Myanmar in Singapore

Please, forward this and invite Myanmar in Singapore.

Information

Volunteers

စင်္ကာပူမှာ သူငယ်ချင်းတို့  ဘာတွေ Volunteer လုပ်နေလဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်အချိန်လဲ စတဲ့ မင်္ဂလာရှိတဲ့ သတင်းလေးတွေ ဒီနေရာကနေ မျှဝေကြရအောင်။ နတ်၊ လူ သာဓုခေါ်စေသော်ဝ်.......

Members: 11
Latest Activity: Mar 3

Discussion Forum

This group does not have any discussions yet.

Comment Wall

Comment

You need to be a member of Volunteers to add comments!

Comment by KaeKae0 on March 3, 2012 at 11:43am

သတင်းကောင်းလေး ရှဲပါရစေရှင်။

----

ပညာဒါန(အခမဲ့)အခြေခံ နေ့စဉ်သုံး တရုတ်စကားပြော အမြန်အတတ်သင်(13-ရက်)သင်တန်း၊ 17-မတ်-2012 တွင်စမည်။

*Pls call 90054738/ 97341415 for your enquire. no sms please. Location: No.17, Jalan Sendudok, Sembawang Springs Estate, Singapore 769454 Dhamma Garden Buddhist Society (Singapore) Class Time: Every Saturday @ 7:00pm to 9pm.

***Class for Myanmar Adult only please.

Thank you.

 

Comment by Steven Than on September 15, 2010 at 10:02am
အကျွတ်အလွတ်စုပေါင်းဒါနပြုပွဲ
နေ့ရက်။ ၂၄-၁၀-၂၀၁၀ (တနင်္ဂနွေနေ့)
အချိန်။ နံနက် (၈)နာရီ တွင် အလှူပွဲစတင်ပါမည်။
နေရာ။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ရေဝေးသုသာန်ခန်းမဆောင်။

ကလျာဏနွယ်ဝင် သူတော်စင်အပေါင်းတို့
လူသားတိုင်းတွင် ရှည်လျားသော သံသရာခရီးတစ်လျှောက်ဝယ် မိဟောင်း၊
ဖဟောင်း၊ ဆွေဟောင်း၊ မျိုးဟောင်းတို့ ရှိခဲ့ကြစမြဲဖြစ်ပါသည်။
ယင်း မိဘဆွေမျိုးများအနက် အချို့သည် အကြောင်းအမျိုးအမျိုးကြောင့်
မကျွတ်မလွတ်ဘဲ ဝေမာနိက ပြိတ်တာဘုံတွင် ဒုက်ခဆိုးကို ခံစားနေရပြီး
ကျန်ရှိနေပါက ရောက်ရှိခံစားနေသော ဘ၀ဆိုးမှ ကျွတ်လွတ်ကြစေရန်အတွက်
ရည်စူးလှူဒါန်း ဒါနပြု အမျှပေးဝေကြရန်မှာ သားသမီးတို့ ၀တ်တရား၊ ဆွေမျိုး
တို့၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ဆွေမျိုးတို့၏ ၀တ်တရားကို ဆောင်ရွက်သည့်အနေဖြင့် (၇)ရက်
သားသမီးများ စုပေါင်း၍ နှစ်စဉ် ကျင်းပမြဲဖြစ်သော အကျွတ်အလွတ် စုပေါင်းဒါနပြုပွဲ
ကို ယခုနှစ်တွင်လည်း (၃၁) နှစ်မြောက် ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့်
ရှင်တော်မြတ်ဘုရား အမှူးထား၍ သီလ၊ သမာဓိ၊ ပညာ၊ သိက်ခါသုံးပါးနှင့် ပြည့်စုံ
တော်မူသော ဆရာတော် အရှင်သူမြတ်တို့အား ရန်ကုန်တိုင်း မင်္ဂလာမြို့နယ်
ရေဝေးသုသာန်ခန်းမသို့ ပင့်ဖိတ်၍ ဆွမ်း၊ သင်္ကန်း အစရှိသော လှူဖွယ်ပစ်စည်း
အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်း၍ ဘ၀ဆွေမျိုး အကျွတ်အလွတ်သေးသော
ဝေမာနိကများအား အမျှပေးဝေမည် ဖြစ်ပါသဖြင့် ကြွရောက် ကြည်ညိုကြပါရန်နှင့်
ပါဝင်လှူဒါန်းကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
တစ်စုံတစ်ရာ ဆက်သွယ်မေးမြန်းလိုပါက ဦးသန်းလှိုင် (94997831) သို့ ဆက်သွယ်
နိုင်ပါသည်။
အလှူငွေအား တစ်ဦးလျှင် S$2 ဖြင့်ထည့်ဝင်လှူဒါန်းနိုင်ပါသည်။
Bank transfer POSB (Saving account) 153-72326-5 သို့ လှူဒါန်းနိုင်ပါသည်။
အလှူငွေထည့်ဝင်ပြီးသော အလှူရှင်များသည် အောက်ပါ မေးလ်သို့မဟုတ် SMS
ဖြင့် အမည် နှင့် e-mail address ကို ihcsingapore@gmail.com သို့အကြောင်းကြားပေးပါရန်။
Comment by sinpout on August 29, 2010 at 10:56pm
ကျွန်တော်က မဲဆောက်ကပါဗျာ။ မဲဆောက်မှာ ဘော်လန်တီယာ အလုပ်ကိုလည်း လုပ်နေဆဲသူပါခင်ဗျာ။ စင်ကာပူမှာ ၀ိုင်းလုပ်ဖို့ ကျွန်တော်တက်နိုင်တာများ ရှိမလားလို့ပါ။
ဘာဘဲဖြစ်ဖြစ် ကျွန်တော်လည်း ၀ါသနာပါ ပါတယ်။ သူများတွေလုပ်တာကိုလည်း ချီးကျူးအားပေးပါတယ်ဗျာ။ ကျွန်တော် မဲဆောက်ကနေ ဘာလုပ်ပေးရမလဲပေါ့။
၁. လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စာတွေဝိုင်းရေးပေးရမလား
၂. Project Discussion or Idea ပိုင်းဆိုင်ရာ အထောက်အကူအဖြစ် ၀ိုင်းဆွေးနွေးပေးရမလား
၃. အခြား ကဏ္ဍတခုပေါ့ပေါ့ဗျာ ကျွန်တော်တက်နိုင်လေး ၀ိုင်းလုပ်ပေးနိုင်ပါသည်။

လေးစားစွာဖြင့်
မောင်စည်သူ
 

Members (11)

 
 
 

Info


iPhone ၊ iPad များနှင့် Internet Explorer ၊ Mozilla Firefox ၊ Google Chrome ၊ Safari အစရှိသော browser များတွင် Myanmar in Singapore မှ အကြောင်းအရာများအား Myanmar font ထည့်သွင်းထားစရာမလိုဘဲ ဖတ်ရှုနိုင်ပါပြီ။

Supported Version

• Firefox 4.0 or later
• Chrome 10.0 or later
• Safari 5.0 or later
• iOS 4.0 or later

Tips

iPhone တွင် ၀င်ကြည့်၍
Mobile Version ဖြစ်နေပါက Screen ၏ အောက်ဆုံးရှိ View Regular Version of This Page ကိုနှိပ်လျှင် မြန်မာလိုမြင်ရပါမည်။

Click for more information !

Latest Blog Posts

Popular Blog Posts

© 2012   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service

Share