။ အသံဝဲနေတာရယ် အသုံးအနှုန်းတွေ ကွာတာရယ်ကြောင့် အခက်အခဲရှိကြတယ်။ တချို့ဆိုရင် Yes No ကလွဲလို့ ပြန်မပြောတတ်တဲ့သူတွေတောင် ရှိသေး။ ဘယ်လိုစိတ်ကူးနဲ့ အလုပ်လာရှာလဲတော့မပြောတတ်ဘူး။ အဲလောက်လွယ်နေရင် စင်္ကာပူကျွန်းက မြန်မာလူဦးရေနဲ့ ပင်လယ်ရေအောက် ရောက်နေလောက်ပြီ။ တစ်နိုင်ငံလုံးပြောင်းလာကြမယ်ထင်ပါရဲ့။ PR မြန်မာမိန်းကလေးတွေတောင် Admin အလုပ်တွေမှာ ၁၂၀၀ ၁၅၀၀ လောက်ပဲရကြတော့ ဘယ်လိုလုပ်ပြီ အသစ်လာရှာတဲ့ S pass တင်ပေးရမယ့်သူကို ဘယ်လိုခန့်မလဲ။ အိုင်တီအလုပ်၊ အင်ဂျင်နီယာအလုပ်တွေက လစာများများပေးနိုင်တော့ ပြဿနာသိပ်မရှိဘူး။ Admin တို့၊ Account တို့က သူ့နိုင်ငံသူတွေ မလေးသူတွေနဲ့ နေရာလွတ်ဖို့ မလွယ်ဘူး။ လွတ်နေရင်လည်း Secondary အဆင့်တို့၊ GCE O Level အဆင့်အထိ ပညာရေးကို လျော့ပေါ့ပြီ ခန့်လေ့ရှိတော့ ခက်နေတာပေါ့။ သူတို့ဖြစ်ချင်တာက ဘာသာစကားကောင်းကောင်းပြောတတ်ပြီ လစာနည်းနည်းပေးရတဲ့သူကိုပဲ ရွေးခန့်မှာပေါ့။ ရွေးကောက်ပွဲကိစ္စကလည်း ကောလဟာသပါ။ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ကို တခြားပယောဂတွေ ၀င်ရောလို့မရပါဘူး။ မြန်မာနိုင်ငံလိုမဟုတ်တာတော့ သေချာပါတယ်။ အခုအချိန်မှာ ကျွမ်းကျင်လုပ်သားအတွက် S pass ပေးတဲ့စနစ်ရဲ့ အဆင့်တွေကို မြှင့်တင်လိုက်ပါပြီ။ လက်ရှိလုပ်နေတဲ့သူတွေတောင် သက်တမ်းကုန်လို့ ထက်တိုးရင်တောင် Reject ဖြစ်ကြတာတွေ့နေရတာပါ။ အသစ်လျှောက်တဲ့သူတွေအတွက်တော့ မစဉ်းစား မမျှော်လင့်ရဲအောင်ဖြစ်နေရတာပါ။ လာမယ့် ဇူလိုင်လောက်ဆိုရင် ပိုဆိုးလာလိမ့်မယ်။ ကျွမ်းကျင်လုပ်သားတစ်ယောက်ရဲ့လိုအပ်ချက် ပညာအရည်အချင်း၊ အတွေ့အကြုံတွေကို မြှင့်တင်စဉ်းစားမယ်သာမက လစာကိုပါ ၂၀၀၀ အနည်းဆုံးပေးနိုင်မှ S pass လျှောက်ခွင့်ပြုတော့မယ်တဲ့ဗျာ။ အောက်ဈေးလိုင်းတွေ အားကောင်းလာမယ့် သဘောပဲ။ အေးဂျင့်တွေ အရေးပါလာမယ်ပေါ့ဗျာ။ ရွေးကောက်ပွဲပြီရင် စည်းမျဉ်းတွေ လျော့ပေါ့ပေးလို့ ကောင်းလာနိုင်သလို၊ မျိုးချစ်ပုဂ္ဂိုလ်တွေ အာဏာရသွားရင်တော့ ပိုဆိုးသွားနိုင်ပါတယ်။ နိုင်ငံမတိုးတက်ရင်နေပါစေ သူ့နိုင်ငံသားတွေ ထမင်းမငတ်ဖို့ စဉ်းစားပေးကြမှာပဲ ဒါသဘာဝပဲလေ။ ကံကိုယုံပြီ ဆူးပုံပဲနင်းနင်း -ျီးပုံပဲနင်းနင်း ကိုယ်မခံရဖို့အရေးကြီးတာပေါ့။ တချို့တွေဆိုရင် ချစ်သူတွေက မြှောက်ပေးလို့ ဟုတ်လှပြီဆိုပြီ လာကြတယ် ပြန်ရတော့ အစစ်ပါထည့်ပေးလိုက်တယ်ဆိုတော့ စဉ်းစားကြည့်ရင် မရှုံးဘူးလို့ ထင်ချင်ထင်နေကြမှာလေ။ ဒါကြောင့် မပြောလိုပါ ပြောလိုပါ (ပြောတာများသွားလို့) မပြောလိုပါ။
အပေါ်က Discussion ထဲမှာ နည်းနည်းကျန်နေသေးတဲ့ အကြောင်းတွေ ရှိသေးတယ်။ အိုင်တီအလုပ်၊ အင်ဂျင်နီယာအလုပ်တွေက လစာများများပေးနိုင်တော့ ပြဿနာသိပ်မရှိဘူး။ ဆိုပြီ ပြောထားခဲ့မိလို့ ငါကတော့ အိုင်တီသမားပဲ ငါကတော့ အင်ဂျင်နီယာပဲဆိုပြီ အလုပ်ရဖို့ အလွယ်လေးပါလို့ ထင်သွားကြမှာ စိုးလို့ပါ။ ပြောချင်တာက ပြဿနာ သိပ်မရှိဘူးလို့ဆိုထားတာပါ ပြဿနာနည်းနည်းပါးပါးတော့ ရှိကြပါတယ်။ လုပ်ငန်းရှင်တွေက လစာများများပေးနိုင်ကြပေမယ့် ဈေးပေါပေါနဲ့ လာစပ်ရင် လက်ခံတတ်ကြတာ လူ့သဘာဝပါ။ တချို့အေးဂျင့်တွေက အဲဒီဈေးကွက်တွေကို အောက်ဈေးနဲ့ သွင်းနေကြတော့ အသစ်ရောက်လာတဲ့ အိုင်တီတွေ အင်ဂျင်နီယာတွေလည်း မလွယ်ကြတော့ဘူး။ ဈေးပျက်နေပြီပေါ့ဗျာ။ အစစအရာရာဈေးတက်၊ ကုန်ဈေးနှုန်းတွေဈေးတက်နဲ့ လစာကျတော့ ဈေးကျနေတော့ ပိုကျပ်လာပြီပေါ့။ အိပ်ခန်းငှားခတွေ၊ စားစရိတ်၊ လမ်းစရိတ်၊ ပြည်တွင်းဖုန်းခ၊ ပြည်ပဖုန်းခ၊ မြန်မာဝင်ငွေခွန်၊ စင်္ကာပူဝင်ငွေခွန်တွေ၊ ဒီကြားထဲ မြန်မာငွေလှဲလှယ်ဈေးနှုန်းက ကျဆင်းနေပြန်တော့ ဘယ်လောက်ကျန်မလဲဆိုတာ တွက်ကြည့်ပေတော့။ တချို့အင်ဂျင်နီဘွဲ့ရ လုပ်ငန်းအတွေ့အကြုံလည်းအတင့်သင့်ရှိတယ် လစာ ၁၀၀၀ ပတ်ဝန်းကျင်လောက်နဲ့ လုပ်နေတာတွေ တွေ့တွေ့နေတော့ နှမျောမိတာ အမှန်ပဲ။ အပေါ်ကစာရိတ်တွေက တစ်လကို ပျှမ်းမျှ ၇၀၀ နဲ့ ၈၀၀ လောက်ကုန်မှာပဲ။ ချွေတာသုံးအုံး တစ်လကို ၆၀၀ အောက်တော့ မလျော့နိုင်ဘူး။ တစ်လ ၅၀၀ (မြန်မာငွေ ၃ သိန်းကျော်ကျော်) လောက်ကျန်ရုံနဲ့ သိန်းပေါင်းများစွာ ရင်းနှီးပြီ အစားဆင်းရဲ အနေဆင်းရဲ ဒုက္ခပေါင်းစုံ လာခံနေနေရတာ မြင်တော့ စိတ်မကောင်းပါဘူး။ ပညာတွေ သင်ထားပါလျက်နဲ့ ဘာကြောင့် ဒီလို ဒုက္ခတွေ ရင်ဆိုင်နေရတာလဲဆိုတာ စဉ်းစားစရာဖြစ်လာတာပေါ့။ မြန်မာပြည်မှာ လုပ်ရင်တောင် နယ်ထွက်နိုင်ရင် နယ်ဘက်က စီမံကိန်းတွေမှာ စားစရိတ် နေစရိတ်ငြိမ်း တစ်သိန်းခွဲလောက်တော့ ရနိုင်ပါသေးတယ်။ ဒီကိုလာဖို့ရင်းလိုက်ရမယ့် ငွေလေးတွေကိုပါယူသွားပြီ ပတ်ဝန်းကျင်က လူတွေကို အတိုးချစားရင်တော့ နောက်ထပ် ၂ သိန်းလောက် ထပ်ရလိုက်အုံးမယ်။ ဒါမှမဟုတ် ပညာနဲ့မလုပ်စားဘဲ အဲဒီငွေတွေကို ရင်းနှီးပြီ ကုန်သယ်ပဲ လုပ်ပါအုံး တစ်လကို ၃ သိန်းလောက်တော့ အသာလေး ကျန်ပါတယ်။ ကျွန်တော်ဆိုရင် ကျောင်းပြီခါစက စီးပွားရေးလုပ်ဖို့ အခွင့်အရေးတွေရှိခဲ့ပါတယ် ဒါပေမယ့် နှစ်ပေါင်းများစွာ ရင်းနှီးသင်ကြားခဲ့ရတဲ့ ပညာကို နှမျောပြီ မလုပ်ဖြစ်ခဲ့ဘူး။ အခုအချိန်ကျမှာ စီးပွားရေးပဲ လုပ်ချင်တော့လည်း ဘာမှမတက်နိုင်တော့ဘူး စပြီလျှောက်ခဲ့တဲ့လမ်းက လွဲနေပြီကိုး။ လုပ်ငန်းရှင်ဘ၀နဲ့ အလုပ်သမားဘ၀ တိုးတက်ပုံ တော်တော်ကွာတယ်။ လုပ်ငန်းသေးသေးလေးရဲ့ ပိုင်ရှင်ဖြစ်နေပါစေ လစာများများရနေတဲ့ အလုပ်သမားထက်တော့ သာစမြဲပါ။ ဒါကြောင့်မို့ လမ်းဘေးဈေးသယ်တွေက အရာရှိတွေထက် စားဝတ်နေရေး ပြေလည်နေကြတာပေါ့။
နောက်တစ်ချက်က ဒီအတိုင်းစင်္ကာပူမှာ အလုပ်မရနိုင်ဘူးဆိုရင် ကျောင်းတက်ပြီ ကျောင်းပြီးရင် အလုပ်ရမှာ သေချာပါတယ်ဆိုပြီ ကျောင်းလာတက်ကြတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး။ အစိုးရကျောင်းပြီထားတဲ့သူတွေတောင် အလုပ်မရဘဲ ပြန်သွားရတာတွေရှိသလို အလုပ်ရပါလျက်နဲ့ PR မပြောနဲ့ S pass လေးကိုင်ခွင့်မရဘဲ ပြန်သွားရရှာတဲ့ သူတွေတောင်ရှိနေပြီ ဆိုတော့ စဉ်းစားသာကြည့်ပေတော့။ ကျောင်းသားဘ၀ဟာ မိုးမမြင်လေမမြင် ယုံကြည်မှုအပြည့်ရှိတဲ့ အချိန်အခါလေးပါ။ ကျွန်တော်တို့လည်း ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျောင်းပြီသွားတာနဲ့ အဲဒီ ယုံကြည်မှုတွေပါ ပြီဆုံးသွားသလို ခံစားခဲ့ဖူးတာပဲ။ ဒါတွေက ရင့်ကျပ်မှုမှာ အခြေခံပါလိမ့်မယ်။ အဲလိုယုံကြည်မှုအပြည့်ရှိနေခိုက်မှာ စင်္ကာပူမှာ ကျောင်းလာတက်ချင်စိတ်ဖြစ်ပေါ်မိမှာပဲ။ အခြေအနေ အချိန်အခါကို မတွေးဘဲ သူငယ်ချင်းစကား ချစ်သူစကား ဆွေမျိုးသားချင်းစကား နောက်ဆုံး အေးဂျင့်စကားတွေကို လွယ်လွယ်လေးယုံမိမှာပဲ။ တားတဲ့သူ ရန်သူ။ မိဘက ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထုတ်ပေးရတော့မှာပေါ့။ သူတို့လည်း ဂုဏ်ယူချင်မယ် မျှော်လင့်ချက်တွေတော့ ထားကြမှာပဲ။ နောင်ခါလာ နောင်ခါဈေးပေါ့။ ကျောင်းသားဘ၀နဲ့ စင်္ကာပူမှာ နှစ်နှစ်သုံးနှစ်နေတယ် အလုပ်မဖြစ်ဘဲ ပြန်သွားရတော့ ယုံကြည်မှုတောင်တန်းကြီးဟာလည်း ပြိုလဲပြီ စိတ်ဓါတ်တွေကျဆင်းကာ ပျက်စီးသွားတတ်ပါတယ်။ သူ့ဘ၀ သူ့အကြောင်းပေါ့။ ၀င်ပြီ ခါးနာပေးနေရင် အမြင်ကပ်ခံထိနေအုံးမယ်။
ကျောင်းတွေက အာမခံချက်တွေပေးပြီ ဆွယ်မယ်၊ အေးဂျင့်တွေက မက်လုံးတွေပေးပြီ စည်းရုံးမယ် ဒါတွေက ငွေကြောင့်ပါ။ ကျောင်းပြီလို့ အလုပ်မဖြစ်တဲ့အခါကျရင်တော့ လူကြောင့်သာဖြစ်ရတယ်လို့ ဆင်ခြေပေးလိမ့်မယ်။ ဆင်ခြင်နိုင်ကြပါစေ.....
Permalink Reply by Mr. Moon on April 5, 2011 at 11:33pm Comment by Mr Moon on March 25, 2011 at 8:32pm
မြန်မာမှုခင်းလည်းမပါဘူး။ မြန်မာတွေ တယ်လည်း လိမ္မာကြပါလား။ ဟဲဟဲ မထင်ပါဘူး။
ပြောလက်စနဲ့ mysing ကသူတွေ သိအောင် ဖောက်သည်ချလိုက်အုံးမယ်။ တော်တော်ကြောက်ဖို့ကောင်းတဲ့ မြန်မာမိန်းကလေး တစ်ယောက်ရဲ့ မှုခင်းပေါ့။ ဖြစ်သွားတာ မကြာသေးပါဘူး။ တချို့မြန်မာတွေ တယ်လည်း ခက်ပါလားနော်။ လူသာလာပါ အကျင့်မသယ်လာပါနဲ့လို့ စာလုံးကြီးနဲ့ရေးပြီ ဂျန်ဂီလေဆိပ်မှာ ချိတ်ထားရမလိုဖြစ်နေပြီ...ဟဲဟဲ။ မြန်မာမှုခင်းဖြစ်ရင် မြန်မာတွေ သိက္ခာကျသာမို့ မပြောမဖြစ်ပြောရတာပါ။ ရှက်ဖို့တော့ ကောင်းသား။ ရိုးရိုးသားသားလုပ်စားချင်လို့ စင်္ကာပူထွက်လာပါတယ် ဆိုးဆိုးရွားရွားအဖြစ်တွေကို တွေ့နေရသေးတယ်။ လိမ်စား လှည့်စား ခိုးစားချင်ရင် မြန်မာနိုင်ငံမှာပဲ လုပ်စားပေါ့ ဒီမှာထက်တောင် ၀င်ငွေကောင်းနေအုံးမယ်။ ဟဲဟဲ ပြောသာပြောရတာ တချို့မြန်မာတွေ မကြိုက်မှန်းတော့ သိပါတယ်။ အကျင့်ဆိုတာ ဖျောက်ဖို့တော်တော်ခက်မှန်း သိနေတော့ နားလည်ပေးရမှာပေါ့လေ။
ဖြစ်ပုံကဒီလို.......ဂျန်ဂီလေဆိပ်မှာ စင်္ကာပူရဲတွေ အလုပ်ရှုပ်သွားတဲ့ ဖြစ်ရပ်တစ်ခုကနေ စတာပဲ။ ဘာကြောင့်လဲလို့ မေးကြည့်တော့ မြန်မာမိန်းကလေးတစ်ယောက် ပတ်စ်ပို့တကယ်မပျောက်ဘဲနဲ့ ပတ်စ်ပို့ပျောက်ကြောင်း ရဲစခန်းထောက်ခံစာလေးကိုင်ပြီ မြန်မာပြည် ခိုးပြန်မလို့လုပ်နေတုန်း ရဲတွေ ၀ိုင်းဖမ်းလိုက်ကြတာတဲ့။ ပြီတော့ ရဲစခန်းပို့ပြီ ချုပ်ထားလိုက်တာပေါ့။ အဲလိုကြားတော့ အံ့သြမိတယ် မြန်မာမိန်းကလေးတွေ တယ်လည်း အကွက်ကျော်မြင်နေပြီကိုး။ လည်တဲ့ဘီး ဘာဖြစ်သလဲဆိုတာ သိနေတော့ သူ့အကြောင်းနဲ့သူ သူ့အပြစ်သူဆက်ခံတော့ဆိုပြီ ထားလိုက်လို့ မရသေးဘူးလေ။ ဘယ်အတိုင်းအတာအထိ သူများနိုင်ငံမှာ လူလည်ကျခဲ့သလဲဆိုတာ နည်းနည်းစိတ်ဝင်စားလာတာနဲ့ စပ်စုကြည့်ရတာပေါ့။ ဟဲဟဲ ၀ါသနာကိုး။
သူ့နာမည်ကိုတော့ တိတိကျကျမပြောတော့ပါဘူး။ ဒါပေမယ့် နေ့နံတွေတော့ ပြောပြမယ် 4D ထိုးလို့ရတာပေါ့...ဟဲဟဲ။ သောကြာသုံးလုံးတွဲပြီ စနေနဲ့ပိတ်တယ်။ ၆၆၆၇ ပေါ့ 4D မွေးထားရင် ပေါက်နိုင်တယ်...ဟဲဟဲ။ သူက လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်လောက်က စင်္ကာပူစရောက်တယ်လို့ပြောတာပဲ။ ကျောင်းလာတက်တာပေါ့။ ကျောင်းသူဆိုတော့ အကြောင်းတူရင် အကုန်ဆွဲစိမယ့် ပုံစံမျိုးပဲ။ မလေးသူစတိုင်မျိုးနဲ့ ရူပါကတော့ စွဲမက်စရာပဲ။ ရုပ်လေးကတော့ စွဲမက်စရာ အကျင့်ကတော့ ကွဲထွက်စရာဖြစ်လောက်အောင် ကြောက်စရာကြီးနော်။ ဒီလိုနဲ့ ကျောင်းတက်ရင်း ယူလို့က ကျောင်းလာတက်တဲ့ ဘဲဘဲတစ်ကောင်ကို လှမ်းချိတ်လိုက်ရော။ ထောထောကြီးနဲ့ မောမောကြီးပြောရမလားဘဲ ထောတော့ထောတယ် ဒါပေမယ့် စိတ်မောနေရမယ့် ကံဆိုးသူ မောင်မဲဖြစ်နေပြီပေါ့။ ကျောင်းပြီတော့ အေဂျင့် အချိတ်နဲ့ထင်ပါရဲ့ ဈေးဆိုင်တစ်ခုမှာ ငွေရှင်းလက်ခံတဲ့ အလုပ်တစ်ခုကို S pass လေးကိုင်ပြီ ဆက်လုပ်နေခဲ့တယ်လို့ ပြောတာပဲ။ ဒီတခါတော့ ဈေးဆိုင်ပိုင်ရှင်အလှည့်ပေါ့။ ရောင်းတယ်ရောင်းတယ် ရောင်းကောင်းသလားမမေးနဲ့ ကောင်းမှကောင်း ဒါပေမယ့် အမြတ်မကျန်ဘူးဖြစ်နေတယ်။ ဘယ်ကျန်မလဲ ခိုးတယ်ခိုးတယ် ခိုးလို့ကောင်းသလားမမေးနဲ့ ကောင်းမှကောင်းပဲ။ CCTV ကင်မရာတွေ တပ်ထားတာတောင် ဘယ်လိုခိုးနေကြသလဲ၊ ဘယ်လိုစာရင်းလိမ်ပြီ တင်နေကြသလဲဆိုတာ စိတ်ဝင်စားစရာကောင်းသား။ မြန်မာနည်းမြန်မာဟန်နဲ့ လုပ်နေကြတော့ ဒီကပိုင်ရှင်က လိုက်လို့မမှီဘူးဖြစ်နေတယ်လေ။ ၀ိုင်းပြီ အလှည့်ကျ ခိုးနေကြတာတောင် အရင်းထဲက မပါသွားတာ ပိုင်ရှင်က ကျေးဇူးတောင်တင်သင့်တယ်။ ဒီလိုနဲ့ တစ်နှစ်ကျော်လာတော့ ပိုင်ရှင်က စိတ်မသန့်တော့ဘူးလေ။ သေသေချာချာစောင့်ဖမ်းမှဘဲဆိုပြီ ကင်မရာတွေ ပြောင်းတပ်ပြီ စောင့်ဖမ်းတော့တာပေါ့။ မိပြီမိပြီ စွဲမက်စရာလေးက ငွေရှင်းပြီတော့ ပိုက်ဆံကို တစ်ခုခုရဲ့ကြားထဲ လှမ်းထည့်လိုက်တာ ကွင်းကွင်းကွက်ကွက်ကြီးကို တွေ့တော့တာပဲ။ တော်တော်တုံးတဲ့ ပိုင်ရှင်ပဲ တစ်နှစ်ကျော်မှ သူခိုးမိရတယ်လို့ အဲဒီနေရာမှာ ဒို့မြန်မာပိုင်ရှင်တွေဆိုရင် တစ်လတောင်ကျော်မယ်မထင်ဘူး။ လာပါပြီ ဇာတ်လမ်းက ဇာတ်ရှိန်ကောင်းလာပြီပေါ့။ ပိုင်ရှင်က သူ့ရဲ့အမြတ်ငွေတွေလည်းမဆုံးရအောင် ရုံးရောက်ဂတ်ရောက်မဖြစ်ရအောင် သူ့ကိုအလုပ်သွင်းပေးထားတဲ့ အေးဂျင့်ကို ခေါ်ပြီ ညှိတော့တာပေါ့။ သူရှုံးဆုံထားတဲ့ အမြတ်ငွေရဲ့ ရာခိုင်နှုန်းတချို့ကို တွက်ချက်ပြီ အလျော်တောင်းပါလေရော။ တစ်သောင်းကျော်လောက်ထင်ပါရဲ့။ မပေးနိုင်ရင် ရဲတိုင်မယ် အမှုဖွင့်မယ်ပေါ့။ သက်သေခံ ဗီဒီယိုခွေ ရှိနေတော့ သေချာပေါက် ထောင်ကျမယ် Black List ထိမယ်။ လျော်ပေးရင် ကြေအေးပေးမယ်ပေါ့။ စွဲမက်စရာလေးက ဘဲဘဲခဏပြန်သွားတဲ့အချိန်ဆိုတော့ အခက်တွေ့နေပြီ။ ဘဲဘဲကို ဘယ်လောက်ပိုင်သလဲဆိုရင် ဖုန်းလေးလှမ်းဆက်လိုက်ပြီ လျော်ပေးဖို့ငွေ လှမ်းတောင်းတာ ဟိုက သူ့ဘဲဘဲကလည်း အပြီခေါ်သွားဖို့ အစီအစဉ်ရှိတယ်ထင်ပါရဲ့ Black List မထိရအောင် သူတောင်းတဲ့ငွေကို ချက်ချင်းပို့ပေးလေရော။ ပြဿနာက အေးဆေးသွားပြီလို့ ထင်ရပေမယ့် လူလည်တို့ရဲ့လမ်းစဉ်အတိုင်း နှစ်ပေါက်တစ်ပေါက်ရိုက်ကွက်က စတော့တာပဲ။ ငွေလျော်ပေးဖို့ ပိုင်ရှင်ကို လှမ်းမချိန်းခင်မှာ စွဲမက်စရာလေးက မြန်မာပြည်အပြန်လေယဉ်လက်မှတ်ကြိုဝယ်ထားပြီ ပိုင်ရှင်နဲ့အေးဂျင့်ကို ကွက်ကျော်ရိုက်မယ့် အစီအစဉ်တွေဆွဲထားတယ်လေ။ ဘယ်သူမှမရိပ်မိနိုင်အောင် တော်လွန်းတယ် လည်လွန်းတယ်။ ငွေမလျော်သေးတဲ့အချိန်မှာ အေးဂျင့်က ထွက်ပြေးမှာဆိုးလို့ ပတ်စ်ပို့သိမ်းထားလိုက်တယ်။ အဲဒီအတွက် ရဲစခန်းသွားပြီ ပတ်စ်ပို့ပျောက်သွားကြောင်း တိုင်တန်းပြီ ထောက်ခံစာတောင်းထားတယ်လေ။ တစ်ချက်ခုတ်ရင် အပိုင်းပိုင်းပြတ်သွားနိုင်မယ့် နည်းပဲ။ ဘဲဘဲလျော်ပေးထားတဲ့ ငွေကိုလည်း လက်လွတ်မခံ၊ အမှုကိုလည်း အပြီအပိုင် ရှောင်ပြေးပြီသား၊ ကျန်တဲ့ပြဿနာကို အေးဂျင့်က စိုက်လျော်ပေးပြီ ရှင်းစေပေါ့။ ဘယ်ရမလဲ လူတော်ပေမယ့် ကံမကောင်းရှာတော့ မိပြီပေါ့။ ပြေးမယ့်နေ့မနက်မှာ အိမ်ရှင်ကို ဘာမှမပြောမဆိုဘဲ အထုပ်ဆွဲပြီ လေဆိပ်ဆင်းသွားတော့ အခန်းဖော်တွေက သံသယ၀င်မိတာပေါ့။ အေးဂျင့်က ဘယ်လိုဘယ်လို သတင်းကြားသွားသလဲမသိဘူး လေယဉ်လက်မှတ်အ၀ယ်ရှိမရှိကို လေယဉ်လက်မှတ်အေးဂျင့်တွေကတဆင့် လှမ်းစစ်တော့ လေယဉ်လိုင်းနာမည် လေယဉ်ထွက်ချိန်အတိအကျ တွေ့ရော။ လိုက်သွားဖို့အချိန်က ကပ်နေပြီဆိုတော့ ရဲစခန်းလှမ်းအကြောင်းကြားပြီ လှမ်းတားပေးရန် တိုင်တန်းလိုက်တော့ မိရွှေသဲက ဘယ်လိုလွတ်တော့မလဲ။ ရဲတွေအလုပ်ရှုပ်ရပြီပေါ့။ နောက်ဆက်တွဲကတော့ ဘာကြောင့် ဒီလူကို တားခိုင်းရတာလဲ နောက်ကွယ်မှာ ဘာပြစ်မှုတွေရှိနေသေးလဲ စသဖြင့် ရဲစစ်ဆေးချက်တွေနဲ့အတူ ခိုးမှုပါ ပေါ်လာဖို့ အကြောင်းရင်းဖန်လာပါရော။ ဘယ်လိုဇာတ်သိမ်းမလဲဆိုတာတော့ မသိလိုက်ရသေးဘူး။ ကြားတာတော့ အမှုလိုက်ဖို့ ရှေ့နေကြေးက ၄၀၀၀ ဆိုလား ၅၀၀၀ ဆိုလားပဲ။ တယ်လည်း ခက်ပါလားနော် မိန်းမလယ် သိန်းကြွယ် ဇာတ်လမ်းက ယောက်ျားသားတွေတောင် မစဉ်းစားရဲပါဘူး ကြောက်ခမန်းလိလိပဲ။ သင်ခန်းစာတော့ရလိုက်ပါတယ် မြန်မာမိန်းကလေးတွေကို အထင်မသေးရဲပါဘူး သူတို့လည်း ဇ နဲ့ပဲကိုး။ သွားမလုပ်နဲ့ နွားပြုတ်သွားမယ် ဘာမှတ်လဲ သဲကိုးဖြာလောက်က နည်းပါသေးတယ်......
Permalink Reply by SHWE SIN WIN on April 6, 2011 at 4:47pm အလုပ်ရှင်တွေကလည်း တစ်ဦးတစ်ယောက်မှားရင် လူမျိုး၊နိုင်ငံနဲ့ ပြောတတ်ကြတဲ့ အတွက် ရိုးရိုးသားသားနဲ့ ကြိုးစားလုပ်နေတဲ့ မြန်မာတွေ၊ ကျောင်းသူတွေအတွက်ပါ သူ့သတင်းက ရှက်စရာပါ။
Permalink Reply by Mr. Moon on April 6, 2011 at 7:18pm
Permalink Reply by Mr. Moon on April 7, 2011 at 8:44pm ပြောပြရမှာ ၀န်လေးမိတယ်။ အဖြစ်အပျက်တွေက ကြောက်စရာကောင်းလား ရှက်စရာကောင်းသလားတော့ မကဲ့ရဲ့ချင်ဘူး။ လောလောဆယ်တော့ နားထောင်မိတာနဲ့တင် မျက်နှာပျက်နေရပြီ....ဟီးဟီး.... ဒီနိုင်ငံသား လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ ဇနီးမယားက ဆေးခန်းတစ်ခုမှာ ကောင်တာထိုင်တယ်လေ။ ဆေးပေးဆေးယူ လူခေါ်ငွေရှင်း အစုံလုပ်တာပေါ့။ သူ့အိမ်သွားလည်မိတာနဲ့ စကားဖောင်ဖွဲ့ပြီ အတင်းတွေ တုတ်ပါလေရော။ မလေးမဆိုတော့ စကားကလည်း ခပ်များများနဲ့ အားမနာစတမ်းပြောချလိုက်တာ မြန်မာသတင်းတွေပဲ။ မြန်မာမှန်းသိလို့ မြန်မာသတင်းကို ပြောပြတာပေါ့။ သိထားသင့်တယ်ထင်လို့တဲ့။ နောက်ပြီ သူက ပြောသေးတယ် လူပျိုကြီးတွေ သတိထားတဲ့။ ဟဲဟဲ လို့ရယ်ချင်ပေမယ့် မျက်နှာပျက်နေရတော့ ပြုံးပြုံးလေးနဲ့ အရှက်ဖြေရတာပေါ့။ မြန်မာပြည်က မိဘတွေကို သနားမိတယ်။ သမီးတစ်ကောင်နွားတစ်ထောင်အလား စိတ်မှပူမိကြရဲ့လား။ စိတ်ချလက်ချနဲ့ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ပို့လိုက်ပါတယ် ဇာတ်လမ်းတွေစုံလို့ဗျာ့။ ကျောင်းတက်တဲ့အရွယ်ဆိုတော့ ၂၀ ၀န်းကျင်၊ မိဘအရိပ်အောက်မှာ မဟုတ်တော့ လွတ်လပ်မှုအပြည့်၊ နိုင်ငံရပ်ခြားမှာ နေရတော့ မိမိကိုကိုယ် ယုံကြည်တာလွန်ကဲ၊ အသက်အရွယ်က ငယ်သေးတော့ အတွေ့အကြုံကနည်း အထွေထွေဗဟုသုတက မရှိ၊ ဖြစ်လာတော့ အရှက်ကွဲ အကျိုးနည်းတွေပေါ့ဗျာ။ ဟိုတလောက ကျောင်းသူတစ်ယောက် ကျောင်းပြီလို့ အလုပ်လျှောက်၊ အလုပ်ရတော့ ဆေးစစ်ရ၊ အဖြေထွက်တော့ ကိုယ်ဝန်နှစ်လတဲ့။ တော်သေးတာပေါ့ အလုပ်ရခါစ အလုပ်မပြုတ်သွားတာ။ CV မှာ Single လို့လည်း ပြောသေး ဗိုက်ကြီးနဲ့ပါလားလို့ အထင်သေးတာ ခံရတော့မလို့။ ကိုယ်တိုင်ဆေးစစ်တော့ အဖြေသိသိချင်း ရှင်းလိုက်ရတာပေါ့။ အလုပ်ရှင်တောင်မသိလိုက်ဘူး။ ဒါပေမယ့် ဆေးခန်းကတော့ သိတာပေါ့...ဟဲဟဲ..... သြော်.....ကိုယ့်ကိုကိုယ် ယုံကြည်လွန်းတာလည်း လွန်လွန်းပါတယ် ကိုယ့်ဗိုက်ထဲ ကလေးရောက်နေတာတောင် မရိပ်မိပါလားနော်။ စကားမပြတ် ဖြတ်ချတဲ့အကြောင်းဘက် ရောက်သွားပြန်ရော။ သူတို့နိုင်ငံသားတွေကတော့ မရှက်ဘူးပေါ့ တည့်တည့်ချည်းကို ပြောချတာပေါ့။ ဒါကြောင့်ထင်တယ် သူတို့နိုင်ငံက ဆရာဝန်တွေ အကျင့်ဖြစ်နေပြီ။ မိန်းကလေးတွေ ရက်ကျော်သွားလို့ ကျန်းမာရေးဖောက်လာလို့ ဆေးခန်းလာပြရင် ရည်းစားရှိလားလို့ တည့်တည့်မေးရော။ တော်သေးတာပေါ့ ဒီထက်ပိုပြီ တည့်တည့်မေးရင်တော့ ခက်ပြီ။ ရည်းစား ရှိတယ်ဆိုရင် သံသယဖြစ်ပြီ ဆီးစစ်ခိုင်းရော။ ရှိရင် ဖြတ်ပေးမယ့် သဘောပေါ့။ အာရှနိုင်ငံတွေ အနောက်နိုင်ငံလိုမှမဟုတ်ဘဲ အိမ်ထောင်မရှိဘဲ ကလေးယူလို့ဘယ်ရမလဲ။ သိပ်ပြီ ယုံကြည်လွန်းတဲ့သူတွေကတော့ ပူပေါင်းကြီး ထွက်လာမှ လျှပ်တပြတ် မင်္ဂလာဆောင်ရတာပေါ့။ ဒါကြောင့်ထင်တယ် မိတ်ဆွေထဲက သူတွေ ဘာမပြော ညာမပြောဘဲ ရွာပြန်သွားပြီ မင်္ဂလာပြန်ဆောင်တယ် ကြားကြားနေတာကိုး။ ပူပေါင်းကြီးက လွင့်လာပြီ ချစ်သူက အိမ်ထောင်သည်ဆိုရင် သေပြီဆရာ။ East Coast ကမ်းခြေက ညဘက်မှာ ဧည့်သည်တွေ တယ်များတာကိုး။ အခုမှ သဘောပေါက်တော့တယ်။ ဒါလည်းဟုတ်နေတာပဲ အခုမှစပါတယ်ဆိုမှ သူခေါ်ရာကို လွယ်လွယ်လိုက်ပါ့မလား။ တို့အပေါင်းအသင်းတွေနဲ့ East Coast မှာ သွားကစားကြစို့လို့ ခေါ်ရင်တော့ ဘယ်မိန်းကလေးပဲဖြစ်ဖြစ် လိုက်မိမှာပဲ။ ချစ်သူစုံတွဲတွေဆိုတော့ ရွက်ဖျင်တဲလေးကိုယ်စီနဲ့ပေါ့။ သဘာဝတရားကို ဘယ်သူတွေ ထိန်းနိုင်လို့တုန်း။ ဒါတွေက အပြစ်မဟုတ်ပါဘူး ကိုယ့်ကိုကိုယ် ဒုက္ခမရောင်အောင် မကာကွယ်နိုင်တာအပြစ်ပါ။ ဒါကလည်း အထွေထွေဗဟုသုတနည်းလို့ထင်ပါရဲ့။ မြန်မာအသိုင်းအ၀ိုင်းဆိုတော့ လိင်အကြောင်းပြောရင် နားရှက်တယ် နားမထောင်ရဲကြတော့ ဘာမှနားမလည်တာ မထူးဆန်းပါဘူး။ နားမထောင်ရဲရင် စာအုပ်ဖတ်မလားဆိုတော့ စာအုပ်မ၀ယ်ရဲ။ ဒါကြောင့် ဘာမှမသိပေ။ သူတို့သိတာတစ်ခုတော့ရှိတယ် တားဆေးရှာဝယ်တတ်တယ်။ စင်္ကာပူက မြန်မာနိုင်ငံလို လမ်းဘေးဆေးဆိုင်တွေမရှိတော့ တော်တော်ခက်ခက်ခဲခဲရှာရတယ်။ တချို့မိန်းကလေးတွေဆိုရင် Peninsula Plaza က မြန်မာဈေးဆိုင်တွေမှာတောင် လာမေးရဲသေး။ အခုနောက်ပိုင်းတော့ ဈေးရောင်းသူတွေကလည်း လာမေးတဲ့သူတွေများလာပြီဆိုတော့ မြန်မာပြည်က မှာပြီ ရောင်းနိုင်နေပြီပေါ့။ ဒီလောက်ပဲ သိကြတော့ ခက်တာပေါ့။ တခြားရောဂါတွေကိုရော ဘယ်လိုစဉ်းစားမလဲ။ မယုံမရှိနဲ့ မြန်မာကျောင်းသူတစ်ယောက် ကျောင်းပြီလို့ အလုပ်ရတော့ ဆေးစစ်တာ HIV Positive တွေ့တယ်တဲ့။ ဘယ်လိုလုပ်မလဲ။ ဆေးခန်းက အဖြေကို သေချာတိကျအောင် အထပ်ထပ်အခါခါ စစ်တာ၊ အားမရသေးလို့ တခြားဓါတ်ခွဲခန်းတွေဆီပို့ပြီ ထပ်စစ်လည်း အဖြေက ဒါပဲ။ ပုံပြင်မဟုတ်ဘူး ဟိုအရင်တွေတုန်းကလည်း အဲလိုတွေ့ခဲ့ဖူးတာပဲ။ တိုက်ရိုက်လာတဲ့သူတွေက ရွာမှာစစ်ခဲ့ကြတယ်ဆိုတော့ တွေ့ခဲတာပေါ့။ ဒီမှာနေတာကြာလာတော့ ထင်တိုင်းကျဲကြတယ်လေ။ ကလပ်လေးတက်လိုက် ဘားလေးထိုင်လိုက် အဖြူကောင်တွေ တွေ့ရင် ၀င်စိလိုက်နဲ့ အကြောင်းတူရင် ခေါင်းဖြူနေပါစေ ဆွဲစိပြီသားပဲ။ ဒါတွေပြောနေရင် အေးအေးဆေးဆေးနေတဲ့ ကျောင်းသူတွေကို ထိခိုက်နေအုံးမယ်။ နောက်ထပ် ကျန်သေးတယ် စင်္ကာပူမြောက်ပိုင်းမှာ လုပ်စားနေတဲ့ ဇာတ်လမ်းတွေ အများကြီးပဲ။ လူနေကျဲတဲ့နေရာတွေလည်းဖြစ်၊ သာမန်အလုပ်သမားတွေ အမြောက်အမြားနေတတ်တဲ့နေရာလည်းဖြစ်တော့ ဈေးကွက်ကကောင်းနေတာပေါ့။ သူများပြောတာ ကြားဖူးသလိုပဲ ရန်ကုန်မြို့ပေါ် ပန်းခြံတွေကနေ အတုခိုးတာတဲ့။ အခင်းလေးတစ်ခုယူလာရုံနဲ့ ဘယ်ဟိုတယ်မှ မလိုဘူးတဲ့။ စင်္ကာပူမြောက်ပိုင်းမှာဆိုတော့ လူနေကျဲသလို ချူံတွေကလည်းများတော့ ဟန်ကျတာပေါ့။ နေရာကိုတော့ တိတိကျကျမပြောပြချင်ဘူး ဟိုကျောင်းနဲ့နီးတယ် ဒီကျောင်းနဲ့နီးတယ်ဆိုပြီ ၀ိုင်းနာနေကြအုံးမယ်။ ငွေဆိုတာ လူတိုင်းနဲ့တည့်တယ်လေ။ ' ၀ ' မရှိဘဲ ' ၀ိ ' လုပ်ချင်ရင်တော့ ' စ ' ကိုအဖျက်ခံရမှာပေါ့။ တစ်မျိုးမထင်နဲ့နော် စ လုံးကို အဆံဖြတ်လိုက်ရင် ၀ ရပြီလေ....ဟဲဟဲ..... မိဘက ထောက်ပံ့နိုင်လား မနိုင်ဘူးလား မသိ၊ အမေ ကျောင်းစရိတ်ရှိရင်ရပြီ နေစရိတ် စားစရိတ်က အချိန်ပိုင်းအလုပ်လုပ်လို့ရတယ်ဆိုပြီ အလွယ်လေးပြောဆိုခဲ့တာပဲ။ မိဘကတော့ အေလေ ငါ့သမီးက တော်ပြီသားပါ ရုပ်ရည်ကလည်းရှိတယ်ဆိုတော့ အလုပ်တစ်ခုခုတော့ ရမှာပါလေ ဆိုပြီ စိတ်အေးလက်အေးနေကြတာပေါ့။ လိုက်ကြွားချင်ရင်လည်း လိုက်ကြွားနေမှာပေါ့လေ။ သူတို့ဘက်ကတွေးရင်လည်း မှန်နေတာပဲ သမီးအတွက်နဲ့ အရှုံးမရှိပါဘူး။ သားဆိုရင်တောင် ရှုံးရင် ရှုံးနေအုံးမယ်။ သမီးမွေးရတာ စိတ်အေးရတယ် ထမင်းငတ်မှာ မဟုတ်ဘူး သူဟာသူတော့ ရှာစားနိုင်မှာပါလေ။ သားမွေးထားရင်တော့ ရင်လေးနေရမှာ လက်ကြောမတင်းရင် ထမင်းငတ်ပြီ သေနိုင်တယ်။ ဒီရောက်တော့ ထင်သလိုမလွယ်ပါဘူး နေရာတိုင်း ပိုက်ဆံ ပိုက်ဆံ၊ တွေ့တဲ့အရာတိုင်း ၀ယ်ချင် ၀တ်ချင် လှချင် ပချင်ဆိုတော့ ဟဲဟဲ ကောင်းလိုက်တဲ့ အချိန်ပိုင်းအလုပ် တစ်နာရီလုံး မတ်တပ်ရပ်နေရပြီ ဈေးရောင်းတာတောင် ၄ ဒေါ်လာမပေးချင်ကြဘူး။ ပန်းကန်ဆေးမလား စားပွဲထိုးမလား ၈ ဒေါ်လာထက်မပို မတန်ပါဘူးလေ။ ပေးဈေးကိုက နည်းလွန်းတယ်။ နည်းမှာပေါ့ ပညာမတတ်တဲ့သူတွေရဲ့အလုပ်ကို ပညာသင်နေတဲ့သူတွေ သွားလုပ်နေတော့ အဲလိုပဲ ထင်မိမှာပေါ့။ အဲဒါဆို ဘာလုပ်ရမှာလဲ။ စပွန်ဆာရှာပြီပေါ့။ ရုပ်ရည်ကလည်း ချူချာနေရင် ဘယ်သူစပွန်ဆာပေးမလဲ။ မထူးပါဘူး ရရာဆွဲစိတော့။ ဒီနဲ့ပဲ မိဘတွေရဲ့ နောက်ကွယ်မှာ ထင်တိုင်းကျဲတော့တာပေါ့။ အဆင်အပြေရင် အိမ်ပြန်ပါလား ဆိုတော့ မပြန်နိုင်ပါဘူး ရည်ရွယ်ချက်ကပြင်းထန်လွန်းလို့လေ....ဟဲဟဲ......ဟုတ်ဘူး ပတ်ဝန်းကျင်ကို ရှက်လို့လေ။ ဖြစ်ချင်တာဖြစ်ပေါ့ ကျောင်းပြီလို့ ဒီမှာ အလုပ်ရရင် ဒီအဖြစ်အပျက်တွေ ပုံပြင်အဖြစ်ကျန်ခဲ့မှာပဲလေ။ နောင်ခါလာ နောင်ခါဈေးပေါ့ ရောမကိုရောက်ရင် ရောမလိုကျင့်ပေါ့။ မိဘတွေက အပြည့်အ၀ ထောက်ပံ့နိုင်ရင်တော့ ပြဿနာမရှိပါဘူး။ ဟိုခေတ်တွေတုန်းကဆို မိဘက အရမ်းချမ်းသာမှ၊ သားသမီးကလည်း စာတော်မှ နိုင်ငံရပ်ခြားလွှတ်ပြီ ပညာသင်ခိုင်းကြတာလေ။ အခုတော့ တော်တော်တိုးတက်လာကြပါပြီ သာမန်လူလည်း နိုင်ငံရပ်ခြားမှာ ပညာသင်နေနိုင်ပါပြီ။ ဘယ်သူ့ထောက်ပံ့မှုမှ မလိုပါဘူး။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုသလို ကိုယ့်အားကိုယ်ကိုးပြီ ကျောင်းပြီးအောင်တော့ တက်နိုင်နေကြပါပြီ။ ဘယ်ရမလဲ မြန်မာလူမျိုးပဲ ကြံရည်ဖန်ရည်ရှိကြပါတယ်ကွာ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး မရွှေ့မိရင်ပေါ့။ ကိုယ့်လိပ်ပြာ ကိုယ်လုံရင် နုတ်ဆိတ်နေပြီ ဂုဏ်ယူလိုက်စမ်းပါဗျာ...........
Permalink Reply by chocolatecho on April 8, 2011 at 3:56pm တော်တော်လေးမသိတာတွေသိလိုက်ရတယ်...ကျေးဇူးတင်ပါတယ်....
Permalink Reply by Mr. Moon on April 10, 2011 at 12:12pm
Permalink Reply by Mr. Moon on April 11, 2011 at 8:00pm ဒီတစ်ခါတော့ အိမ်ရှင် အိမ်ငှားတွေ အကြောင်းလေးပေါ့။ စင်္ကာပူမြေကို စလှမ်းပြီဆိုတာနဲ့ မတူညီတဲ့ လူ့သဘာဝတွေ လူ့သဘောထားတွေ စပြီတွေ့ရတော့မယ်လို့ မှတ်ယူထားသင့်ပြီပေါ့။ စင်္ကာပူက တရုတ် ကုလား မြန်မာ စတဲ့လူမျိုးချင်းပဲတူတာပါ ကျန်တာတွေ အကုန်ကွာခြားနေတာတွေ တွေ့ရလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာတိုးတက်နေတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်လာတာတွေက သဘာဝပါ။ ကိုယ်လုပ်မှ ကိုယ်ရမယ် ကိုယ်ရှိမှ ကိုယ်စားရမယ် စတဲ့ အယူဝါဒတွေက လက်တွေ့ကျနေတော့ စေတနာတို့ မေတ္တာတို့ အားနာတာတို့ သနားတာတို့ စတဲ့ ခံစားချက်တွေက တဖြည်းဖြည်းကွယ်ပျောက်ကုန်တာပေါ့။ နောက်ဆုံး ဘာသာတရားကိုပါ ယုံကြည်မဲ့လာတဲ့သူတွေတောင် တွေ့ရလိမ့်မယ်။ သဘာဝတရားကိုက တစ်ခုခုလိုအပ်နေတဲ့သူတွေ ဘာသာတရားကို အားကိုးမယ် ပြည့်စုံတဲ့သူတွေက ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ အယူဝါဒကို အားကိုးမယ်ပေါ့ဗျာ။ ဘာသာမဲ့တွေ ဖြစ်လာတာပေါ့။
မြန်မာပြည်ကနေ စင်္ကာပူကို စစရောက်ချင်း အဲဒီမတူညီတာတွေကြောင့် စိတ်သောကရောက်ရပါလိမ့်မယ်။ အဖြစ်အပျက်လေးတစ်ခုနဲ့ပြောပြရရင် စင်္ကာပူကို စရောက်ခါစ အိမ်ခန်းငှားတာက စရမှာပေါ့။ အလည်သဘောနဲ့ အလုပ်လာရှာတော့ အဆင်ပြေတဲ့ရက်မှ ထွက်လာရတော့ လကုန်ရက်နဲ့ ဆုံချင်မှ ဆုံလိမ့်မယ်။ ဗီဇာက တစ်လရတယ်ဆိုပါတော့။ အိမ်ခန်းငှားမယ်ဆိုရင် ဒီလ ၂၀ ကနေ နောက်လ ၂၀ အထိ တစ်လဆိုပြီ ငှားလို့မရဘူး။ ဒီလ ၁၀ ရက်စာကို ရက်တွက်နဲ့အရင်ရှင်းပြီ လကုန်ရက်မှ စတွက်လိမ့်မယ်။ အဲဒီတော့ နောက်လ ၂၀ မတိုင်ခင် သက်တမ်းတိုးလို့မရရင် ပြန်ပေါ့။ ရရင်လည်း နောက်တစ်လထပ်နေပေါ့။ နောက်တစ်လထပ်နေလည်း ဗီဇာက ၂၀ မတိုင်ခင် ကုန်နေမှာပဲ ဆိုတော့ ပြန်ရမယ်ဆိုရင် ၂၀ မတိုင်ခင်ပြန်ပေါ့။ လောလောဆယ်တော့ အိမ်ရှင်က ၁၀ ရက်စာ အလွတ်ချည်း သမလိုက်ပြီ။ မကျေနပ်ရင် မငှားနဲ့ပေါ့။ တချို့ဆိုရင် အဲလိုကြိုပြီမပြောဘူး လေယာဉ်ကွင်းကနေ အိမ်ကို အထုပ်တွေ သယ်လာပြီမှ ပြောတော့ ဘယ်လိုဆက်လုပ်မလဲ။ ရောက်ခါစဆိုတော့ မြန်မာပြည်က စိတ်လက်ကျန်လေးနဲ့ အားနာပြီ ၁၀ ရက်စာ အလွတ်ပေးဖို့ ဆုံးဖြတ်ရမှာပေါ့။ တကယ်ဖြစ်သင့်တာက အလုပ်ရသွားတာ သေချာပြီဆိုရင် ဆက်နေချင်သေးလျှင် လကုန်ရက်အထိ ကျန်နေတဲ့ ၁၀ ရက်စာကို ထပ်ရှင်းခိုင်းပေါ့။ အဲဒါသဘာဝကျတာပေါ့။ စင်္ကာပူရောက်တာကြာပြီဆိုတော့ စင်္ကာပူပါးဝနေကြတော့ လုပ်သလိုဖြစ်နေကြတော့ အခုမှစရောက်တဲ့သူကို အနိုင်ကျင့်တဲ့သဘောပေါ့။ အဲလိုအဖြစ်တွေကို တော်တော်များများခံနေရတာ ကြားကြားနေရတယ်။ စိတ်မကောင်းပါဘူး။ အိမ်ခန်းတော့ငှားပြီသွားပြီး။ ဘာဆက်ဖြစ်အုံးမလဲဆိုတာ ဆက်ကြတာပေါ့။ မြန်မာပြည်က စရောက်တော့ မြန်မာပြည်က အကျင့်တွေပါလာတတ်စမြဲပါ။ စကားကိုကျယ်လောင်စွာပြောဆိုမယ်၊ လမ်းလျှောက်ရင် အသံထွက်အောင်လျှောက်မယ်၊ အိုးခွက်ပန်းကန်ကိုင်ရင် ဆေးရင် အသံထွက်မယ်၊ တံခါးပိတ်ရင် အသံထွက်မယ် စတဲ့ ကြမ်းတမ်းတဲ့ အကျင့်လေးတွေက ကျန်တဲ့အခန်းဖော်တွေကို စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။ တမင်သက်သက်လုပ်တာမဟုတ်ပေမယ့် ရုတ်တရက်လန့်သွားတာတို့ အိပ်နေတာလန့်နိုးသွားတာတို့ကြောင့် အမြင်ကပ်ချင်းကို ခံရလိမ့်မယ်။ မြန်မာပြည်မှာတုန်းက အဲလိုအခန်းကို ရှယ်ပြီနေခဲ့တာမဟုတ်တဲ့အတွက် ဖြစ်တတ်ပါတယ်။ နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်သူအချို့ပဲ အဆောင်နေဖူးတော့ နားလည်သိတတ်ကြပါတယ်။ တချို့ဆိုရင် တော်တော်ဆိုးတာ ရောက်ခါစဆိုတော့ အစစအရာရာလိုက်ပြောနေရင်လည်း တမျိုးမြင်မယ် နှိမ်တယ်လို့ထင်မယ် မပြောပြန်တော့လည်း မသိတတ် နားမလည်တတ်တော့ ကူညီဖို့စိတ်ကူးတွေ ရပ်တန့်ရတာပေါ့။ ဒီကြားထဲ ညအချိန်မတော်အထိ ချက်တင်ပြောနေမယ် နားကျပ်တက်ထားတော့ မိမိအသံဘယ်လောက်ကျယ်နေမှန်းမသိဘဲ အော်အော်ပြီ ပြောနေတတ်တော့ အခန်းဖော်တွေ ဘယ်လိုအိပ်မလဲ မနက်စောစောအလုပ်ဆင်းဖို့ အခက်အခဲဖြစ်နေတတ်တယ်။ အဲလိုစိတ်အနှောင့်အယှက်တွေကြောင့် အခန်းဖော်တွေက မိမိကို မကူညီချင်တော့ဘူး သွားစရာရှိလို့ ဘယ်ကားစီးရမလဲ ဘယ်လိုသွားရမလဲ မေးတာတောင် မပြောပြချင်လောက်အောင် စေတနာပျက်တတ်ပါတယ်။ ဒါ့အပြင် ဟိုလူ့ပစ္စည်းလိုက်ကိုင် ဒီလူ့ပစ္စည်းလိုက်ကိုင်တတ်တဲ့ လက်ဆော့တတ်တဲ့ သူမျိုးနဲ့ဆုံရင် အခက်တွေ့တာပဲ။ ဖြစ်လာမယ့် ပြဿနာကို ကိုယ်ပဲရှင်းရမှာ အိမ်ရှင်က ရှင်းပေးမှာမဟုတ်ဘူး။ အလည်လာတဲ့သူကို မငှားကြတဲ့ အိမ်ရှင်တွေ အများကြီးပဲ။ အဲဒီပြဿနာတွေကြောင့်ပါ ငှားရင်လည်း ဒီမှာအလုပ်လုပ်နေတဲ့ သူတစ်ယာက်ယောက်က တာဝန်ယူထားမှ ငှားချင်ကြတယ်။ နောက်ပြီ ကျောင်းသားဆိုရင်လည်း အဲလိုပဲ သိပ်မငှားချင်ကြဘူး။ သူတို့က နည်းနည်းဆင်တူလို့လေ။ တနေကုန် အိမ်မှာနေတာကတစ်ကြောင်း၊ မနက်စောစောအလုပ်မဆင်းရတော့ ညဆိုရင် တော်ရုံမအိပ်တတ်တော့ တခြားအခန်းဖော်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမှာစိုးတာကတစ်ကြောင်း၊ စတာတွေကြောင့် တစ်အိမ်လုံးအလုပ်ဆင်းကြတဲ့ အိမ်မျိုးဆိုရင် အလည်လာတဲ့သူတွေနဲ့ ကျောင်းတက်နေတဲ့သူတွေဆိုရင် မငှားကြဘူး။ စည်းမရှိ ကမ်းမရှိ အိမ်ရှင်မျိုးတွေကျတော့ ဘယ်သူ့မဆိုငှားတတ်ကြတယ်။ သူတို့ကိုယ်တိုင်ကိုယ်က စည်းကမ်းမရှိတော့ သိပ်ဂရုမစိုက်တတ်ကြဘူး ပိုက်ဆံရဖို့ပဲ သိကြတယ်လေ။ အဲလိုအိမ်မျိုးကို ဒီမှာအလုပ်လုပ်နေတဲ့သူတွေက ရှောင်တတ်ကြတော့ အမြဲအခန်းလွတ်နေလေ့ရှိတယ်။ မိသားစုရှိတဲ့အိမ်မျိုးဆိုရင်လည်း ရှောင်တတ်ကြတယ်။ ဆူညံသံတွေက သည်းမခံနိုင်အောင် ကျယ်လောင်လွန်းပြီ ကလေးရှိရင် ပိုဆိုးသေး။ ဒီရောက်နေပြီတဲ့ ကလေးတော်တော်များများဟာ ဆိုးသွမ်းတတ်ပြီ လူကြီးကို လူကြီးမှန်းမသိ မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံတတ်သလို မိဘတွေကလည်း သိပ်ဆုံးမလေ့မရှိတတ်တော့ တော်ရုံသည်းခံတတ်တဲ့သူတောင် အဲလိုအိမ်မျိုးကို မစဉ်းစားဘူး။ ကောင်းတဲ့အိမ်ခန်းတွေကတော့ အဘက်ဘက်က ကောင်းနေတော့ တော်ရုံအခန်းလွတ်လေ့မရှိဘူး။ စင်္ကာပူက တချို့အိမ်တွေက တစ္ဆေသရဲရှိတတ်တယ်။ တချို့တွေက မယုံတတ်တော့ ကြုံရတာပေါ့။ တရုတ်သရဲ၊ မလေးသရဲတွေက ဘုရားစာရွတ်တာ သူတို့တွေ နားမလည်ဘူးလေ။ ဘာသာပြန်ပေးမယ့်သရဲ မရှိဘူးထင်ပါရဲ့။ ဘုန်းကြီးပင့်ပြီ ပရိတ်ရွတ်လည်း မရတဲ့ အိမ်တွေ အများကြီးပဲ။ ဟိုတလောက သရဲလည်ပင်းညှစ်တာခံခဲရတဲ့ သူနဲ့တောင် ဆုံဖြစ်ခဲ့တယ်။ တပတ်လောက် လန့်ဖျား ဖျားသွားတာ သေလုမျောမျောပဲ။ အဖြစ်အပျက်တွေကတော့ စုံလို့ပါပဲ။
Permalink Reply by Ko Sol on April 12, 2011 at 11:24am အကို Moon ရေ ဟိုကျောင်းသားကောင်လေးနဲ့ မြန်မာကျောင်းသူ ကိစ္စကတော့ အတော့ကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်ဆိုရင်
ကောင်လေးမိဘတွေအနေနဲ့ စလုံးဥပဒေလမ်းကြောင်းအရ တရားစွဲမယ်ဆိုရင် ရနိုင်တဲ့ အနေအထားပါပဲ။ သို့သော်လည်း မြန်မာတွေရဲ့ ထုံးစံ
အရ ရုံးရောက်ဂတ်ရောက် ဖြေရှင်းကြရမှာစိုးရိမ်လို့လဲနေမှာပါ။
Permalink Reply by Mr. Moon on April 12, 2011 at 7:28pm
Permalink Reply by အညာသူ on April 19, 2011 at 2:34pm ဒီတစ်ခါတော့ မိဘတွေအတွက် တော်တော်လေး စိုးရိမ်ရမယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြမယ်။ ဆောင်ရန် ရှောင်ရန် သင်ခန်းစာလေးတွေ ရကြမှာပါ။ ရွာကို ပြန်သွားစဉ်က မိတ်ဆွေ သူငယ်ချင်းတွေ တွေ့မိဆုံမိရာက စကားဖောင်ဖွဲ့မိတာပေါ့။ အသိမိတ်ဆွေ ရဲ့ တူတစ်ယောက် အကြောင်းပြောပြရော။ ကောင်လေးက အခုဆိုရင် အသက်က ၁၈ နှစ်လောက်ပဲရှိအုံးမယ်ထင်တယ်။ တစ်ချိန်က စင်္ကာပူမှာ အလယ်တန်းနေခဲ့ဖူးတယ်လို့တော့ပြောတာပဲ။ သူ့မိဘတွေက အရမ်းချမ်းသာကြတာ ဘာစီးပွားရေးတွေလုပ်ကြတယ်ဆိုတာတော့ မပြောပြတော့ဘူး။ မိဘတွေချမ်းသာတော့ သားသမီးတွေကို ကောင်းကောင်းမွန်မွန် အဆင့်မြင့်မြင့် ပညာသင်ကြားစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါပဲ။ မိဘတွေအနေနဲ့လည်း အလုပ်ထဲက မထွက်နိုင်တော့ အခက်တွေ့နေတာပေါ့။ သားလေးရဲ့ ပညာရေးအဆင့်မြင့်ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ မျက်စိစုံမှိတ်ပြီ စင်္ကာပူမှာ ကျောင်းထားဖို့ ဆုံးဖြတ်မိရော။ အဲအချိန်တုန်းက ကောင်လေးက အသက်အားဖြစ် ၁၃ နှစ်လောက်ပဲ ရှိအုံးမယ်ထင်တယ်။ ကလေးစိတ်မကုန်သေးတဲ့ အရွယ်ပါပဲ တချို့ ၁၃ နှစ်ဆိုရင် လူပျိုပေါက်စဖြစ်နေလို့ လူကြီးဆန်တတ်သလို တချို့ကလေးတွေကတော့ မိဘက အလိုလိုက်ထားတော့ အသက်ဘယ်လောက်ပဲ ကြီးလာပါစေ ကလေးစိတ်မကုန်နိုင်ကြပါဘူး။ မိဘတွေ ကိုယ်တိုင်က အလုပ်တွေများနေတော့ စင်္ကာပူမှာ မနေနိုင်ဘူးလေ။ သားရဲ့ ကျောင်းဝင်ခွင့်ကိစ္စတွေ နေဖို့ထိုင်ဖို့ကိစ္စတွေ အားလုံးစိတ်ချရပြီဆိုတာနဲ့ အထိန်းတစ်ယောက်ကို ထားခဲ့ပြီ ပြန်သွားလေရော။ အထိန်းကလည်း ဆွေမျိုးသားချင်းထဲကပဲ ဆိုတော့ စိတ်ချရတာပေါ့။ ကောင်လေးက စာတော်တယ် ထက်မြက်တယ် ရုပ်ရည်ရှိတယ် ချမ်းသာပေမယ့် ကလေးဆန်တော့ မ၀င့်ကြွားတတ်ဘူး ရိုးသားတယ်။ အလယ်တန်းကျောင်းတက်နေစဉ် အမြဲတမ်းစာမေးပွဲအောင်တဲ့အပြင် လူတော်အဆင့်တွေအထိ ကြိုးစားသင်ယူနိုင်တယ်။ သူ့ရဲ့ကျောင်းသားဘ၀လေးဟာ မိဘတွေအတွက် ဂုဏ်ယူနိုင်တာပေါ့။ တခြားဆိုးသွမ်းရမ်းကားနေတဲ့ သားသမီးတွေကို ပိုင်ဆိုင်ထားတဲ့ မိဘတွေထက်စာရင်ပေါ့။ ဒါပေမယ့် တခါတလေ ကံကြမ္မာဆိုးတွေက လူတော်တွေကိုမှ ရွေးတတ်သလိုပဲလို့ ထင်ရလောက်အောင် ဘ၀လမ်းကြောင်းပြောင်းမယ့် အကြောင်းလေးများပေါ်လာလေရော။ တစ်နှစ်လောက်တက်ပြီနောက် ကောင်လေးဟာ အနေအထိုင်ပျက်လာတယ်။ ကျောင်းနောက်ကျတာတို့ စာပုံမှန်မကျက်တော့တာတို့ ပိုက်ဆံအသုံးများလာတာတို့ကြောင့် သူ့အထိန်းက သံသယဖြစ်လာလေရော။ ဒါပေမယ့် အစကတည်းက ယုံကြည်ထားတဲ့ ကလေးမို့ ဘာမှမပြောဘဲ စောင့်ကြည့်နေခဲ့တာပေါ့။ မိဘတွေဆီ ပိုက်ဆံလှမ်းမှာတတ်လာရော။ အစတုန်းက နေစရိတ် စားစရိတ် ကျောင်းစရိတ် သုံးစရိတ်တွေအတွက် မိဘက အထိန်းဆီကို ပိုက်ဆံပို့ပေးလေ့ရှိခဲ့တယ်။ ကောင်လေး သုံးစရာရှိရင် အထိန်းတော်ဆီက တောင်းသုံးလေ့ရှိခဲ့တယ်။ နောက်ပိုင်းမှာတော့ ကောင်းလေးဟာ မိဘတွေဆီ တိုက်ရိုက်ငွေတောင်းတတ်လာရော။ မိဘတွေကလည်း သားကို ချစ်တော့ အလိုလိုက်တာပေါ့ ယုံကြည်ခဲ့တာလည်းပါတာပေါ့ ဒါကြောင့် သားက တိုက်ရိုက်တောင်းတဲ့ ငွေတွေကို ပို့ပို့ပေးနေရော။ မိဘတွေထင်တာက သားအနေနဲ့ စင်္ကာပူမှာနေလာတာ နည်းနည်းကြာလာတော့ လူပျိုပေါက်အနေနဲ့ သူများတွေ ၀တ်သလို စားသလို နေသလို လိုက်အတုခိုးပြီ နေချင် စားချင် ၀တ်ချင်မှာပဲဆိုပြီ သူများအထင်မသေးအောင် ဖြည့်ဆည်းပေးရမယ်လို့ သူတို့ခံယူထားကြတယ်လေ။ အဲလိုနဲ့ နှစ်နှစ်လောက်ကြာလာတော့ ကောင်လေးဟာ ကျောင်းပုံမှန်မတက် စာပုံမှန်မကျက်တော့ပဲ အလည်အပတ်တွေများလာရော၊ ကျောင်းက တိုင်စာတွေ ရောက်လာတဲ့အထိ ဆိုးရွားလာရော။ စာမေးပွဲတွေလည်း ကျရော။ အဲလိုအချိန်ကျမှ အထိန်းက သူ့မိဘတွေဆီ လှမ်းတိုင်ရော။ မိဘတွေက အရမ်းစိုးရိမ်သွားရော ဒါကြောင့် သူ့ဝမ်းကွဲဦးလေးတော်စပ်သူကို စင်္ကာပူကို အလည်လွှတ်ပြီ သားကို စောင့်ရှောက်ခိုင်းလေရော။ ဦးလေကလည်း စင်္ကာပူကို အခုမှ စပြီ ရောက်ဖူးတယ်ဆိုတော့ သူ့တူကိုပဲ အားကိုးနေရတော့ ဦးလေးက တူကို စောင့်ရှောက်ရမယ့်အစား တူက ဦးလေးကို ပြန်စောင့်ရှောက်နေရရော။ အဲလိုနဲ့ သုံးလေးလလောက် ကြာတော့ ဦးလေးလည်း နည်းနည်းလည်လာရော သွားတတ်လာတတ် နေတတ်ထိုင်တတ်လာရော။ အဲဒီအချိန်ကျမှ သူ့တူရဲ့ ပျက်စီးနေတဲ့ခြေလှမ်းတွေကို ခြေရာခံပါလေရော။ ကျောင်းသွားတာ အပြင်ထွက်တာကအစ နောက်ကနေ မသိမသာလေး လိုက်ကြည့်လေရော။ သူ့တူက အပေါင်းအသင်းတွေဘာတွေရှိနေတော့ အဖွဲ့ကျနေလေ့ရှိတာပေါ့။ ကျောင်းအတန်းဖော် ကျောင်းသူရော ကျောင်းသားရောစုံနေတာပေါ့။ ဦးလေးလည်း ခေါင်းခြောက်လာရော ဘာဆိုဘာမှ မတွေ့ရဘူး။ ခြေလှမ်းပျက်နေတာလည်း မတွေ့ရဘူး။ အပေါင်းအသင်းတွေကလည်း ပုံမှန်ပဲ သွားလာ စားသောက်နေကြတာပဲ။ မူးယစ်ဆေးဝါးမပြောနဲ့ ဆေးလိပ်တောင် သောက်တာ မတွေ့ရတော့ စဉ်းစားရခက်လာတာပေါ့။ တစ်နေ့မှာ သူ့တူတို့ကျောင်းအတန်းဖော်တွေ စားသောက်နေခိုက် အသက် ၂၀ ၀န်းကျင်လောက် မိန်းကလေးတစ်ယာက်ဝင်လာထိုင်ပြီ စကားတွေပြောနေတာ မြင်ခဲ့ရတယ်။ အမှုမဲ့အမှတ်မဲ့ဆိုတော့ သိပ်သတိမထားမိလိုက်ဘူး။ နောက်နေ့မှာကျတော့ အဲဒီမိန်းကလေးက စကားပြောနေရင်း သူ့တူရဲ့ပါးလေးကို လှမ်းလိမ်လိုက်တာ မြင်လိုက်ရတော့ ဦးလေးလည်း သံသယဖြစ်မိရော။ အဲလိုမြင်ပြီမှ သူ့ဦးလေးလည်း ကောင်းလေးကို လိုက်ချောင်းနေရုံနဲ့ မဖြစ်တော့မှန်းသိလာတော့ အနီးကပ်ဝင်ပြီ စုံစမ်းမှဖြစ်တော့မယ်လို့ တွေးမိတာပေါ့။ ဟိုမေးဒီမေးနဲ့ သတင်းတိတိကျကျရလေရော ဟိုတစ်နေ့က သူတွေ့လိုက်ရတဲ့ မိန်းကလေးက မြန်မာမိန်းကလေးဖြစ်ပြီ လက်ရှိစင်္ကာပူမှာ ကျောင်းတက်နေတာ ကြာနေပြီ ကောင်းလေးနဲ့ ရည်းစားဖြစ်နေတာ ကြာပြီ စတဲ့သတင်းတွေ ကြားသိရရော။ အဲဒီမှာ ဦးလေးက သူ့တူအကြောင်းကို ခဏထားကာ လမ်းကြောင်းပြောင်းပြီ အဲဒီမိန်းကလေးအကြောင်းတွေ သွားစုံစမ်းပါလေရော။ ကောင်မလေးတက်နေတာက အစိုးရကျောင်းပဲ ဘယ်ကျောင်းလဲတော့ မပြောတော့ပါဘူး ကောင်မလေးရဲ့ နာမည်ကိုလည်း မဖော်ပြပေးတော့ပါဘူး။ ကောင်မလေးက ရုပ်ရည်ချောမောလှပသလို အပြောလေးကလည်းချို၊ ၀တ်ထားစားထားတဲ့ပုံစံကလည်း မြန်မာလို့မထင်နိုင်လောက်အောင် ဟော့ရှော့ပဲ။ အဘက်ဘက်က ပြည့်စုံနေပါလျက်နဲ့ ဘာကြောင့် သူ့တူလို ကျောင်းသား ကလေးအရွယ်လေးကို မုန့်ကျွေးပြီ ကြိုက်ရတာလည်းလို့ အတွင်းကျကျ ထပ်စုံစမ်းရော။ ကြားသိရတာ တော်တော်ကြောက်ခမန်းလိလိပဲ။ ဘာကြောင့် အရွယ်နုနယ်သေးတဲ့ ကလေးတွေကို ပစ်မှတ်ထားကြသလဲဆိုတာ တွေးစရာတွေဖြစ်လာရော။ မြန်မာဖြစ်ပါလျက်နဲ့ သိပ်အောက်တန်းကျတဲ့ အတွေးမျိုးတွေ၊ စိတ်ကူးမျိုးတွေ တွေးတတ် စဉ်းစားတတ်ကြတာ တော်တော်အံသြမိတယ်။ ဟုတ်မှာပေါ့လေ ကလေးတွေဆိုတော့ မိမိအတွက် အန္တရာယ်ကင်းတာပေါ့။ မိမိဘက်မှ ဘာမှများများစားစားမပေးဆပ်ရဘူးပေါ့။ ချူစားတာချင်းအတူတူ အသာစီးရမယ့် အကွက်ပဲပေါ့။ ကလေးတွေဆိုတော့ စည်းရုံးသိမ်းသွင်းရတာလွယ်ကူတယ် မုန့်ကျွေးပြီကြိုက်ရတာ အလွယ်ဆုံးနည်းလမ်းပဲဆိုတော့ ကလေးတွေကို ပစ်မှတ်ထားကြတာပေါ့လေ။ ကောင်မလေးက ကောင်လေးအတွက် ၀ယ်ထားပေးတဲ့ လက်ဆောင်တွေက ထောင်ဂဏာန်းလောက်သာရှိပြီ ကောင်လေးက ကောင်မလေးအတွက်ဝယ်ထားပေးတဲ့ လက်ဆောင်တွေက သောင်းဂဏာန်းမကတော့ဘူး။ ဒီကြားထဲ မမ အသုံးလိုလို့ ပိုက်ဆံနည်းနည်းချေးပါ မောင်လေး ဆိုပြီ ပြန်မပေးတဲ့ ချေးငွေတွေဆိုရင် မရေတွက်နိုင်ပါဘူး။ နှစ်နဲ့ချီပြီ ခွားစား ချူစားလာတာ တော်တော်အသားကျနေပါပြီ။ ကောင်လေးနောက်မှာ အထုပ်ရှိတာ သိတော့ လောဘမရပ်နိုင်ဘူးပေါ့။ အလုပ်လုပ်နေတဲ့ ကိုကိုတွေ မောင်မောင်တွေကို သွားလုပ်ကြည့်ပါလား အလကားရမလား။ ဆီပေးမှ ဆန်ရမှာပေါ့။ ကလေးဆိုတော့ နည်းနည်းပါးပါးလောက်ဆို အဆင်ပြေပြီ လူပျိုပေါက်အရွယ်တွေဆိုတော့ စိတ်ကစားတတ်မယ် စူးစမ်းတတ်မယ့်အရွယ်ဆိုတော့ ဖြားယောင်းထားနိုင်တာပေါ့။ ငွေချေးလို့မရတာမျိုး၊ ပြောသလိုမဖြစ်တာမျိုးဆုံလာရင် သုံးလေးရက်လောက် ဖုန်းမခေါ်ဘဲ ပစ်ထားလိုက်တော့ ကောင်လေးခမျာ သူပြောသလို လိုက်လုပ်နေရတာပေါ့။ အချစ်ဆိုတာကို နားမလည်သေးတဲ့ ကလေးကို အချစ်သင်တန်းတွေပေးပြီ အချစ်ဗျူဟာတွေသုံးပြီ မိမိကျောင်းစရိတ် နေစရိတ် စားစရိတ် သုံးစရိတ်တွေကို ဖြေရှင်းနေတာတွေ့ရတော့ မိဘတွေအနေနဲ့ တော်တော်ရင်လေးနေရတာပေါ့။ ကောင်လေးကလည်း မမ မှ မမ ဖြစ်နေတော့ ရွာကို ချက်ချင်းပြန်ခေါ်လို့လည်းမဖြစ်၊ အဲဒီအဖြစ်တွေရပ်သွားဖို့အတွက် ကောင်မလေးကို သွားညှိရတာပေါ့။ ကောင်မလေးတောင်းတဲ့ငွေပမာဏကို မထုတ်ပြောတော့ပါဘူး အဲလောက်ရရင် ကောင်လေးနဲ့ ကင်းကင်းနေပေးမယ် မဆက်သွယ်ဘူးလို့ ကတိတွေပေးခဲ့တယ်ဆိုတာ ဇာတ်လမ်းက ပြီပြီးလို့ထင်ရပါတယ်။ ဒါပေမယ့် ကောင်လေးဘက်က ဘယ်လိုမှ တားမရတော့ ငွေသာရှုံးပြီ အဖက်မတင်ပေး။ အဲလိုနဲ့ မိဘတွေက ဘယ်လိုမှ မတတ်နိုင်တော့အဆုံး ကောင်လေးကို ကျောင်းကထုတ်ပြီ ရွာပြန်ခေါ်ခဲ့ရတော့တယ်။ ရွာရောက်မှ တဖြည်းဖြည်းသွေးအေးသွားတဲ့ ကောင်လေးကို သူ့ရည်းစားရဲ့ လုပ်ရပ်တွေကို ပြောပြရှင်းပြပြီ မိဘတွေဘက်ပြန်ပါလာအောင် ပြန်သိမ်းသွင်းခဲ့ရတယ်။ အခုတော့ ကောင်လေးဟာ အသက်အရွယ်လေး ကြီးပြင်းရင့်ကျက်လာတော့ ဟိုတစ်ချိန်က အဖြစ်အပျက်တွေအတွက် နောင်တရမိနေသလို စွန့်လွှတ်လိုက်ရတဲ့ စင်္ကာပူကျောင်းသားဘ၀လေးကို နှမျောမိနေတယ်။ နှမျောမိပေမယ့် သဘောပေါက်ခဲ့တဲ့ ဘ၀သင်ခန်းစာတွေကြောင့် လောကရဲ့သဘောထားတွေကို တော်တော်သိနေပါပြီ။ မိဘတွေအနေနဲ့လည်း တော်တော်သင်ခန်းစာရနေပါပြီ။ သားသမီးတွေရဲ့ ဆယ်ကျော်သက်အရွယ် စိတ်ကစားတတ်တဲ့အရွယ်မှာ မိဘမျက်စိအောက်မှာပဲ ထားသင့်ပြီ မျက်ခြေမပြတ်လိုက်ကြည့်နေဖို့လိုအပ်၊ သားသမီးယုံ တစ်စုံလုံးကန်းဆိုသလိုမျိုး ယုံသင့်သလောက်ပဲ ယုံကြည်သင့်၊ အခုလိုအဖြစ်အပျက်တွေက ရွာမှာလည်း ရှိနေတာ ကြားကြားနေရတယ်။ ကျောင်းသူတွေ မိမိသားသမီးတွေနဲ့ အကြောင်းမတူကြပါစေလို့ ဆုတောင်းနေရမှာပေါ့.......
⇄Detect language » Hungarian
Permalink Reply by Mr. Moon on May 3, 2011 at 8:40pm မရေးတာလည်း တော်တော်ကြာသွားပြီ စုဆောင်းထားတဲ့ အတင်းအဖျင်းတော့ အများကြီးကျန်နေသေးတော့ ဆက်ပြီ ဖောက်သည်ချရတာပေါ့။ အိမ်ရှင် အိမ်ငှား အိမ်ရှယ်တွေရဲ့ အတင်းအဖျင်းတွေက ပိုများနေတော့ အဲဒီအကြောင်းတွေပဲ ဆက်ရေးရတယ်လေ။ ဒီမှာအလုပ်လာလုပ်တဲ့သူတိုင်း ကြုံတွေ့နေရတော့ အဖြစ်အပျက်တော်တော်များများကို ကြိုသိထားရင် ကြိုတင်ရှောင်ရှားနိုင်သလို ပိုမိုဆင်ခြင်နိုင်တာပေါ့။ အသိမိတ်ဆွေတစ်ယောက်ဆိုရင် စကားပြောဖြစ်တိုင်း အိမ်ပြဿနာတွေပဲ ပြောပြောနေတော့ သူ့အဖြစ်အပျက်လေးကိုပဲ ဒီတစ်ခေါက်မှာ ရေးဖြစ်ပြီထင်ပါရဲ့။ သူကတော့ ရန်ကုန်သား ရန်ကုန်သားဆိုပြီ မြို့ကြီးသားဖြစ်ကြောင်း ပြောလေ့ရှိသလောက် Complain သိပ်များတဲ့သူဗျာ။ သူပြောသမျှ နားထောင်လိုက်တိုင်း သူ့အလွန်ချည်းပဲ။ စည်းကမ်းက ရေတိုက်စားတာများလို့ ပြိုနေတဲ့ ကမ်းအတိုင်းပဲ။ ရန်ကုန်သားလို့ ပြောတာပြောတယ် ရန်ကုန်မြို့လယ်ကနေ ၂ နာရီလောက် ကားစီးသွားမှ သူနေတဲ့နေရာကို ရောက်မှာဆိုတော့ သူ့အဖြစ်တွေကို နားလည်ပေးရတာပေါ့လေ။ အိမ်ရှင်က အမြဲ Complain လုပ်တယ်တဲ့။ ဘာတွက် Complain လုပ်သလဲလို့ မေးတော့ သူပြောပြပုံက....
သူက မေ့တတ်တော့ အလုပ်သွားရင် အခန်းမီးမပိတ်သွားဘူး အဲယားကွန်းမပိတ်သွားဘူး မနက်စာတစ်ခုခုစားပြီတိုင်း အိုး၊ ပန်ကန်၊ ခွက်ယောက်တွေ မဆေးသွားဘူး အိမ်သာမီးမပိတ်သွားဘူးတဲ့ဗျာ။ တခါတလေ ရေဖွင့်ပြီ ထားခဲ့တာတောင်ရှိသေးတယ်တဲ့။ သြော် တော်တော်သနားစရာကောင်းနေတော့ အပြစ်မမြင်ရက်ပါဘူးလေ။ သူမေ့တတ်တာကို အိမ်ရှင်က နားလည်ပေးရမယ့် ပုံစံမျိုးနဲ့ ပြောနေတော့ ဘာပြန်ပြောရမှန်းမသိအောင် အံ့သြရမယ့် အတ္တသမားပါလားနော်။ ကျွန်တော်က အကြံပေးလိုက်ပါတယ် မိမိတာဝန်တွေကို စာရွက်မှာ စာလုံးကြီးကြီးနဲ့ရေးပြီ တံခါးမှာ ကပ်ထား၊ ရေချိုးခန်းမှာ ကပ်ထား၊ မီးဖိုခန်းမှာ ကပ်ထားပေါ့။ ဒါတောင် ထပ်မေ့နေသေးတယ်ဆိုရင် လည်ပင်းမှာ ဆွဲထားပေတော့။ သြော်.... သူ့ခမျာ သူ့အိမ်မှာ အိမ်ဖော်တွေ အများကြီးနဲ့ နေခဲ့သလိုပဲနော်။ နောက်က အကုန်လိုက်လုပ်ပေးနေရမယ့်သူ မရှိမဖြစ်လိုအပ်နေတော့ မိန်းမသာ အမြန်ယူလိုက်ပါတော့လို့ ငေါ့ပေးလိုက်ရတယ်လေ။
အတူနေတဲ့ အခန်းဖော်လည်း Complain အမြဲလုပ်တယ်တဲ့။ အိပ်ရင် ဟောက်သံကျယ်တယ်၊ အိပ်ချိန် သန်းခေါင်ကျော်မှာ မီးဖွင့်တတ်တယ်၊ သူများအိပ်ချိန်မှာ ပစ္စည်းကိုင်တာ လက်မမြဲဘဲ ခဏခဏ လွတ်ကျတတ်တယ်၊ ဗီဒိုတံခါးပိတ်ရင် အခန်းတံခါးပိတ်ရင် အသံကျယ်တယ်၊ သူများအိပ်ချိန်မှာ အကြိမ်အရေအတွက်မရေနိုင်အောင် ၀င်လိုက်ထွက်လိုက် အမြဲလုပ်တတ်တယ်တဲ့ဗျာ။ ဒီထက်ဆိုးတာက တခါတလေ အိမ်သာတက်ပြီရင် ရေမဆွဲချသွားတတ်တာတဲ့။ သေပြီဆရာ။ တစ်ခုမှ ကောင်းတာ မတွေ့ဘူး စည်းကမ်းဆိုတာ သူ့ရန်သူများ ဖြစ်နေပြီလား။ အေးလေ ဘာတတ်နိုင်မှာလည်း ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ ကျင်လည်ခဲ့တဲ့အသိုင်းအ၀ိုင်းတွေကြောင့် အမှတ်မထင် ဖြစ်ခဲ့တာကနေ အကျင့်တစ်ခုဖြစ်လာခဲ့တာပေါ့လေ။ ခက်တာက သူ့ကိုယ်သူ ပြန်မမြင်တတ်တာပဲ။ သူအမြဲမှန်တယ်လို့ ယူဆနေတော့ ခက်ပြီပေါ့။ အိပ်ရင် ဟောက်တတ်တဲ့အတွက် အိပ်ခါနီး ရေသောက်ပါ၊ ဘေးစောင်းအိပ်ပါ၊ အဲယားကွန်းကို သိပ်အေးအောင် မဖွင့်အိပ်ရင် ဟောက်သံပျောက်သွားမှာပါ။ သူများအိပ်ချိန်မှာ အမြဲအလုပ်ရှုပ်တတ်ရင် ကိုယ်ပိုင်ညအိပ်မီးလေး ဆောင်ထားပါ၊ ပစ္စည်းတွေကိုင်ရင် သတိထားပါ လွတ်ကျသံက အိပ်နေသူကို လန့်နိုးစေတော့ ဒေါသထွက်ပြီ ထမထိုးတာပဲ ကံကောင်းတယ်မှတ်ပါ၊ တံခါးတွေ အပိတ်အဖွင့်မှာ သတိထားပြီ ညင်ညင်သာသာပိတ်ဖွင့်တတ်အောင် လေ့ကျင့်ထားပါ၊ ၀င်လိုက်ထွက်လိုက်အကြိမ်ရေမများအောင် ယူရမယ့်ပစ္စည်း လုပ်ရမယ့်ကိစ္စတွေကို ကြိုတွေးထားပြီ တခါတည်း ယူထုတ်လာပါ ထပ်မေ့သေးရင် နောက်တခါလောက်တော့ နားလည်ပေးလို့ရမှာပါ။ အိမ်သာတက်ပြီရင် ရေဆွဲဖို့မမေ့အောင် စာကပ်ထားပါ။ ဒါတောင် အဆင်မပြေသေးရင် ရှယ်မနေနဲ့တော့ တစ်ခန်းလုံးငှားပြီ နေတာ ပိုကောင်းလိမ့်မယ်။ နားလည်မှုဆိုတာ အတိုင်းအတာရှိတယ် ကိုယ်ကလုပ်ချင်တာလုပ်နေပြီ သူများက ကိုယ့်ကို တစ်ချိန်လုံးနားလည်ပေးနေရမယ်ဆိုတာကတော့ သိပ်လွန်တာပေါ့။ ရှယ်နေတာပဲ ဆိုးအတူကောင်းအတူ ခံရမယ်လို့ စည်းပျက်ကမ်းပျက်တွေ ပြောနေဆိုနေ ဆင်ခြေပေးနေကျဆိုပေမယ့် ဆိုးအတူပဲ ဖြစ်နေတော့ ခံရတဲ့သူဘက်က ကိုယ်ချင်းစာပြီ စဉ်းစားပေးသင့်တာပေါ့။ အချိန်ကြာလာတော့ သူလည်း သူ့နေရာမှန်ကို ရောက်သွားတာပဲလေ။ အလုပ်ပြုတ်ပြီ ရွာပြန်ရောက်သွားလေရော။ အိမ်မှာတောင် အဲလောက် မေ့တတ် စည်းပျက်ကမ်းပျက်နေတတ်တော့ အလုပ်ထဲမှာ ဘယ်လိုနေမလဲဆိုတာ ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနဲ့ သိနေတော့ သိပ်မအံ့သြမိတော့ပါဘူးလေ။
နောက်တစ်ယောက်ကတော့ ခံရတဲ့သူဘက်က ပြောပြတာလေ။ သူ့အခန်းဖော်ကလည်း အပေါ်ကသူထက် နည်းနည်းသာမှာပါ။ စည်းကမ်းတော့ရှိတယ် နားလည်မှုမရှိတာ။ သူက ပညာသားပါပါ ပြန်လုပ်ပေးလိုက်မှ အခန်းပြောင်းပြေးသွားလေရော။ သူက အေးဆေးသမားပါ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တော့ အခန်းထဲမှာ သူရှိနေမှန်း အိမ်ရှင်တောင် မသိရလောက်အောင် ငြိမ်သက်လွန်းတဲ့သူပေါ့။ အရင်က သူ့အခန်းဖော်တွေက မဆိုးပါဘူး သူနဲ့အဆင်ပြေတယ် နားလည်မှုတွေရှိကြတယ် စည်းကမ်းလည်းရှိကြတယ်။ သန့်သန့်ပြန့်ပြန့်နေတတ်ကြတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းသွားကြတော့ မတတ်နိုင်ဘူးလေ။ နောက်ရောက်လာတဲ့သူကတော့ သူ့နဲ့ ဆန့်ကျင်ဘက်တွေပဲ။ သူက ငြိမ်သက်လွန်းသလောက် သူ့အခန်းဖော်ကတော့ မျက်စိမခံနိုင် နားမခံနိုင်လောက်အောင် အလုပ်ရှုပ်နေတတ်တယ်လေ။ လာလိုက်တဲ့ ဖုန်း၊ ချက်တင်က အဆက်မပြတ်၊ ဒီကြားထဲ ဗီဒီယိုကို အသံကျယ်ဖွင့်ကြည့်လေ့ရှိသေးတယ်ဆိုတော့ သူ စိတ်ညစ်လာတာပေါ့။ ဖုန်းပြောရင် ရွာမှာ လိုင်းမမိလို့ ပြောနေရသလို ၃ အိမ်ကျော်လောက်အထိကြားရတတ်တယ်၊ သူများအိပ်ချိန်တောင် မရှောင်ဘဲ ကုတင်ပေါ်မှာပဲ ဖုန်းပြောနေတတ်တော့ ဘေးက အိပ်နေတဲ့ သူက လန့်နိုးသွားတဲ့အပြင် ဆက်အိပ်လို့မရနိုင်လောက်အောင် အချိန်အကြာကြီး ပြောနေတတ်တယ်၊ ချက်တင်ပြောရင်လည်း ထိုနည်းလည်းကောင်းပဲ ညအိပ်ချိန် သန်းခေါင်ကျော်အထိ မပြီတမ်း ကြူ နေတတ်တယ်၊ ဗီဒီယိုကြည့်ရင်လည်း အသံကျယ်ကျယ်ဖွင့်ထားတဲ့အပြင် ရယ်ရတဲ့ဇာတ်ကွက်တွေ့ရင် ဟက်ဟက်ပက်ပက် အော်ရယ်တတ်တော့ သူ သည်းမခံနိုင်လောက်အောင် ဖြစ်လာပြီဆိုတော့ သူ အိမ်ပြောင်းဖို့ ပြင်ဆင်လာရော။ သူက တမျိုးကောင်းတာက Complain ပြန်လုပ်လေ့မရှိဘူး။ စကားနည်း ရန်စဲ သဘောပေါ့လေ။ ဒါနဲ့ ကျွန်တော်က အကြံပေးလိုက်ပါတယ် ဘာမှ သွားမပြောနေနဲ့လို့ ကိုယ်လည်း နေချင်သလို နေလိုက်လို့၊ နောက်ပြီ စပီကာကောင်းကောင်းနဲ့ ၀ူဗာကောင်းကောင်း တစ်စုံလိုက် ၀ယ်ထားလိုက်လို့၊ အဲလောက်ရင်းလိုက်တာနဲ့ အိမ်ပြောင်းစရာမလိုတော့ဘူးလို့ ပြန်ပြောလိုက်တယ်။ သူ့အလုပ်နဲ့ အိမ်က နီးနေတော့ အလုပ်သွား အလုပ်ပြန် အစစအရာရာအဆင်ပြေနေတော့ မပြောင်းစေချင်ဘူးလေ။ အိမ်ရှင်နဲ့လည်း အဆင်ပြေနေတော့ နောက်အိမ်ရှင် ဆိုးဆိုးနဲ့ တွေ့နေမှ ခက်နေလိမ့်မယ်လေ။ တစ်ခန်းလုံးငှားပြီ နေဖို့ကလည်း အခန်းလခ များများ အကုန်အကျမခံချင်တာရယ်၊ အေးဆေးသမားဆိုတော့ တော်ရုံသိတတ်နားလည်တတ်တဲ့ဘယ်သူနဲ့မဆို ရှယ်နေလို့ရနေတာရယ်ကြောင့် အထက်က ကျွန်တော့်အကြံကို လက်ခံကျင့်သုံးလေရော။ သူ့အခန်းဖော် ဘယ်ခံနိုင်မလဲ ပြန်ပြီ Complain လုပ်ဖို့ကလည်း သူတုန်းက ဘာမှ Complain မလုပ်ထားတော့ ပြောရခက်နေတာနဲ့ မကြာပါဘူး ပြောင်းပြေးရော။ အသံကို အသံနဲ့ ပြန်တိုက်ပေးလိုက်တာ အကောင်းဆုံးတုန့်ပြန်မှုပါပဲ။ ဖုန်းပြောတာပဲဖြစ်ဖြစ်၊ ချက်တင်ပြောတာပဲဖြစ်ဖြစ်၊ ဗီဒီယိုတောင် အခန်းထဲမှာ မကြည့်နိုင်လောက်အောင် သူ့အခန်းဖော်ရဲ့ ကျယ်လောင်သံတွေကို သူ့ဝူဗာတစ်စုံရဲ့အသံက ၀ါးမျိုထားလိုက်တော့ သူ့အခန်းဖော်ဘာတတ်နိုင်မှာလဲ။ ကံကောင်းတာက အခန်း လုံတော့ အသံတွေ အပြင်သိပ်မထွက်ဘူးလေ။ အဲဒီနောက်ပိုင်း ဖုန်း၊ ချက်တင်ပြောရင် တိုးလာရော၊ နားချက်နဲ့ ဗီဒီယိုကြည့်တတ်လာရော၊ နောက်ဆုံး နေရထိုင်ရတာ ကျဉ်းကြပ်လာတယ်ထင်ပါရဲ့ အိမ်ပြောင်းသွားလေရော။ မြန်မာတွေ အတုယူတတ်တယ် ဘာညာပြောနေကြပေမယ့် စည်းကမ်းအပိုင်းမှာတော့ အတုမယူတတ်ကြသေးပါဘူး။ သူများဘယ်လိုနေတယ် မိမိကို စိတ်အနှောင့်အယှက်ဖြစ်လား စသဖြင့် အမြဲမပြတ်သတိပြုနေပြီ ကောင်းတဲ့အကျင့်လေးတွေကို အတုယူပြီ နေထိုင်ကြမယ်ဆိုရင် ဒီအတင်းအဖျင်းတွေလည်း ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ အသွင်မတူလို့ ဒေါသထွက်ပြီ ပြဿနာအဖြစ်မခံပါနဲ့၊ ပညာသားပါပါ ပြန်လည်ချေပနိုင်အောင် လေ့လာထားတာ အကောင်းဆုံးပါ။
နောက်မှ ဆက်တော့မယ်.......
© 2012 Created by Admin Team.