Please, forward this and invite Myanmar in Singapore.
ယောင်္ကျားလေးတွေ အတွက်ဒီလိုမိန်းမမျိုးတွေကို အထူးရှောင်ကျဉ်သင့်ပါတယ်..။
၁..။ ချစ်သူတို့သဘာဝ အပြင်ထွက်သွားလာစားသောက်တဲ့အခါ မြင်မြင်သမျှလက်ညိုးထိုးပူဆာတတ်တဲ့မိန်းမ။
(ရှိသမျှပြောင်လိမ့်မည်..။မတတ်နိုင်သောအခါသင်ကျန်ရစ်ဖြစ်လိမ့်မည်..။ )
၂..။မိမိထက်လှသူ ဘေးကများဖြတ်လျှောက်သွားသောအခါချစ်သူကောင်လေးကမသိမသာဖြစ်စေ၊သတိလက်လွတ်၍ သိသိသာသာကြီးဖြစ်စေ လိုက်လံငေးမောကြည့်မိသောအခါလူရှေ့သူရှေ့ မရှောင် ဆွဲဆိတ်ထုနှက်ရိုက်ပုတ်တတ်သောမိန်းမ..။(အရှက်ကွဲလိမ့်မည်..။ လူ့အခွင့်အရေးဆူံးရှုံးသွားသည်ဟုသင်မကြာခဏခံစားရလိမ့်မည်)
၃..။ နေရာဒေသမရွေး၊လူသူလေးပါးမရှောင်လွန်ကဲစွာ ချိုအီချွဲနွဲ့ ပြောဆိုဆက်ဆံတတ်သောမိန်းမ (အစပိုင်းကာလတွင်မတော့သင့်အတွက်သာယာကောင်းသာယာနာပျော်ဖွယ်ဖြစ်လိမ့်မည်.။သို့သောကြာလေကြာလေ
စိတ်ပျက်စရာကောင်းလေ၊သူစကားလာပြောမှာကိုတောင်သင်စိုးရွံလာလိမ့်မည်..၊မူးချင်သလိုအန်ချင်သလိုလိုခံစားလာရလိမ့်မည်)
၎..။သင့်စကားတစ်လုံးအားဖင်ပြန်ခေါင်းပြန်တွေးကာအခဲမကြေတစ်နုံ့နုံ့နှင့်သတိရလျင်ရသလိုစကားနာထိုးနားကိုနှိပ်စက်တတ်သောမိန်းမ
(သင်ဘယ်လောက်ရှင်းပြရှင်းပြ ။ရှင်းလေရှုပ်လေဖြစ်ကာ သင်ပဲတိုင်ပတ် တစ်ပတ်ခုနှစ်ရက်ချော့ ရလိမ့်မည်)
၅..။သင်နှင့်တွေ့ဆုံသည့်အခါတိုင်းသူမအကြောင်းထက်သူတစ်ပါးအကြောင်းကိုဟုတ်တာရောမဟူတ်တာပါ
တစ်တွတ်တွတ်ပြောတတ်သောမိန်းမ
( ဆက်လက်လက်တွဲပါက စကားရှုပ်တတ်သောသူမအတွက် သင်ရှေ့နေကောင်းကောင်း လိုအပ်လာပါလိမ့်မည်)
၆..။ ရုပ်ရှင်ကြည့်ရန် ပွဲကြည့်ရန် Live show ပွဲတွေကြည့်ရန်ဝါသနာအလွန်ပါသော်လည်း စာဖတ်ရန်
လုံးဝ ဝါသနာမပါသောမိန်းမ
(သင့်နံဘေးမှာရှိသောအမျိုးသမီးလေးသည် မည်မျှပင်ချောမောလှပနေစေကာမူ စာဖတ်နည်းသည့်အတွက် အပေါ်ယံရွှေမှုန်ကြဲအထဲကနောက်ချေးခံ အလှမျိုးသာဖြစ်လိမ့်မည်..။ )
ရ..။တစ်နေ့တာဖြစ်ပျက်သမျှ.၊အိပ်ရာထမှအိပ်ရာဝင်သူမမည်သူနှင့်မည်သည့်စကားပြောသည်မည်သည့်အရာစားသည်.။
တစ်နေ့တစ်နေ့မရိုးသောပြဿနာပေါင်းစုံအား သင့်စိတ်အခြေအနေကိုမမေး သူချည်းသာတစ်တွတ်တွတ်ပြောတတ်သောမိန်းမ
( အဓိပါယ်ကတော့ မျှဝေခံစားသည်ဟုမည်သော်လည်းမလိုအပ်သောကိစ္စတော်တော်များများကိုနေ့စဉ်ကြားလာရသော
အခါအတော်စိတ်ပျက်စရာကောင်းလာပါလိမ့်မည်)
၈..။ ဆေးလိပ်မသောက်ရ၊အရက်မသောက်ရ၊KTV မသွားရ၊CLUB မတက်ရ ဟုချုပ်ချယ်တားမြစ်သည်မှာမှန်သော်လည်း .ဘောလုံးပွဲမကြည့်ရ၊Game မကစားရ၊သူငယ်ချင်းများနှင့်မသွားမလာရဟုတားမြစ်တတ်သောမိန်းမ
(ယောင်္ကျားလေးတိုင်းအထက်ဖော်ပြပါအရာများအားလုံးနှင့်မကင်းသူများရှိသလို.အချို့နှင့်မကင်းသူများလည်းရှိသည်..လုံးဝကင်းကွာနေ
နိုင်သူတစ်ယောက်မှမရှိဟုထင်ပါသည်..။ မလိုအပ်ပဲတားမြစ်ပိတ်ပင်သောကြောင့်သင့်စိတ် ထောင်ကျ သလိုခံစားလာရလိမ့်မည်)
၉..။ သင့် ညီမ. ၊ အမ ၊အမေအဒေါ်များနှင့်ပင်သွားလာစားသောက်သည်ကိုသိပါကသင့်ကိုရန်ရှာစိတ်ကောက်တတ်သောမိန်းမ။
တစ်လောကလုံးတွင်သူမမှလွဲ၍မည်သည့်အမျိုးသမီးကိုမှဦးစားပေးမဆက်ဆံစေချင်သောမိန်းမ
(သင့်ဘဝတစ်သက်တာလုံး စိတ်ကျဉ်းကျပ်စွာနေထိုင်သွားရပါလိမ့်မည်)
၁၀..။သင်နှင့်စိတ်အခန့်မသင့်တိုင်းသင့်မကောင်းကြောင်းမှန်သမျှကိုသင့်မိသားစု၊သူငယ်ချင်းများအား
လိုက်လံတိုင်ကြားပြောဆိုတတ်သောမိန်းမ
(သင်ထိုမိန်းမအားလက်ထပ်ပေါင်းသင်းမိပါကသင်တစ်သက်တာဂုဏ်သရေယုတ်လျော့ကာသင့်လုပ်ငန်းများတွင်
သင်ပြောသမျှမအောင်မြင် လူအထင်သေးခံ ရဖွယ်ဖြစ်ပါလိမ့်မည်)
ဝိုင်းဆဲခံရကိန်းရှိသည်ကိုသိသိနှင့်ရေးလိုက်ပါသည်..။ ရေးသူကျွန်မသည်မိန်းမဖြစ်ပါသည်..။ထိုထဲမှအချက်တော်တော်များများကျွန်မ မှာရှိပါသည် ဟုကြိုတင်ပြောပြ ပါရစေ..။ (အဆဲခံရတာသက်သာမလားလို့ကြိုတင်ဝန်ခံထားခြင်း)
လေးစားကျေးဇူးတင်လျက်
မနတ်သမီး
Comment
Comment by နေလရောင် on August 10, 2012 at 12:21pm ဟားဟား .......ကောင်းလှချည်လား..................thank you.......မနတ်သမီး
Comment by Myatmin Htet on July 17, 2012 at 6:19am thank....that right...............
Comment by paingsittlin on May 27, 2012 at 6:31pm ဟဟ
Comment by tuntunaung on April 3, 2012 at 5:19pm ဟီးဟီး
Comment by ဖြိုးလေး on December 16, 2011 at 12:41pm ဟီး ဟီး ဒါဆို ယူစရာ မိန်းမ မရှိတော့ဘူးပေါ့နော်... တစ်ချက်ချက်ကတော့ ငြိနေတာကို...
အားလုံးကို လိုက်လျောနိုင်တဲ့ မိန်းမဆိုရင်တော့ တော်တော် သဘောထားကြီးရလိမ့်မယ်
ဟီး အဲ့ဒီလောက် သဘောထား မကြီးနိုင်တာတော့ ခက်တယ်....:P
Comment by MIC on December 11, 2011 at 9:03pm အထက်ပါ အချက်များမှ ကင်းလွတ်သော မိန်းမ လောကကြီးမှာ မရှိပါ။
Comment by May Kyaw Shin on December 5, 2011 at 4:50pm "အဲဒီအချက်တွေရှိတဲ့ မိန်းမတွေကို ရှောင်ရမယ်ဆိုရင် လူပျိုကြီးဖြစ်ပြီ" - ဆိုတော့
အင်း-Mr.Moon တစ်ယောက်တာ့ -မဟုတ်မှလွဲရောပဲ-
လူပျိုကြီး ဘဝရောက်နေရရှာပြီထင်ပါရဲ့ --
Comment by မနတ်သမီး on December 4, 2011 at 1:05pm :) ဟုတ်တယ် Mr.Moon ရေ... အဲဒါဆိုရင်တော့ ..ကောင်မလေးတွေကျွန်မကိုဝိုင်းဆဲလိမ့်မယ် .. ခုဟာက ကျွန်မ ကယောက်င်္ကျားလေးတွေအတွက်လို့သာခေါင်းစဉ်တတ်ပေမယ့် တကယ်တန်းရည်ရွယ်တာ မိန်းကလေးတွေအတွက်ပါ .. ကိုယ့်ချစ်သူကိုယ့်နားမှာကြာကြာရှိစေချင်ရင်..တစ်သက်လုံးရှိနေစေချင်ရင် အဓိကရှောင်စေချင်တာလေးတွေပါ..။
Comment by Khine Aung Win on December 4, 2011 at 2:27am Thanks for sharing မနတ်သမီး.....
© 2013 Created by Admin Team.
You need to be a member of Myanmar in Singapore to add comments!
Join Myanmar in Singapore