Please, forward this and invite Myanmar in Singapore.
ကျနော်သိတဲ့မုန့်ဟင်းခါးချက်နည်းပြောပါမယ်။
မုန့်ဖတ် ၁ပိသာအတွက်ပါ။ လိုအပ်တာတွေက ငါးအသား=၂၀သား၊ ကြက်သွန်နီဥကြီး၃လုံး၊ ကြက်သွန်ဖြူ-၁၀သား၊ ကုလားပဲ-၁၅ကျပ်သား၊ ဆန်လှော်မှုန့်-၁၀သား၊ ဆီ ၂၀သား၊ ဂျင်း-၁၀သား၊ စပါးလင် ဥကြီး ၃ဥဖြစ်ပါတယ်။ ပထမဆုံး ငါးကို ဆနွင်းအနည်းငယ်၊ ဂျင်းအနည်းငယ်၊ စပါးလင်၁ဥနဲ့ရောပြီးပြုတ်ပါ။ စပါးလင်းကို ကွဲအောင်ထုထားပြီးထည့်ရပါတယ်။ ငါးကျက်ရင်ချပြီး အအေးခံ အသားနွင်ထားပါ။ ကြက်သွန်နီဥကြီး ၃ဥကို မထူမပါးလှီးထားပါ။ ကြက်သွန်နီးအဖြူ၊ ဂျင်း၊ စပါးလင်ကို ညက်အောင်ထောင်းထားပါ။ ကုလားပဲကို နူးအိအောင်ပြုတ်ပြီး ချေထားပါမယ်။ ဆီပူလာရင် ကြက်သွန်နီအရင်ဆီသတ်ပြီး နွမ်းတဲ့အခါ ထောင်းထားတဲ့ကြက်သွန်နီးအဖြူ၊ ဂျင်း၊ စပါးလင်ကိုထည့်ပါမယ်။ အနံမွှေးလာသည်အထိဆီသတ်ပါတယ်။ နောက် ငါးအသားနဲ့ပဲကိုထည့်ပါမယ်။ ဆီနည်းနေတယ်ထင်ရင် ဆီနည်းနည်း ထပ်ထည့်နိုင်ပါတယ်။ ဆီအရောင်လှအောင် အရောင်တင်မှုန့် ပုံမှန်ဟင်ခပ်ဇွန်း ၁ဇွန်းစာနဲ့ ဆနွင်းကြိုက်ရင် ကော်ဖီဇွန်း၁ဇွန်းစာထည့်နိုင်ပါတယ်။ ဆီသတ်ပြီးတဲ့အခါ ရေအေး လီတာဝက်လောက်ထည့်ပြီး ဆန်လှော်ကိုရေဖျော်ထားတာကို ရေအေးနဲ့ပျော်အောင်ဖျော်ပြီးထည့်မွှေပါမယ်။ ဆန်လှော်ထည့်စဉ် အိုးထဲက ရေဟာ အေးနေရပါမယ်။ ရေပူပူထဲကိုထည့်မိရင် ဆန်လှော်တွေဟာ လုံးခဲသွားတတ်ပါတယ်။ ဆန်လှော်ကိုမွှေပြီးနောက် ရေအေးထပ်ထည့်ပါမယ်။ အချိုအငန်မြည်းထည့်ပါမယ်။ ဟင်းရည်ဆူပွတ်လာတဲ့အထိ မကြာမကြာမွှေပေးဖို့လိုပါတယ်။ တချို့က ငှက်ပျောအူကို ထည့်ပါတယ်။ ငှက်ပျောအူအနုကို အကွင်းလေးတွေ လှီးထားပြီး ဆားရယ် ဆနွင်းရယ်နဲ့စိမ်ထားရပါမယ်။ နောက်မှရေနဲ့ပြန်ဆေးလို့ ဟင်းရည်ချက်တော့ တစ်ခါတည်းထည့်ပြုတ်လိုက်တာပါ။ ဟင်းရည်အတွက် ရေထည့်ရမဲ့ပမာဏကတော့ ပျမ်းမျှအားဖြင့် မုန့်ဖတ်၁ပိသာကို ရေ ၃လီတာခွဲလောက်လိုပါတယ်။ ဟင်းရည်များများထည့်စားချင်ရင်တော့ ၅လီတာလောက်ထည့်ပေါ့နော်။ မြောင်းမြမုန့်ဟင်းခါးကတော့ ငရုတ်ကောင်းကို လှော်ပြီးထောင်းထည့်ပါတယ်။ မန္တလေးမုန့်ဟင်းခါးကတော့ ငရုတ်ကောင်းမထည့်ပါဘူး။ ဘဲဥ၊ ကြက်ဥကို အလုံးလိုက်ဖြစ်စေ၊ လှီးလို့ဖြစ်စေထည့်ကြပါတယ်။ ဒါကတော့ ကျနော်တို့အမြဲချက်စားဖြစ်တဲ့ မုန့်ဟင်းခါးချက်နည်းဖြစ်ပါတယ်။
ဟင်းရည်ကိုဆူပွက်ပြီးနောက် အနည်းဆုံးမိနစ်၂၀လောက်ပုံမှန်မီးအပူနဲ့ဆက်ထားလိုက်ရင် ရေနည်းနည်းခန်းသွားတာကို ဟင်းရည်ကျတယ်ခေါ်ပါတယ်။ ဟင်းရည်ကျတဲ့အခါမှ ငါးဖယ်ကြော်၊ အကြော်၊ နံနံပင်၊ ငရုတ်သီးကြော်၊ အချဉ်တို့ထည့်ပြီးစားကြပါတယ်။
© 2012 Created by Admin Team.