Myanmar in Singapore

Please, forward this and invite Myanmar in Singapore.

ဝက်သားတုပ်ထိုး ကိုယ်တိုင်လုပ်... သန့်ရှင်းလက်ဆက် အချည်ဖျော်ထည့် ...လုပ်ပြီးစားကြည့်...အရသာသိ

ကဲ သူငယ်ချင်းတို့ရေ......
ဒီတစ်ခါတော့ မချောရဲ့ဟင်းလျှာတွေထဲက ၀က်သားတုပ်ထိုး ကိုယ်တိုင်လုပ်နည်းလေးပေါ့
အပြင်မှာစားရင် တချို့က မလက်ဆက်တက်ဘူး အချည်ရည်လဲ လက်ကျန်ဖြစ်မှာကြောက်ကြတယ် ကိုယ်တိုင်လုပ်စားတော့ အားလုံးစိတ်ချရတာပေါ့နော့

ကဲပြောပြမယ်နော်.... မခက်ပါဘူး လွယ်လွယ်လေးရယ်ပါ
ပထမဦးစွာ..၀က်သားတုပ်ထိုး နည်းကိုအရင်ပြောပြမယ်

ဝက်သားကိုရေစင်စွာဆေးကြောပြီး ဆား၊ဟင်းခပ်မှုန့် ၊အရောင်အတွက် ကြာညို့(သို့)အရောင်ထည့်ဆေးမှုန့်အနည်းငယ်ထည့်ပါ ကြက်သွန်ဖြူ နဲ့ဂျင်းကိုထောင်းပြီး အရည်ညှစ်ထည့်ပါ ဂျင်းဖက်ကို ပါးပါးလှီးပြီး ထည့်ပါ
ပြီး ရေနည်းနည်းနဲ့အရင်ပြုပ်ပါ ၊၀က်သားနူးလာသည်အထိ ရေနည်းနည်းနဲ့ ပြုပ်ပေးပါ နူးလာပြီဆို ရေများများထည့်ပါ ရေကျန်က ဟင်းချိုအတွက်ပေါ့နူးလာတဲ့ဝက်သားကို ဆယ်ထားပါ ကျန်တဲ့အရည်ထဲကို ရှောက်ရွက် (သို့)တရုတ်နံနံ ရွက်ကိုပါးပါးလှီးပြီး အပေါ့အငံမြည်းကြည့် ဟင်းချိုတခွက်ရပြီပေါ့နော်...
ကဲ ဆယ်ထားတဲ့ဝက်သားကို သူငယ်ချင်းတို့ ကြိုက်နှစ်သက်ရာ အရွယ်တုံးပါ တုပ်ထိုးထားပေါ့

ဒုတိယ အချက်ကတော့ ချည်ရည်ဖျော်နည်းပါ
ချည်ရည်ဖျောတာဟာ အမျိုးစုံရှိပါတယ်
ဝက်သားတုပ်ထိုးနဲ့အလိုက်ဖက်ဆုံး ချည်ရည်ကတော့ ငရုပ်ဆီပါ
တချို့က ငရုပ်ဆီကို ဆေးပါလို့ မစားရဲကြပါဘူး သန့်ရှင်းတဲ့ ငရုပ်ဆီ ရှိပါတယ်
(1) ငရုပ်ဆီနဲ့ မန်ကျီးသီးမှည့် စပ်တူ အချည်ရည်
ဒါကတော့ မန်ကျီးသီးမှည့်ကိုရေစင်စွာဆေးပါ ပြီး ရေနွေးနဲ့စိမ်ချင်စိမ် ဒါမှမဟုတ် ပြုပ်ပါ ငရုပ်ဆီ အနည်းငယ် နဲ့မန်ကျီးသီးစိမ်ထားတာကို သမပါ
နံနံပင်၊ငရုပ်သီးစိမ်း၊ကြက်သွန်ဖြူ များကို ပါးပါးလှီးထည့်ပါ ထညက် အနည်းငယ်ကို ချေထည့်ပါ ထညက်ကို ရေနွေးနဲ့စိမ်လည်းရပါတယ် ဆား အချိုမှုန့် အနည်းငယ်ထည့်ပါ။။

(2) မန်ကျီးမှည့်တစ်မျိုးတည်းအချည်ဖျော်နည်း
ဒါကတော့ မန်ကျီးမှည့်ကို ဖျော်ပါ ထညက် အနည်းငယ်ထည့်ပါ ကြက်သွန်ဖြူ ထောင်းထည့်ပါ ငရုပ်သီးလေးခြမ်းကွဲ(မှတ်ချက်-ဒီငရုပ်သီးလေးခြမ်းကွဲက အစိမ်းမဟုတ်ပါဘူး အခြောက်လှန်းထားတဲ့ ငရုပ်သီးပါ)ကိုထည့်ပါ နံနံပင်ကိုပါးပါးလှီးထည့်ပါ
ဆား ၊အချိုမှုန့် ထည့်ပါ။

ကဲ...လုပ်စားကြည့်ပါလား စားကောင်းတယ်နော်
မချောက ၀က်သား မစားပါဘူး ဒါပေမဲ့ အိမ်မှာတော့ လုပ်ကြွေးပါတယ်
စားကောင်းနိုင်ပါစေ။

ဟိတ် ..၀က်သားစားရင် နူးနေအောင်ပြုပ်ဖို့မမေ့နဲ့နော်
ဝက်သားထဲက ပိုးက တော်တော်နဲ့မသေဘူး မချောဒါကြောင့်မစားတာ

Views: 738

Replies to This Discussion

ဟုတ်ကဲ့သေချာပေါက် လုပ်စားဦးမှာ .......
ကျေးဇူးပါပဲ..အ၇မ်းကောင်းတယ်..၀က်သားတုပ်ထိုးလုပ်စားတာ...
ငရုတ်ဆီ တံဆိပ်ကို သိပါရစေ။ တစ်ချို့ တွေက အချဉ်ရည်ထဲကို ထန်းညက်နဲနဲထည့်တယ်လို့ ကြားဖူးပါတယ်။
အမရယ် ကိုယ်တိုင်လုပ်တော့ အနံနဲ့အီပြီး မစားနိုင်ဘူး။ အမလုပ်တဲ့အခါ ဖိတ်လိုက်ပါလားဟင်။ လာစားမယ်လေ... :)

RSS

Info


iPhone ၊ iPad များနှင့် Internet Explorer ၊ Mozilla Firefox ၊ Google Chrome ၊ Safari အစရှိသော browser များတွင် Myanmar in Singapore မှ အကြောင်းအရာများအား Myanmar font ထည့်သွင်းထားစရာမလိုဘဲ ဖတ်ရှုနိုင်ပါပြီ။

Supported Version

• Firefox 4.0 or later
• Chrome 10.0 or later
• Safari 5.0 or later
• iOS 4.0 or later

Tips

iPhone တွင် ၀င်ကြည့်၍
Mobile Version ဖြစ်နေပါက Screen ၏ အောက်ဆုံးရှိ View Regular Version of This Page ကိုနှိပ်လျှင် မြန်မာလိုမြင်ရပါမည်။

Click for more information !

Latest Blog Posts

Popular Blog Posts

© 2012   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service

Share