Myanmar in Singapore

Please, forward this and invite Myanmar in Singapore.

Aye Nyein
  • Male
  • Yangon
  • Myanmar
Share

Aye Nyein's Friends

  • ကိုကို
  • Yazadariz
  • u tin soe
  • Ko Thura
  • Yarwanna
  • Kyi Wynn
  • khin
  • mayphyo
  • myat min zaw
  • Ma Khaing
  • richard
  • Wai Yan
  • aung seintun
  • Lynn Htet Sandar
  • phyuhninaye

Gifts Received

Gift

Aye Nyein has not received any gifts yet

Give a Gift

 

Aye Nyein's Page

Latest Activity

Rachel Kyaw liked Aye Nyein's blog post ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်
Tuesday
KoPu commented on Aye Nyein's blog post ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်
"တကယ်ကောင်းတဲ့ ပို့ စ်လေးပါ။ အခုလက်ရှိ အခွင်အာဏာရှိသူတွေ သိပြီး လိုက်နာသင့်ပါတယ်။ မိမိကိုယ်ကျိုးထက် နောင်ဖြစ်လာမဲ့ အကျိုးဆက်တွေကို စဉ်းစားပေးဖို့ အချိန်တန်ပါပြီ။"
Tuesday
mariesaw say liked Aye Nyein's blog post တောလွမ်းချင်း (၂)
May 21
mariesaw say liked Aye Nyein's blog post Civil Engineer ဆိုင်ရာစာတမ်းဖတ်ပွဲ
May 21
Thet Nyo Htwe liked Aye Nyein's blog post ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်
May 21
mariesaw say liked Aye Nyein's blog post ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်
May 20
minjae commented on Aye Nyein's blog post ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်
":"((("
May 20
Pyae Phyo liked Aye Nyein's blog post ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်
May 17
Mr. Moon liked Aye Nyein's blog post ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်
May 16
Aye Nyein posted a blog post

ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်

(၁) လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟူသော ခေါင်းစဉ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဟောပြောပွဲတစ်ခုကို မေလ ၄ ရက်နေ့၌ ကျွန်တော် သွားရောက်ဟောပြောခဲ့ပါသည်။ ၀န်ကြီးဌာနပေါင်းစုံမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှုး၊ အင်ဂျင်နီယာချုပ် အစရှိသည့် အရာရှိကြီးများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ပါသည်။  ထိုဟောပြောပွဲတွင် ကျွန်တော် ရွှေဓါတ်ငွေ့ပိုက်လိုင်းအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။            ရွှေဓါတ်ငွေ့ပိုက်လိုင်းအကြောင်းမပြောမီ အိန္ဒိယနိုင်ငံ၊…See More
May 16
badguy liked Aye Nyein's blog post ကာမေသု မိစ္ဆာစာရာ (၂)
May 10
htar liked Aye Nyein's blog post လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲ
May 1
KaeKae0 liked Aye Nyein's blog post စင်ကာပူက “ရေ”
Apr 23
Thant Zin Win liked Aye Nyein's blog post စင်ကာပူက “ရေ”
Apr 22
Aye Nyein commented on Aye Nyein's blog post ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၈)
"Dear Sayapann, I am quite busy in these days, so sorry. I try to make it short. Thank you very much."
Apr 17
sayapann commented on Aye Nyein's blog post စင်ကာပူက “ရေ”
"Very good post, ko an.. those who have responsibility for water supply in myanmar shall read ur post.. Cheers!!!"
Apr 17

Profile Information

Gender
Male
Birthday
April 8, 1962
Studying / Working
Working
Your Profession
Engineer
MRT Station Near Your Home
Lake Side
Interests
Reading

Aye Nyein's Blog

ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်

Posted on May 16, 2012 at 9:14pm 2 Comments

(၁)

 

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟူသော ခေါင်းစဉ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဟောပြောပွဲတစ်ခုကို မေလ ၄ ရက်နေ့၌ ကျွန်တော် သွားရောက်ဟောပြောခဲ့ပါသည်။ ၀န်ကြီးဌာနပေါင်းစုံမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှုး၊ အင်ဂျင်နီယာချုပ် အစရှိသည့် အရာရှိကြီးများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ပါသည်။  ထိုဟောပြောပွဲတွင် ကျွန်တော် ရွှေဓါတ်ငွေ့ပိုက်လိုင်းအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

           …

Continue

လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲ

Posted on April 15, 2012 at 8:40pm 0 Comments

 

  လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲ

  (ဦးအေးငြိမ်း)

         

နေ့ရက်။       ။ ၂၂၊ ၄၊ ၂၀၁၂ (တနင်္ဂနွေ)

အချိန်။         ။ ညနေ ၆ နာရီ မှ ၇…

Continue

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၈)

Posted on April 15, 2012 at 9:51am 3 Comments

(၆၆) အသက်တစ်ရာမနေရ၊ အမှုတစ်ရာတွေ့ရ

သို့နှင့်ပင် ကျွန်ုပ်လည်း မြန်မာပြည်တစ်ခေါက် ပြန်ရောက်ပြန်လေတော့၏။ မြန်မာပြည်ပြန်မည်ဆိုတော့ ထုံးစံအတိုင်း သူငယ်ချင်းများက မြန်မာတို့ထုံးစံအတိုင်း လူကြုံပါးကြသည်ပေါ့။ ကိုမြင့်သိန်းက ဒါလေးယူသွားပေးစမ်းပါ ဆိုပြီး ဒီဗီဒီ ပလေယာကို ပလတ်စတစ်အိတ်အနီနှင့် ထုပ်ပေးလိုက်သည်။

ကျွန်ုပ်မှာ တိတိကျကျသေသေချာချာ လုပ်တတ်သလောက် နမော်နမဲ့နိုင်သူဖြစ်လေရကား ရန်ကုန်လေဆိပ်တွင် ပြဿနာ တက်ခဲ့ရပုံကလေး ပြန်ပြောင်းဖောက်သည်ချချင်ပါသည်။

ကျွန်တော်အိမ်ပြန်ရောက်တော့…

Continue

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၇)

Posted on March 28, 2012 at 10:39pm 2 Comments

(၆၃) သင်္ဘောကျင်းများနှင့် ဖူးစာဆုံရပြန်ခြင်း

 

စင်ကာပူရောက်စ ပထမနှစ်များ၏ အတွေ့အကြုံကြောင့် သင်္ဘောကျင်းဟုဆိုလျှင် အမှန်ပင်ကျွန်တော် ကျောချမ်းမိပါသည်။ သို့သော် Union Alloy ကလည်း အလုပ်များမရလိုက်နဲ့။ ရလိုက်လျှင် Jurong Island နှင့် သင်္ဘောကျင်းများသာ ဖြစ်၏။ ကျွန်တော့်မှာ ၀က်ဖြစ်မှတော့ ဟိုဒင်းကြောက်နေလို့မရ ဟု သဘောပိုက်လျှက် အလုပ်ရသည့်နေရာ သွားလုပ်ရသည်။ ဖြူသော၊ မဲသော၊ ကြိုက်သော၊ မကြိုက်သော ဘာမှဇံရွေးမနေနိုင်။ သို့အတွက် ပြောစတမ်းဆိုလျှင် စင်ကာပူမှ သင်္ဘောကျင်း များ၌…

Continue

Comment Wall (14 comments)

You need to be a member of Myanmar in Singapore to add comments!

Join Myanmar in Singapore

At 1:00am on January 29, 2012, Ko Thura said…

ဟုတ်ကဲ့ပါဆရာ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ကျန်းမာချမ်းသာပါစေ

ခင်မင်လေးစားစွာဖြင့်-

ကိုသူရ

At 9:10pm on January 24, 2012, Ko Thura said…

ဆရာ ခင်ဗျား -

ဆရာ့ကို ယုံကြည်အားကိုးစွာဖြင့် တစ်ခုလောက် မေးခွင့်ပြုပါခင်ဗျား။ ကျွန်တော်သည် စင်္ကာပူမှာ အလုပ်လာလုပ်ဖို့ ဒီမှာ ဆေးစစ်ကြည့်တာ တီဘီဓါတ်မှန်မှာ အဆင်မပြေ ဖြစ်နေပါတယ်ဆရာ။ တီဘီရှိနေတယ်လို့ အဖြေထွက်နေပါတယ်။ ဒါနဲ့ အဆုတ်သမားတော်ကြီး နှစ်ဦးနဲ့ ပြသကြည့်ပါတယ်။ တီဘီအတွက် blood test လုပ်ခိုင်းလို့ ထပ်လုပ်ရပါသည်။ အဖြေကတော့ တီဘီမရှိပါတဲ့။

ကျွန်တော်သည် 2000 ခုနှစ် က တီဘီကို အပြင်းအထန် ဖြစ်ခဲ့ဘူးပါသည်။ တစ်နှစ်ကျော် ဆေးစားပြီးလို့ လုံးဝပျောက်ကင်းသွားခဲ့ပြီးလည်း ဖြစ်ပါသည်။ အဲဒါ အခုကျမှ ဓါတ်မှန်ရိုက်ကြည့်တော့ ဓါတ်မှန်မှာ တီဘီအရိပ်လက္ခဏာများ တွေ့ရတယ်လို့ ဓါတ်မှန်ဆရာဝန်က ပြောပါသည်။ သို့သော် သမားတော်နှစ်ဦးစလုံးက ပြောတာတော့ တီဘီမဟုတ်ပါ။ ယခင်က ဖြစ်ခဲ့ဘူးသော ဒဏ်ရာဟောင်း scar သာ ဖြစ်သည်ဟု အတည်ပြုပြောဆိုကြပါသည်။

အဲဒါ ပထမ ပြကြည့်သော သမားတော်ကတော့ ကျွန်တော့အတွက် ဆေးထောက်ခံစာ တစ်စောင်တော့ ရေးပေးလိုက်ပါသည်။ စာထဲမှာက တော့ ၂၀၀၀ ခုနှစ်က တီဘီ ဖြစ်ဘူးသည်။ တစ်နှစ်ကျော် ဆေးကုသခံယူပြီး ဖြစ်သည်။ ယခု လက်ရှိအခြေနေတွင် ကျန်းမာရေး ကောင်းမွန်သည်။ ဓါတ်မှန်စစ်ချက်အရ ယခင် ဒဏ်ရာဟောင်း scar တွေ့ရှိရသည်။ အလုပ်အကိုင်အတွက် တာဝန်ထမ်းဆောင်ရန် ကြံ့ခိုင်မှု ရှိသည်။ တစ်နှစ်တစ်ခါ check up ပြုလုပ်ရန် အကြံပြုသည်  ဆိုပြီး ထောက်ခံစာ ရေးပေးထားပါသည်။ ယခင်က ဓါတ်မှန် အဟောင်းများကို တင်ပြရန် ယူသွားဖို့နဲ့ treatment တစ်နှစ်ကျော် ယူထားပြီး ပျောက်ကင်းသွားပြီး ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြဖို့လည်း အကြံပြုထားပါသည်။

ဒုတိယ ပြကြည့်သည့် သမားတော်ကလည်း တီဘီမဟုတ်၊ ယခင်ဒဏ်ရာဟောင်း scar ဖြစ်သည်။ ဆေးစားရန် မလို။ ဆေးစားလို့လည်း scar က မပျောက်ပါ။ နိုင်ငံခြားထွက်မယ်ဆိုရင် သူတို့ကတေ့ ပြန်လွှတ်မှာပဲ။ scar ရှိရင် မရ။ ထောက်ခံစာလည်း သူတို့က လက်မခံဘူးလို့ အဲသလို ပြောပါသည် ခင်ဗျား။

အဲဒီကိစ္စနဲ့ပတ်သက်လို့ တီဘီရောဂါမရှိပါဘဲ ယခင်ဒါဏ်ရာဟောင်း scar ရှိနေခြင်းကို ဓါတ်မှန်များနှင့်သမားတော် ထောက်ခံစာနှင့်တကွ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တင်ပြလို့ ရနိုင် မရနိုင်၊ စင်္ကာပူ ကျန်းမာရေးဌာနမှ အဆိုပါ ကေ့စ်မျိုးအတွက် ဘယ်လို သတ်မှတ်ထားလဲဆိုတာ သိချင်ပါသည် ခင်ဗျား။

ဆရာ ဦးအေးငြိမ်းက စင်္ကာပူမှာ နေတာကြာပြီဆိုတော့ အဆိုပါကိစ္စမျိုးအတွက် ကြားမြင် သိရှိထားတာမျိုး ရှိကောင်း ရှိနိုင်ပါသည်။ သို့ပါ၍ ဆရာ့ကို အကူညီတောင်းရခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် အဲဒီရောက်မှ အလုပ်ရှာရမှာ ဖြစ်ပါသည်။ ထွက်ခွာရန်အတွက် လေယာဉ်လက်မှတ်နဲ့ ဗီဇာများလည်း စီစဉ်ထားပြီးသား ဖြစ်ပါသည်။

ကျွန်တော့်မေးခွန်းများသည် ဆရာ့အတွက် အခက်အခဲဖြစ်မယ်၊ တစ်စုံတစ်ရာ စိတ်အနှောက်အယှက် ဖြစ်စေတယ်ဆိုရင် တောင်းပန်ပါသည် ခင်ဗျား။ ကျွန်တော့်မေးခွန်းများကို မဖြေပဲ နေလိုက နေလို့လည်း ရပါသည် ခင်ဗျား။

ကျန်းမာရွှင်လန်းပါစေ

ခင်မင်လေးစားစွာဖြင့်-

ကိုသူရ

At 1:09pm on January 17, 2012, Ko Thura said…

ဟုတ်ကဲ့ပါဆရာ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ကျန်းမာချမ်းသာပါစေ

ခင်မင်လေးစားစွာဖြင့်-

ကိုသူရ

At 1:00pm on January 17, 2012, Ko Thura said…

ဆရာ ခင်ဗျား-

ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ။ ကျွန်တော်က စင်္ကာပူကို Computer Network Engineer လိုင်းနဲ့ ထွက်လာဖို့ ပြင်ဆင်နေသူတစ်ယောက်ပါ။ အခု s-pass က မချပေးတော့ဘူးလို့ ပြောသံကြားရပါတယ်။ မတ်လအတွင်း ချမပေးတော့ပဲ မတ်လ နောက်ပိုင်းမှ အစည်းအဝေးပြန်ထိုင်ပြီး ချ / မချ ဆုံးဖြတ်မယ်လို့ ကြားရပါတယ်။ ကျွန်တော်က ဖေဖေါ်ဝါရီ် လဆန်းပိုင်းလောက် ထွက်လာဖို့ ပြင်ဆင်ထားလို့ပါ။ အဲဒါ ဆရာများ သိထားတာရှိရင် ဖြေကြားပေးစေလိုပါသည် ခင်ဗျား။

ကျန်းမာချမ်းသာပါစေ-

ခင်မင်လေးစားစွာဖြင့်-

ကိုသူရ

At 2:11am on January 8, 2012, Ko Thura said…
ဆရာ့ရဲ့ ပြန်လည်ဖြေကြားပေးချက်ကို လက်ခံရရှိပါသည်။ ကျေးဇူးပါဆရာ။ ကျန်းမာချမ်းသာပါစေ။

ခင်မင်လေးစားလျှက်-
ကိုသူရ
At 8:33pm on January 7, 2012, Ko Thura said…

ဆရာ ခင်ဗျား- ဆရာ့ရဲ့ ခရစ္စတိုဖာ ပေါက်ကျိုင်း၏ အထုပ္ပတ္တိ ဆောင်းပါးများကို ဖတ်ရတာ အရမ်းအကျိုး ကျေးဇူး များပါသည်။ အဲဒီအတွက် ကျေးဇူးတင်ပါသည်။ ဆရာ့ကို ကျွန်တော် သိလိုတာလေး တစ်ခုရှိလို့ မေးပါရစေခင်ဗျား။ နိုတြီပြန်ထားပြီး MOFA မှာ တံဆိပ်တုံးထုထားတဲ့ စာရွက်စာတမ်းတွေက သက်တမ်းဘယ်လောက်အထိ အကျုံးဝင်ပါသလဲ။ ကျွန်တော် လုပ်ထားတာတော့ 6 လ လောက်ရှိနေပါပြီ။ ကျွန်တော် စင်္ကာပူမှာ အလုပ်လျှောက်ဖို့ရာမှာ သုံးဖို့အတွက်ဖြစ်ပါသည်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဆရာ သိထားတာများ ရှိရင် အမြန်ဆုံး ဖြေကြား ပေးစေလိုပါသည် ခင်ဗျား။

ကျေးဇူးတင်စွာဖြင့်-

ကိုသူရ

At 3:38pm on October 30, 2011, လွမ်းမေဦး said…

At 10:27pm on September 28, 2011, မြင့်မြတ်အောင်(ခ) Mc-Thu T@ said…
http://groups/lovecenter92/home
Facebok အကွက်အားနိုပ်ပီး Allow လုပ်ချင်းဖြင်ဝင်ရောက်နိုင်ပါတဃ်နော်
▀▄▀▄▀▄▀▄▀▄▀▄▀▄▀▄▀▄▀▄▀▄

╔═════════════════★
Tuяn Up Tнe Vσℓυмe♪
:
: .ılı.------Volume------.ılı.
: ▄ █ ▄ █ ▄ ▄ █ ▄ █ ▄ █
: Min- - - - - - - - - - -●Max
:
: ► Play ▌▌ Pause ■ Stop
╚═════════════════★

▀▄▀▄▀▄▀▄▀▄▀▄▀▄▀▄▀▄▀▄▀▄
At 10:06pm on May 15, 2011, Moe Nya said…

ဆရာ ..

အရမ်းကျေးဇူး တင်ပါတယ် ...

ကျွန်တော် ဒီကဗျာကို အရမ်းကြိုက်ပါတယ် ... နေ့လည်က ဆရာ ရွတ်ပြတုန်းက ကျွန်တော် အရမ်းစိတ်ထိခိုက် ခဲ့ရပါတယ် ...။ ဒါကြောင့် ပြန်လည် ခံစားချင်လို့ပါ ...။ ကျေးဇူးပါ ဆရာ ...။

 
 
 

Info


iPhone ၊ iPad များနှင့် Internet Explorer ၊ Mozilla Firefox ၊ Google Chrome ၊ Safari အစရှိသော browser များတွင် Myanmar in Singapore မှ အကြောင်းအရာများအား Myanmar font ထည့်သွင်းထားစရာမလိုဘဲ ဖတ်ရှုနိုင်ပါပြီ။

Supported Version

• Firefox 4.0 or later
• Chrome 10.0 or later
• Safari 5.0 or later
• iOS 4.0 or later

Tips

iPhone တွင် ၀င်ကြည့်၍
Mobile Version ဖြစ်နေပါက Screen ၏ အောက်ဆုံးရှိ View Regular Version of This Page ကိုနှိပ်လျှင် မြန်မာလိုမြင်ရပါမည်။

Click for more information !

Latest Blog Posts

Popular Blog Posts

© 2012   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service

Share