Myanmar in Singapore

Please, forward this and invite Myanmar in Singapore.

လ္ဘက်ခြောက်ရွက် ချဉ်ငံစပ် သုပ်ပြီးစားကြည့် ကောင်းမှန်းသိ

သူငယ်ချင်းတို့ရေ---

ဒီတခါ အချက်အပြုပ်မဟုတ်ပဲ အသုပ်လေးသုပ်ရအောင်နော်
တခါတလေ ချက်စားတာတွေက အီတယ် အီတော့ ထမင်းစားပြီးပဲဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းစုံရင် ရေနွေးခြမ်းလေးနဲ့ဖြစ်ဖြစ် အသုပ်လေးတွေ သုပ်စားရအောင်နော်...
သူငယ်ချင်းတို့ အခုသောက်နေတဲ့ရေနွေးခြမ်းက လ္ဘက်ခြောက်ကို သုပ်စားဖူးလား
အရမ်းကောင်း.......အားကြီးကောင်းနော် လုပ်ကြည့်ပါလား
ဘာမှမခက်ဘူး-----

ရေနွေးအိုးထဲက လ္ဘက်ခြောက်ရွက်ကို ယူ သုပ်တာပါ
လ္ဘက်ခြောက်ရွက်က ရေနွေး အိုးထဲက ဖြစ်ရပါမယ် သူငယ်ချင်းတို့ များများသုပ်စားမယ်ဆိုရင် လက်တဆုပ်စာ လ္ဘက်ခြောက်ဖက်ကို ရေနွေးအရင်သောက်ပေါ့ အရည်ကျလာတဲ့လ္ဘက်ခြောက်ရွက်ကို သုပ်တာပါ အဖက်က အရမ်းလည်းမပျော့သွားစေနဲ့ မာနေလို့လည်းမဖြစ်ဘူး လ္ဘက်ခြောက်ဖက်ကိုလည်းမြည်းကြည့်ပါ မသုပ်ခင် ခါးသေးတယ်ဆို နောက်တရည် ထပ်စိမ်ပါ ရေနွေး ထပ်သောက်ပေါ့ ရေနွေးနဲ့ပဲ စိမ်ရပါမယ်  ပြီးရင် အရည်ညှစ် ဓါးနဲ့ပါးပါးလှီးပါ --

ကြက်သွန်နီကိုရွရွ လေးဆီသပ်
ပုဇွန်ခြောက်မှုန့်
မြေပဲကိုလေးဆိပ်ကွဲထောင်း
ကြက်သွန်နီ ကိုပါးပါးလှီးထည့်
အချို အငံနဲ့မန်ကျီးနှစ်လေးကိုဖျော်ထည့် ငရုပ်သီးစိမ်း (သို့)အမှုန့် ကြိုက်သလိုထည့် အစာများတော့လည်းပိုကောင်းပါတယ် ကြက်သွန်နီကို ဆီသပ်တာရော် အစိမ်းရော် ထည့်ရပါမယ်
ပမာဏ ကတော့ ကိုယ်စားမဲ့ပေါ်မှာမူတည်ပြီး ထည့်ရပါမယ် ပြီးရင် အသုပ်လို နယ်လိုက်ပြီး
သုပ်ကြည့်ပါလားးးး အားးးးးးးပါးးးးးးးးးးးပါးးးးးးး
အရမ်း ---အရမ်းကောင်းနော်
ကျေးဇူးတင်နေမယ်
တကယ်ပြောတာ လုပ်ကြည့်

Views: 339

Replies to This Discussion

ဟုတ်ကဲ့ အချိန်ရတာနဲ့ မမချော သင်ပေးတဲ့ ဟင်းတွေ အသုပ် တွေအားလုံးကိုတစ်မျိုးပြီးတစ်မျိုးလုပ်စားမှာပါ ကျေးဇူးလည်း အရမ်းတင်ပါတယ် ခုလိုသင်ပေးလို့လေ ပြီးတော့ ဟင်းချက်ကောင်းတဲ့ မမချောကိုလည်း စိတ်ထဲမှာ အရမ်းကိုခင်ချင် သိချင်ရင်းနှီးချင်တဲ့စိတ်လည်း တဖွားဖွားဖြစ်မိပါတယ်

မမချောကတော်တော်အချက်အပြုတ်ကောင်းမဲ့ပုံပဲနော် ယွန်းလဲအဲလိုအစ်မတယောက်လောက်တော့လိုချင်နေတာနဲ့ အတော်ပဲမမရေ :-)

RSS

Info


iPhone ၊ iPad များနှင့် Internet Explorer ၊ Mozilla Firefox ၊ Google Chrome ၊ Safari အစရှိသော browser များတွင် Myanmar in Singapore မှ အကြောင်းအရာများအား Myanmar font ထည့်သွင်းထားစရာမလိုဘဲ ဖတ်ရှုနိုင်ပါပြီ။

Supported Version

• Firefox 4.0 or later
• Chrome 10.0 or later
• Safari 5.0 or later
• iOS 4.0 or later

Tips

iPhone တွင် ၀င်ကြည့်၍
Mobile Version ဖြစ်နေပါက Screen ၏ အောက်ဆုံးရှိ View Regular Version of This Page ကိုနှိပ်လျှင် မြန်မာလိုမြင်ရပါမည်။

Click for more information !

Latest Blog Posts

Popular Blog Posts

© 2012   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service

Share