Myanmar in Singapore

Please, forward this and invite Myanmar in Singapore.

All Blog Posts Tagged 'ကဗျာ' (405)

ဘ၀သံသရာ

ဘ၀သံသရာ

ကျွန်တော့်ကို ပြောကြတယ်

အဖေရော အမေရော

အားလုံး အိမ်ထောင်သည်တွေရော။

အချစ်ဆိုတာ ပူတယ်တဲ့

မအေးချမ်း ဘူးတဲ့။

သူတို့ပြောချိန်မှာ အချစ်ဆိုတာ

ကျွန်တော့်မှာ ရှိနေခဲ့ပြီ။

သူတို့ပြောတာနဲ့ တစ်ခြားစီ

အချစ်ဆိုတာ အေးချမ်းလိုက်တာ

တမ်းတလိုက်ရုံနဲ့ ပန်းသမျှပြေလိုက်တာ

တစ်နှစ်အကြာ အိမ်ထောင်ကျ

သားတစ်ယောက် ရလာပြီ။

လောကဓံနဲ့ စတွေ့လာတော့

ပျော်ရွှင်မှု့တွေလဲ လျော့လာ

စားဝတ်နေရေးက…

Continue

Added by Ye latt on January 22, 2013 at 11:17am — No Comments

ခေါင်းစဉ်မသိသောစလေဦးပုည၏ရှေးဟောင်းကဗျာ

ခေါင်းစဉ်မသိသောစလေဦးပုည၏ရှေးဟောင်းကဗျာ

မျက်နှာကို  

ခြေနှင့် ကျောက်စေတော့  

သွေမဖောက် ခုနော်  

လင်ငါးယောက်ပေါ်စေ

ကျွန်တော်က မလွဲ

တစ်သက်လုံးလင်ငယ်နေပါ

သည်မေကို ရိုးပြာကျစွဲ

ချစ်လှလို့ သည်းညည်းခံသည်  

ဆဲရေးသံကိုလည်း  

အငြိမ့် သံပွဲလို့ စိတ်ထဲကထင်တယ်   

ကွာမည်ကို မဆိုလိုက်ပါနှင့်  

မယ်ရိုက်လျှင် ကုန်းခံပါ့မယ်   

ဖိနပ်နှင့် အရပ်လယ်မှာ…

Continue

Added by Ye latt on January 21, 2013 at 11:54am — No Comments

ဘီလျံနာသူဌေးကြီး ရေဂျော့ဆိုးရော့စ်၊မြန်မာပြည် ရှိ ခေါင်းဆောင်အချို့နှင့်ဆွေးနွေးခြင်း

ဘီလျံနာသူဌေးကြီး ရေဂျော့ဆိုးရော့စ်၊မြန်မာပြည် ရှိ ခေါင်းဆောင်အချို့နှင့်ဆွေးနွေးခြင်း…


Continue

Added by Ye latt on January 7, 2013 at 9:59pm — No Comments

မယ်ဖွဲ့တေးထပ်

မယ်ဖွဲ့တေးထပ် (ဦးပုည)

 မြယုဂန် ဗွေစွန်းက၊

ငွေဝန်းပွင့် မူရာ၊

ရွှေကွန်းမြင့် ကျွန်းမာလာငယ်၊

ယုဇနာ တခန့် နှစ်ခန့်၊

ကြာကုမုဒ် ဝတ်ရည်ရည်၊

ဆွတ်ကြည်ကြည် သင်းပျံ့သင်းပျံ့။

နုကြန့်ကြန့် ငုံစီမြွာ၊

ပဒုံနီတျာ မဖန့်တဖန့်၊

ဖလ်ရောင်ချည် အချပ်အချပ်၊

အထပ်အထပ် စိန်ဆင့်လို့စီ။

ကမလ မြေကေသီငယ်၊

နတ်ဒေဝီ ပုံနှိုင်းတော့၊ဘုံတိုင်းမှာ၊

မမြင်မမြင်၊လေးခင်ခင့်ပြင်၊

တနေ့ထက် တနေ့ယဉ်သည်၊

တဆင့်နှစ်ဆင်…

Continue

Added by Ye latt on December 24, 2012 at 4:01pm — No Comments

သရော်စာ

သရော်စာ

တောထွက်ချင်စိတ်ကယ်နှင့်၊

သပိတ်ကိုလွယ်၊

သားရေနွယ်ကွဲ့ရှာတုန်း။

ချောင်အနီးမှာပေ၊

မောင်ကြီးကိုတစ္ဆေကိုက်လိမ့်မယ်၊

မင်းလိုက်ခဲ့အုန်း။ 

ဦးပုညဒွေးချိုး

Added by Ye latt on December 24, 2012 at 3:57pm — No Comments

သံဝေဂဖွဲ့

သံဝေဂဖွဲ့ (ဦးပုည)

 ပျော်မမွေ့နိုင်ဘု၊

ဓလေ့ကိုတဲ့ ငြီးတော့တယ်။

ကိုင်ပုတီး၊သစ်သီး ညှာအကြွေနှင့်၊

မေဓာဝေ သူတို့ထုံးလို၊

ဘုန်း မွေ့တော့မယ်။

ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊

စက်ဆုပ်လို့ မငြိတွယ်၊

ဖြတ်မယ်ပ ခင်လေး။

ဘာဝနာ၊သစ်နက်ကယ် လျှော်တေဟာနှင့်

၊မန်းသေလာ တောင်အကွေ့မှာလ၊

ယနေ့ပင် တဝါဆိုတော့မယ်၊

ယဉ်နဂို ညိုညိုနုရယ်၊

မင်းသာဓု ပေး။ ။

ဦးပုည(လေးဆစ်)

Added by Ye latt on December 24, 2012 at 3:52pm — No Comments

သစ္စာတိုင် (တြိချိုး)

သစ္စာတိုင် (တြိချိုး) – (ဦးပုည)

ကြက်ညီနောင် ရေဝယ်မျောစေတော့၊
မြကြော မင်းဝံရွှေတောင်၊
လဲတော့မရှောင်။

အာကာဘောင်၊
ကြယ်ပြောင်ကွဲ့ မြေလူး။

ပြည်ဇေယျာ၊
လေလာလျှင် မြေပါရွေ့စေတော့၊
ခင်လေ့ကို မောင်မမုန်းတယ်၊
သုံးဘဝကူး။ ။

ဦးပုည
(တြိချိုး)

Added by Ye latt on December 24, 2012 at 3:49pm — No Comments

သံဝေဂ တေးထပ်

သံဝေဂ တေးထပ် – (ဦးပုည)



ဆယ့်လေးနှစ် ဖူးစတောင်၊

ဘီလူးမ ထင်တယ်၊

တဦးမှ မခင်တွယ်ပေါင်၊

စင်ကြယ်တဲ့စိတ်ဇော၊

မိန်းမက လက်ကုတ်လာတောင်၊

စက်ဆုပ်တာ များတဲ့သဘော။



ပုဂ္ဂိုလ်မြတ် တောင်ဖီလာလို၊

ချောင်မှီကာ စုံတော၊

မောင်သည်ခါ ဘုံလျှောလို့၊

တုံဏှဘော နေချင်၊

နတ်ကညာ လာ၍စီးသော်လည်း၊

သဘက်ကြီး…

Continue

Added by Ye latt on December 24, 2012 at 3:49pm — No Comments

လမင်းထက် နှစ်လေးသာ

လမင်းထက် နှစ်လေးသာ (ဦးပုည)



ကောင်းခြောက်ဆယ်လေးရပ်နှင့်



သွေးထပ်ထပ် ရုပ်ညီ



ရှေးနိပါတ် ထုတ်မှီသည်



ဖုဿတီ ထွတ်(ထွဋ်)ထား



ဗိမ္မာနတ် ကိန္နရီလို



တသိင်္ဂီ ယိုးတော့မမှား။



ဥမ္မာဒ ရုစာ(ဇာ)မယ်လို



နုရှာတယ် အသား



ကုမုနွယ် နုတ်ဖျားက



ပတ္တမြား သဖွယ်



ကြယ်ဥက္ကာ ညဥ့်ရောင်မီးလိုပ



ခင့်…

Continue

Added by Ye latt on December 24, 2012 at 3:48pm — No Comments

သိကြားလိမ် (ဘုရားကိုနှစ်ရစ်လိမ်)

သိကြားလိမ် (ဘုရားကိုနှစ်ရစ်လိမ်) – ဦးပုည



နန်းမေရုပြာသာဒ်၊

လမ်းဖြတ်တဲ့ ဣန္ဒာ၊

ကမ်းသတ်လို့ နှိမ်ရှာတယ်၊

အလိမ္မာလွန်သား၊

ထောက်လှမ်းချက် သုဓမ္မာဝယ်၊

ခုအခါ လစ်ကြသလား။



ဘုရားက သိကြားကို မှာတယ်၊

ဌကထာ ရှိသား၊

သာသနာ ငါထားငဲ့၊

မမှားအောင် စေ့ဆော်၊

မကောင်းသူ့ ကောင်းသူတို့ကို၊

ကြောင်းယူလို့…

Continue

Added by Ye latt on December 24, 2012 at 3:47pm — No Comments

ကာလဆိုး

ကာလဆိုး (ဦးပုည)



ကာလနှယ် ဆိုးပါဘိ၊

သူခိုးက လူလူ၊

တောလေ့ပေါက် နန်းမူ၊

အိမ်သူကို ဧည့်စောင်း၊

သူကောင်းကို အပြစ်တင်၊

တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။ 



လေးတရာ့ဆီမှန်လျှင်၊

ရေနံလောက်မကောင်း၊

စိတ်အနေ ရုပ်ပြောင်းလို့၊

ချောင်းကိုပ မြစ်ထင်၊

တူရိယာ…

Continue

Added by Ye latt on December 24, 2012 at 3:46pm — No Comments

အကြမ်းတေးထပ်

အကြမ်းတေးထပ် – (ဦးပုည)



သူပြောင်ရင် ခေါင်ကွန့်လို့၊

ကြောင်ဝံ့တဲ့လူပါ၊

ရှောင်မတွန့် ကျောက်သော်မာရင်၊

နောက်တော်ပါ သံချောင်း၊

ပြော့ကြစို့ ညီလွယ်ရင်၊

ရွှေဆီဝယ် ချက်တဲ့ ဖယောင်း။



အိုးတော်က ပဲ့ပိန်ရင်၊

ရွဲ့လိမ်လိမ် စလောင်း၊

သူချိုရင် ကြံချောင်းပ၊

ဉာဏ်စောင်း၍ ခါးမူ၊

တမာပင်ထိပ်ဖျားက၊

ကြက်ဟင်းခါး…

Continue

Added by Ye latt on December 24, 2012 at 3:46pm — No Comments

တေးထပ်ရေးနည်း

တေးထပ်ရေးနည်း (ဦးပုည)



တေးထပ် တေးထပ် ရယ်နှင့်၊

ရေးစပ်ကြ သူငါ၊

တွေးကပ်လှ နမူနာ၊

ချူအချာ လွန်ပေါ၊

ယခုခေတ် ပြုသစ်စာ မှာ၊

ရှုချစ်စရာ ရွေးမျှမနှော။



သို့မို့ကြောင့် ကျွန်ုပ်ညီငယ်၊

မဟုတ်သည် နယော၊

နှုတ်ဝသီ သဘောမှာ၊

အဟောသိ ပယ်ပါ၊

သပြေမှာ စလေနည်း ကိုမှ၊

ဆွေမှီး၍ ပြုသင့်သည်သာ။



စပ်မူနည်း…

Continue

Added by Ye latt on December 24, 2012 at 3:45pm — No Comments

သစ္စာတိုင်

သစ္စာတိုင် (ဦးပုည)

ထုံးမတိမ်၊
ငုံး အိမ် ကျူ လ သို့၊
တူမျှစံနှိုင်း။

ထပ်တညီ၊
ကပ္ပဋ္ဌီတင်ထိုက်တဲ့၊
ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
ငါးဆင့်သမိုင်း။ ။

ဦးပုည
(ဒွေးချိုး)

Added by Ye latt on December 24, 2012 at 3:44pm — No Comments

သစ္စာပျက်မှာတမ်း

သစ္စာပျက်မှာတမ်း (ဦးပုည)

သနစ်စုံ၊
ဖြစ်ပုံဖြင့်ခက်သား။

မလေးခင် ပေလွှာရေးတယ်၊
ဝေးတရပ်ခြား။ ။

ဦးပုည
(ဒွေးချိုး)

Added by Ye latt on December 24, 2012 at 3:43pm — No Comments

ရှုလေယဉ်လေ (သိကြားမှိုင်)

ရှုလေယဉ်လေ (သိကြားမှိုင်) – ဦးပုည



နန်းရံတရာ ပဏ္ဏာခ

မန်းမန္တလ ဗွေရိပ်စံ။

စန်းစန္ဒရ ငွေဗိမာန်လို

ပင်ရွှေထိပ်ပန် ယဉ်မျာ့းပန်း။

ဂုဏ်ထူးကေလျော့ တကြော့မှန်ငယ်

မဟော့်သက်နှံ တော်လေးအမရာ့ငြမ်း။

ကပိုကရို့ သူ့အမူငယ်

ဇမ္ဗု့မတူ ပြိုင်သူလျှမ်း။

အမူ့အယူ လှိုင်ကြူပန်းသို့

ဆန်းဆိုသမျှ…

Continue

Added by Ye latt on December 24, 2012 at 3:42pm — No Comments

( စလေ ဦးပုည ) ရေးသားသည့်အလှဘွဲ့

( စလေ ဦးပုည ) ရေးသားသည့်အလှဘွဲ့…


Continue

Added by Ye latt on December 24, 2012 at 3:40pm — 1 Comment

(ဦးပုည တေးထပ်)

(ဦးပုည တေးထပ်)

ထွတ်ထွတ်ကလေး လှတယ်လို့

 

ရွရွကလေးရယ်တဲ့ လှမ်းတဲ့မေ

 

ညက်ညက်သာချောတော့

 

မနောကြည်တင့် ကျမ်းနှင့်မသွေ

 

မြင်မြင်သူမြင်တဲ့ခိုက်

 

ကြိုက်လို့ဘဲ သေသေ

 

ယဉ်ပေစွ ကျော့ကျော့ဆုံး

 

လှလှရဲ့ လှခေါင်

 

မြိတ်လွတ်ကယ် ပြေရောင်နဲ့

 

ပိတုန်းရောင် ကေသာနွဲ့ကို

 

ပန်းထည့်လို့ထုံး။

Added by Ye latt on December 24, 2012 at 3:38pm — No Comments

(ဦးပုည တေးထပ်)

(ဦးပုည တေးထပ်)

ထွတ်ထွတ်ကလေး လှတယ်လို့

 

ရွရွကလေးရယ်တဲ့ လှမ်းတဲ့မေ

 

ညက်ညက်သာချောတော့

 

မနောကြည်တင့် ကျမ်းနှင့်မသွေ

 

မြင်မြင်သူမြင်တဲ့ခိုက်

 

ကြိုက်လို့ဘဲ သေသေ

 

ယဉ်ပေစွ ကျော့ကျော့ဆုံး

 

လှလှရဲ့ လှခေါင်

 

မြိတ်လွတ်ကယ် ပြေရောင်နဲ့

 

ပိတုန်းရောင် ကေသာနွဲ့ကို

 

ပန်းထည့်လို့ထုံး။

Added by Ye latt on December 24, 2012 at 3:38pm — No Comments

တူတူပုန်း



Continue

Added by Ye latt on December 24, 2012 at 3:30pm — No Comments

Monthly Archives

2013

2012

2011

2010

2009

2008

1999

Info


Smart Phone ၊ Tablet နှင့် Computer များတွင်
Myanmar in Singapore မှ အကြောင်းအရာများအား
Myanmar font ထည့်သွင်း
ထားစရာမလိုဘဲ ဖတ်ရှုနိုင်ပါတယ်။

Smart Phone တွင် ၀င်ကြည့်၍
Mobile View ဖြစ်နေပါက
Myanmar in Singapore
title ၏ ညာဘက်ဘေးရှိ
option button ကိုနှိပ်ပြီး
Desktop View ကိုနှိပ်လျှင်
မြန်မာလိုမြင်ရပါမည်။

Click for more information !




Latest Blog Posts

Popular Blog Posts

© 2013   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service