Myanmar in Singapore

Please, forward this and invite Myanmar in Singapore.

မြန်မာနည်းပါ ကန်စွန်းရွက် ချဉ်စပ်လေး စားကြမလား

သူငယ်ချင်းတို့ စားကောင်းတာလေး တစ်နည်းပြောမယ်
တို့က ကန်စွန်းရွက်ကြိုက်တော့ အမျိုးမျိုးလုပ်စားဖြစ်တယ်

ဒီနည်းလေးကိုလုပ်စားကြည့်ပါလား
 ပထမဦးစွာ ခရမ်းချည်သီး ကိုပါးပါးလှီး ပဲပြားကိုလည်း မထူမပါး အတုံးသေးလေးတွေလှီး
ငရုပ်သီးစိမ်း အနေတော်လှီးပါ ဒယ်အိုးထဲကို ဆီထည့်ပါ ဆီကိုနည်းနည်းပဲသုံးပါ ဆီဆူလာရင် ဆားနည်းနည်းထည့်ပါ ဆီဆူတဲ့အထဲကို ဆားအရင်ထည့်တာဟာ ဟင်းနံ့ကို ပိုမွှေးစေပါတယ်

ြီပီးတော့ ခရမ်းချည်သီးကိုထည့်မွှေပါ ခရမ်းချည်သီး နူးအိလာရင် ပဲပြားတုံးထားတာလေးတွေထည့်ပါ မွှေပေးပါ ပြီးတော့ ငရုပ်သီးစိမ်းထည့်ပါ ကန်စွန်းရွက်ထည့်ပြီး ခဏလေး အုပ်ထားပါ တစ်အောင့်လောက်နေရင် ဖွင့်ပြီး ဆား၊အသားမှုန့် ဟင်းခပ်မှုန်း အနေတော်ထည့်ပြီးရင် .........အရမ်းကောင်းတဲ့ ဟင်းတခွက်ရပါပြီ
ကဲ ........မြိတ်ရှက်စွာ သုံးဆောင်ကြပါစေရှင်

Views: 680

Replies to This Discussion

Tks. will try :)
စားချင်တယ်..စားချင်တယ်..
i want to eat so much now Ma Ma cos i miss so much the food u know,can u cook for me?
ဖတ်ရတာနဲ့ကို သွားရည်ယိုလာပြီ။ ခေါ်ပြိးကျွေးရင်တော့ အရမ်း၊ အရမ်းကို ကျေးဇူးတင်ပလိုက်မယ်
We will do that as you instruct. Thanks in deep.
အရမ်းကျေးဇူးတင်ပါတယ်အမ. ဒီလို စားကောင်းချက်ဖွယ်နည်းလေးများရှိရင် ပြောပေးကြပါလားခင်ဗျာ။ကျွန်တော့်တော့မချက်တတ်တော့ ရေလုံပြုတ်ပဲ ချက်စားဖြစ်တယ်။စင်ကာပူမှာ စားစရာရှားတယ်။ အရမ်းကျေးဇူးတင်စွာဖြင့်
Attachments:
Thanks
Ma Chaw ချက်ကျွေးတာပဲစားချင်တာ :)
Thanks ur suggest.
By cooking according with your great instruction make me taste very delicious .
Thanks in deep.
Be whatever you want or wish.
thank,
thanks.

RSS

Info


iPhone ၊ iPad များနှင့် Internet Explorer ၊ Mozilla Firefox ၊ Google Chrome ၊ Safari အစရှိသော browser များတွင် Myanmar in Singapore မှ အကြောင်းအရာများအား Myanmar font ထည့်သွင်းထားစရာမလိုဘဲ ဖတ်ရှုနိုင်ပါပြီ။

Supported Version

• Firefox 4.0 or later
• Chrome 10.0 or later
• Safari 5.0 or later
• iOS 4.0 or later

Tips

iPhone တွင် ၀င်ကြည့်၍
Mobile Version ဖြစ်နေပါက Screen ၏ အောက်ဆုံးရှိ View Regular Version of This Page ကိုနှိပ်လျှင် မြန်မာလိုမြင်ရပါမည်။

Click for more information !

Latest Blog Posts

Popular Blog Posts

© 2012   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service

Share