7 Day News သတင်းထောက်အား ထက်ထက်မိုးဦးက ပါးရိုက်ခြင်း နှင့်ပတ်သက်သော ရှုထောင့်စုံသုံးသပ်ချက်များ

ထက်ထက်မိုးဦးနှင့် သတင်းသမား ပဋိပက္ခဖြစ်


ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးက 7 day news ဂျာနယ် သတင်းထောက် မအေးသူစံအား ကိုယ်ထိ လက်ရောက် ပြုမူလိုက်ခြင်းနှင့် ပတ်သက်၍ အနုပညာ သမားများနှင့် မီဒီယာ လောကသားများ ကြားတွင် စည်းရှိသင့် သည်ဟု ဝေဖန်
သုံးသပ်နေကြသည်။


ထက်ထက်မိုးဦး ကိုယ်ဝန်ဆောင်ထားစဉ် ခင်ပွန်းသည် ဇူးမြတ်ထက်နှင့်အတူ ဤသို့တွေ့ရသည်

နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်များနှင့် နီးစပ်သည့် လျှပ်တပြက် သတင်းဂျာနယ်
အယ်ဒီတာချုပ် ဦးမြတ်ခိုင်က အနုပညာ သမားများနှင့် မီဒီယာသမားများ အကြား
ပတ်သက် ဆက်နွှယ်မှုမှာ တဦးနှင့်တဦး အမှီသဟဲ ပြုနေရသဖြင့် တဘက်နှင့် တဘက်
ထိခိုက် နစ်နာစေလိုသည့် သဘောနှင့် မပြောဆိုသင့်ဟု ဆိုသည်။

“ကျနော်တို့ကတော့ အေးအေးဆေးဆေး ရှိတဲ့သူကို အေးအေးဆေးဆေးပဲပေါ့၊ အေးအေးဆေးဆေး မဟုတ်တဲ့သူကို
အေးအေး ဆေးဆေး မဟုတ်တဲ့ အတိုင်းပေါ့။ တယောက်နဲ့ တယောက် ကင်းလို့မှမရတာ။
ပြောချင်တာ တခုကတော့ သူ့စည်း ကိုယ့်စည်း ရှိရပါမယ်” ဟု ဦးမြတ်ခိုင်က
ဧရာဝတီကို ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍မူ အတိအကျ မသိသောကြောင့် ဝင်ရောက် သုံးသပ်ခြင်း မပြုလိုဟု ဆိုသည်။

မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ် Ball Room ခန်းမရှေ့၌ သတင်းထောက်
မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးကို အင်တာဗျူးကဏ္ဍအတွက် ၎င်း၏ အိမ်ထောင်ရေး
အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမိရာ ထက်ထက် မိုးဦးက ကိုယ်ထိလက်ရောက်
ပြုမူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် သတင်းထောက် မအေးသူစံက ၎င်းအနေဖြင့် ယခု လက်ရှိတွင် ရန်ကင်းမြို့နယ်
တရားရုံးသို့ ဦးတိုက်လျှောက်ထားဆဲ ဖြစ်သည့်အတွက် မည်သို့မှ
ပြောဆိုလိုခြင်း မရှိသေးဟု ဆိုသည်။

တရားရုံးက ယင်းကိစ္စကို မည်သည့် ပုဒ်မမျှ တပ်ထားခြင်း မရှိသေးဘဲ မေလ ၂၄ ရက်နေ့သို့ ပြန်လည်
ချိန်းဆိုထားသည်ဟု 7 day news ဂျာနယ်မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကို အဆိုပါ ဂျာနယ်တိုက်အနေဖြင့် အမှုဖွင့်
တိုင်ကြားမည်ဟုလည်း သူက ဆိုသည်။

“စာနယ်ဇင်း သမားတွေရဲ့ ဂုဏ်သိက္ခာ အတွက်နဲ့ ဂျာနယ်တိုက်ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်ပြီးတုံ့ပြန်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ စာပေနှင့်စာနယ်ဇင်း စသည့်
သက်ဆိုင်ရာ ဌာနများသို့လည်း စာပို့ တိုင်ကြားမည်ဟု ဆက်လက် ပြောပြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးအား ဧရာဝတီ မဂ္ဂဇင်းမှ
ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

သတင်းထောက် တဦးအနေနှင့် သရုပ်ဆောင် တဦး၏ မည်သည့် အကြောင်းအရာကိုမဆို ပရိသတ်အား
သတင်း ပေးချင်သည့် သဘောဖြင့် မေးမြန်းလျှင် မေးမြန်းနိုင်ကြောင်း၊
သတင်းထောက်၏ အမှားဟု မပြောနိုင်ကြောင်း ရန်ကုန် အခြေစိုက် သတင်း
အယ်ဒီတာတဦးက ပြောသည်။

“ကိုယ်သိချင်လို့ စပ်စုတာမျိုးဆိုရင်တော့ လွန်တာပေါ့လေ။ အနုပညာရှင် တယောက်ရဲ့ဘ၀အကြောင်းကို ပရိသတ်က စိတ်ဝင်စား
ကြတာပဲ။ အဲဒီလို ပရိသတ် သိချင်တဲ့မေးခွန်းတခုကို မေးပေးတာမျိုးဆိုရင်
ဒါကို လွန်တယ်လို့ပြောလို့မရပါဘူး” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အင်တာနက် ဆက်သွယ်မှုတခု ဖြစ်သည့် Facebook အကောင့်များနှင့်လူအများကြား ပျံ့နှံ့ နေကြောင်း တွေ့ရသည်။

အဆိုပါ ကိစ္စအား ပြည်တွင်း သတင်းဂျာနယ်တခုဖြစ်သော Weekly Eleven ဂျာနယ်၏ အင်တာနက်
စာမျက်နှာနှင့် The Voice ဂျာနယ်တွင် ဖော်ပြ ထားသော်လည်း နောက်ပိုင်းတွင်
ဆက်လက်ဖော်ပြမည့် တခြားသော ပြည်တွင်းဂျာနယ်များတွင်မူ စာပေစိစစ်ရေးက
ပိတ်ပင်လိုက်ပြီ ဖြစ်ကြာင်း ရန်ကုန် စာနယ်ဇင်းလောကမှ ကြားသိရသည်။

original link - http://irrawaddy.org/bur/index.php/news/1-news/3213-2010-05-21-12-3...





original link - http://www.ilovemyanmar.org/journals/voice%20%286-28%29%20e-book%20...




ဘယ်သူ့အလွန်လဲ


ပြည်သူ့အချစ်တှော ရွှေမင်းသမီးဟောင်း ထက်ထက်မိုးဦးက 7Days သတင်းထောက် တစ်ယောက်ကို ဆံပင်ဆွဲ ပားရိုက္တဲ့ကိစဿစ ေတာှေတာှေလး ဂယက် ရိုက်သွားတယ်။ မီဒီယာတွေ ဘယ်လောက်တောင် ဆတ်ဆတ်ခာ
နာသွားသလဲဆိုရင် နာမည်တပ်ပြီး ရေးတဲ့အထိ ဖြစ်ကုန်တယ်။ အရင်ကဆို အဲလို
နာမည်တွေ မတပ်ကြဘူး။ မသိမသာ ရေးကြတယ်။ အခုဟာမှာတော့ မီဒီယာတွေက
သတင်းထောက်ကို ထိတဲ့အတွက် စည်းစည်းလုံးလုံး ပူးပောင်း ကြိုးပမ်းကြမယ့်
အနေအထားကို တွေ့ရပာတယ်။ (ကျုပ်တို့လည်း ဘလော့က ပုံတွေ စာတွေကို ဂျာနယ်တွေက
ခိုးခိုးသုံးနေတဲ့ ကိစဿစ ပူးပောင်း ကာကွယ်ကြရအောင်။ ဥပမာ- Myanmar
Newsweek Journal က ကျွန်တှော့ပုံတွေ ခိုးသုံးပြီး သူခိုးကလူဟစ် သူတို့
သတင်းထောက် ရိုက်ထားတဲ့ ပုံတွေလို့ စောက်ရှက်မရှိ ပြောတဲ့ Case လိုမျိုး
etc...)

သာမန် အနေနဲ့ ကြည့်ရင် သတင်းထောက် တစ်ယောက်ကို အနုပညာရှင် တစ်ယောက်က ရိုင်းရိုင်းပြပြ ပားရိုက်တယ် ဆိုတော့ကာ အင်မတန်မှ
အော့နှလုံးနာစရာ ကိစဿစကြီး တစ်ခုပဲ။ ဒာပေမယ့် သတင်းထောက်နဲ့
ထက်ထက်မိုးဦးရဲ့ အမေးအဖြေကို သေသေချာချာ ဖတ်ရှုကြည့်မယ်ဆိုရင် ပြသဿသနာ
ဖြစ်ပွားရခြင်းရဲ့ အရင်းခံ အကြောင်းကို သိလာ မြင်လာမယ်လို့ ထင်မိတယ်။

အွန်လိုင်းမှာလည်း အဲဒီအကြောင်းက ပွစာတက်နေတယ်။ ထူးခြားတာက အွန်လိုင်းကလူ အေတာှမ်ားမ်ားက
ဒီကိစဿစမွာ သတင်းထောက်ကလည်း လွန်တယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်လာတာပာပဲ။
ဒီအင်တာဗျူးမှာ သတင်းထောက်က အနှစ်သာရ မရှိတဲ့ မေးခွန်းတွေ မေးတယ်လို့
ထင်မိတယ်။ ဒာကလည်း သူမှ မဟုတ်ပာဘူး။ ဒီနောက်ပိုင်း မင်းသားမင်းသမီး
အင်တာဗျူးတွေမှာ ဘယ်အင်တာဗျူးကများ အနှစ်သာရ ရှိတာ ဖတ်ကြရလို့လဲ။

မေး၁။ ဟိုတလောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ ပြောတယ်။
ဖြေ၁။ ဟုတ်တယ်။ အခု သက်သာသွားပြီ။

မေး၂။ ပထမဆုံး အနေနဲ့ အစ်မရဲ့ အခုလက်ရှိ ဘဝလေးကို အစ်မ ဘယ်လို ဖြတ်သန်းနေပာသလဲ။
ဖြေ၂။ ဒီအတိုင်းပဲ ကောင်းပာတယ်။

မေး၃။ အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပာနှော။ အင်တာဗျူး ကောင်းကောင်းလေး ထည့်ချင်လို့ပာ။
ဖြေ၃။ ဟုတ်။ အဆင်ပြေပြေ ဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။

မေး၎။ အစ်မရဲ့ ကျန်းမာရေး အခြေအနေအရ နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပာ့မလား။
ဖြေ၄။ ဟုတ်။ ပြေပာတယ်။

မေး၅။ အဲဒာ ဘယ်တော့လောက်လဲ မသိဘူး။
ဖြေ၅။ အဲဒာ မသိသေးပာဘူး။

မေး၆။ ဟိုတလောက အဲလိုမျိုး ဖြစ်သွားတာ အစ်မ ဘယ်လိုမျိုး ခံစားရသလဲ။
ဖြေ၆။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပာဘူး။

မေး၇။ အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာ တွေ့ခဲ့ကြတာလဲ။
ဖြေ၇။ ဒီကိစဿစ အသေးအမွှားလေးတွေတော့ ထက်ထက် မဖြေချင်ဘူး။ ဒာတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်။ ထည့်လို့မရလို့တော့ မဟုတ်ဘူး။ ဒာတွေက ဘာမှ
မဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပာလားလို့
.. နှော။

မေး၈။ ပရိသတ်တွေက ပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စနေရတယ်။ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လို ခံစားရလဲ။
ဖြေ၈။ သွားလိုက်တော့ နင်သွားလိုက်တော့ (အဲလို ပြောလိုက်လို့ အဆိုပာ သတင်းထောက်က
တောင်းပန်ပြီး ခန်းမအပြင်ကို ထွက်ခဲ့တာမှာ ထက်ထက်မိုးဦးက လိုက်လာပြီး
ဆံပင်ဆွဲ ပားရိုက်တာ ဖြစ်ပာသတဲ့)


ကျွန်တှောတို့ သူတို့ အင်တာဗျူးကို သုံးသပ်ကြည့်ရအောင်။ မေးခွန်း ၁နဲ့၂ မှာ သတင်းထောက် မေးတဲ့ မေးခွန်းပုံစံကို ကျွန်တှောတို့က Close Question လို့ခှောတယ်။
ဘယ်လိုလဲဆိုတော့ အဲလို မေးခွန်းမျိုးက အဖြေ လုံလုံလောက်လောက် ရတတ်တဲ့
မေးခွန်းမျိုး မဟုတ်ဘူး။ အဲဒီအတွက် ထက်ထက်မိုးဦးက တိုတိုတုတ်တုတ်
ဖြေလေတော့ သူ အခက်တွေ့ သွားပုံ ရတယ်။ မေးခွန်း ၃မှာ အဆင်ပြေပြေလေး
ဖြေပေးပာလို့ တောင်းပန်ရတယ်။ ဒီနေရာမှာလည်း သူပြောတာက ထက်ထက်မိုးဦးက
ကိုးလိုးကန့်လန့် ဖြေနေလို့ အဆင်ပြေပြေ ဖြေပေးပာလို့ တောင်းဆိုရတဲ့ အနက်
သက်ရောက်သွားတယ်။ (စာလုံး တစ်လုံးခြင်းက အစ မြန်မာစကားရဲ့ အနက်သက်ရောက်ပုံ
လေ့လာရာမှာ ကျွန်တှော့ထက် ပိုကျွမ်းကျင်တဲ့ သူတွေ ရှိတယ် မေးကြပာကုန်)
ဒီမေးခွန်းမှာတင် ကျွန်တှောသာဆို ဖုနေလောက်ပြီ။

မေးခွန်း၎မှာလည်း ထိုနည်းအတူ အပိတ်မေးခွန်းကို မေးပြန်တယ်။ ထက်ထက်မိုးဦး သိပ်ဖြေချင်ပုံ
မရတဲ့အတွက် တိုတိုပြတ်ပြတ် ဖြေတာကို တွေ့ရတယ်။ မေးခွန်း၅မှာတော့
ကိုယ်ဝန်ဘယ်တော့ ယူမလဲ မေးတာကို တွေ့ရတယ်။ ဒီမေးခွန်းက Personal
ဖြစ်လာပြီ။ ရှင်တို့ ဟိုဒင်း ဘယ်တော့ လုပ်မှာလဲ မေးတာနဲ့ သိပ်မကွာဘူး။
အဲဒာတော့ မသိသေးဘူးလို့ ဟိုက ရှောင်ထွက်သွားတယ်။ မေးခွန်း၆မှာ အဲဒီ
ကိုယ်ဝန်ကိစဿစ ထပ်မေးပြန်တယ်။ ဒီတစ်ခာ မေးခွန်းက ပိုပြီး Sensitive
ဖြစ်တယ်။ ကိုယ်ဝန်ပျက်ကျတာ ဘယ်လို ခံစားရလဲ ဆိုတာဟာ အင်တာဗျူး မေးခွန်း
ဖြစ်သင့်ရဲ့လား။ မေးတဲ့သူက မိန်းမ၊ ဖြေတဲ့သူက မိန်းမ ပိုလို့တောင်
ရှင်းသေးတယ်။ ကျုပ်သာ ဆိုရင်တော့ ခင်ဗျား ကြုံဖူးတဲ့အခာ သိလာလိမ့်မယ်လို့
ဖြေလိုက်မယ်။ ဒီလိုနဲ့ မေးခွန်း၇ မှာပာဆင်နယ်ကို ထပ်မေးပြန်တယ်။
အခုယောက်ျားနဲ့ ဘယ်မှာတွေ့လဲ ဆိုတဲ့မေးခွန်းက ရဲစစ်ချက် ထုတ်နေတဲ့
အတိုင်းပဲ။ ကလပ်မှာလည်း ဖြစ်ချင်ဖြစ်မယ်။ တောထဲမှာလည်း ဖြစ်ချင်ဖြစ်မယ်။
ရွာမှာလည်း ဖြစ်ချင်ဖြစ်မယ်။ လမ်းဘေးမှာလည်း ဖြစ်ချင်ဖြစ်မယ်။
ဘာဖြစ်တုန်း။ ဒာက သူ့ကိစဿစပဲ။ ဒီမေးခွန်း မေးတော့ ထက်ထက်မိုးဦး အဖြေမှာ
စိတ်ပျက်လက်ပျက် ဖြစ်လာတာကို တွေ့ရပာတယ်။ မှန်တယ်။ ဒာဟာ ဘာမှ အရေးမကြီးတဲ့
လူတစ်ဦးချင်းနဲ့ သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစဿစ။ အသေးအမွှား။ ဒာကို
သိရလို့ ဘာမှလည်း ထူးခြားစွာ လူသားထုကို အကျိုးမပြုဘူး။ ဒာမျိုးတွေ မမေးဘဲ
တခြားဟာတွေ မေးပာလားလို့ သူပြေပြေလည်လည် တောင်းဆိုလိုက်သေးတယ်။ အဲဒီမှာ
သတင်းထောက်က အကင်းမပားဘဲ ပရိသတ်ကြီးက ပြောနေကြတယ် ထက်ထက်မိုးဦး ဘဝကို ခဏခဏ
ပြန်စနေရတယ်။ အဲလို ဝေဖန်မှုတွေကို ဘယ်လို ခံစားရသလဲ သွားမေးတော့
ကွိုင်တွေ တက်ကုန်ကြတော့ တာပာပဲ။

ထက်ထက်မိုးဦး ယောက်ျားများတာ လူတိုင်းသိတယ်။ ဒာတောင် နှလုံးရောဂာ ရှိနေလို့။ နောက်ဆုံး မေးခွန်းက
ဘာလို့ ယောက်ျား ခဏခဏ ယူနေရတာလဲ ဆိုတဲ့ အဓိပဿပာယ်နဲ့ သိပ်မထူးပာဘူး။
ဒာပေမယ့် ဒီနေရာမှာ သတင်းထောက်က ပရိသတ်ကြီးက ပြောနေကြတယ် (ဝေဖန်မှုတွေကို)
ဆိုတဲ့ စကားကို သုံးစွဲသွားတာ တွေ့ရပာတယ်။ ဒာဟာ အရေးကြီးတဲ့ အချက်လို့
မြင်တယ်။ ကျွန်တှောလည်း စာနယ်ဇင်း ပရိသတ် တစ်ယောက်ပဲ။ ဒာပေမယ့် ကျွန်တှော
ဒာကို မသိချင်ဘူး။ ပြီးတော့ သူငယ်ချင်း အချင်းချင်း ကြားမှာတောင် တခုတ်တရ
အရေးလုပ်ပြီး ပြောဖြစ်တဲ့ ကိစဿစ မဟုတ်ဘူး။ ဒာဟာ သူ့ပာဆင်နယ် ကိစဿစပဲ။
သွားမေးရမယ့် ကိစဿစမှ မဟုတ်တာ။

ဒီတော့ သုံးသပ်ရရင် သတင်းထောက်ဟာ အရေးမပာတဲ့ ကိုယ်ရေးကိုယ်တာ ကိစဿစတွေကို မေးတဲ့အတွက် သူပထမဆုံး စမှားတယ်။
ဟိုက စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အဖြေစကားတွေ ရတာတောင် မရပ်ဘဲနဲ့
ဆက်မေးတဲ့အတွက် သူဟာ အကင်းမပားသူလို့ ဆိုနိုင်တယ်။ မေးခွန်းတွေဟာ
အပိတ်မေးခွန်းတွေ ဖြစ်တာ တွေ့ရတဲ့ အတွက် အင်တာဗျူး ကျွမ်းကျင်သူ မဟုတ်
ဆိုတဲ့ အဖြေလည်း ရပာတယ်။ ဒာက သူ့အမှားတွေ။ အဲဒီအတွက် တရားစွဲတာ အသာထား
နောင်တစ်ချိန်မှာ သူတောင်းပန်သင့်ပာတယ်။ ပြီးတော့ အင်တာဗျူး
နည်းစနစ်တွေကို ဒီထက်ပိုပြီး လေ့လာသင့်တယ်။

ထက်ထက်မိုးဦး အနေနဲ့ လူရှေ့သူရှေ့ အထုတ် ဖြေခံလိုက်ရသလို ဖြစ်သွားလို့ မင်းသမီး ဆိုတာကို
မေ့သွားပြီး ပောက်ကွဲသွားတာကို လက်ခံနိုင်ပေမယ့် သတင်းထောက်ကို
ကိုယ်ထိလက်ရောက် စှောကားတာ ကတော့ ထက်ထက်မိုးဦး အလွန်လို့ ထင်တယ်။
သူ့အနေနဲ့ ကိုယ်ရေးကိုယ်တာကို ထိပားလို့ ထိန်းမနိုင် ဖြစ်သွားတာကို အထက်က
အမေးအဖြေတွေ ကြည့်ရင် သိနိုင်ပာတယ်။ တကယ်ဆို သူဘာမှ ဆက်မလုပ်ဘဲ နောင်
ဒီသတင်းထောက် သို့ ဒီဂျာနယ် နဲ့ အဆက်အဆံ မလုပ်တော့ဘူး ဆိုရင် ပြီးသွားမယ့်
ကိစဿစပာ။ ဒာပေမယ့် သူ့ဒောသက အဲဒီမှာ မရပ်ဘဲ ကိုယ်ထိလက်ရောက် ဖြစ်သွားတာက
သူ့အမှားကနေ ကိုယ့်အမှား ဖြစ်သွားစေခဲ့တယ်။ ဒီကိစဿစဟာ သူတစ္သက္လံုး
လုပ်လာခဲ့တဲ့ အနုပညာပုံရိပ်မှာ အကြီးအကျယ် အမည်းစက် စွန်းထင်းသွား
ပာလိမ့်မယ်။ သိကဿခာလည်း ကျစေပာတယ်။ မိုက်ရိုင်းတဲ့ အပြုအမူလည်း ဖြစ်ပာတယ်။
ဒီအတွက် သူ့အနေနဲ့ ခံရတဲ့ သူကိုရော၊ ပရိသတ်တွေကိုပာ လေးလေးနက်နက်
တောင်းပန်ဖို့ လိုပာလိမ့်မယ်။

မီဒီယာတွေက မင်းသား မင်းသမီးတွေရဲ့ ဖြစ်ရပ်မှန် အကြောင်းအရာ အတှောများများကို ဖုံးကွယ်ခဲ့တာ အများကြီးပာ။
ဥပမာ အနီးစပ်ဆုံး ပြောရရင် မိုးဟေကို၊ မျိုးကျော့မြိုင် စတဲ့သူတွေရဲ့
ဖှောချွတ် ဗီဒီယိုတွေ ကိစဿစ လုံးဝကို မဖွခဲ့ကြဘူး။ အခုဟာကတော့
မီဒီယာနယ်ပယ်က သတင်းထောက် တစ်ယောက် ခံရတာ ဖြစ်တဲ့အတွက် မီဒီယာသမားတွေ
အစှောကား မခံရရေး တို့အရေးဆိုပြီး ထက်ထက်မိုးဦး နာမည်တပ်လို့ တခမ်းတနား
ဝိုင်းဝန်း ရေးသားကြတာကို တွေ့ရပာတယ်။ စာပေစိစစ်ရေးကလည်း ခွင့်ပြုပေးတာ
တွေ့ရပာတယ်။ The Outsider ဝတဿထုထဲကလိုပာပဲ လုပ်ရပ် တစ်ခု ဖြစ်လာအောင်
လှုံ့ဆှောတဲ့ အရာတွေ အများကြီး ရှိတာကို ဘယ်သူမှ ထည့်မတွက်ကြဘူး။ လုပ်ရပ်
အပှောမှာပဲ လူတွေက လွယ်လွယ် မှတ်ချက် ပြုကြတယ်။

ဆရာဦးဝင်းငြိမ်းတို့၊ ဟိန်းလတ် တို့ရဲ့ အင်တာဗျူးတွေ သတိရမိတယ်။ သူတို့က တစ်ခုခုကို
ဗျူးတော့မယ်ဆို သေချာ လေ့လာပြီးမှ ဗျူးတာ။ ပာဆင်နယ်တွေ မတို့ထိဘူး။
ကိုယ်မေးမယ့် မေးခွန်းကို တစ်ဖက်သား အများကြီး ဖြေရအောင် ဖွင့်မေးတယ်။
အမေးခံရသူတွေရဲ့ အတွေးအမြင် ခံယူချက်တွေကို ပှောလာအောင် လှည့်မေးတယ်။
ကျွန်တှောတို့ စာနယ်ဇင်း လောကမှာ ဒာမျိုး အင်တာဗျူးတွေ မဖတ်ရတာ
အတှောကြာပာပြီ။ ဒီအဖြစ်အပျက်ကတော့ အနှစ်သာရ မရှိတဲ့ အင်တာဗျူးတွေကနေ
အနှစ်သာရ ရှိရှိ အင်တာဗျူးတွေ ဖြစ်လာဖို့ ဖန်လာတဲ့ အကြောင်းအရာ တစ်ခုလို့
ထင်မိတယ်။ ထက်ထက်မိုးဦးနဲ့ သတင်းထောက်ကတော့ ဓားစာခံ ဖြစ်သွားတာပော့။ ဘာတွေ
ဆက်ဖြစ်ကြမယ် ဆိုတာကတော့ စောင့်ကြည့်ရုံပော့ဗျာ။ ဂျာနယ်တွေ ရောင်းအား
တက်ဦးမှာပော့။

အကျဉ်းချုပ်ရရင် ကျွန်တှောကတော့ နှစ်ယောက်စလုံး အမှားလို့ ယူဆတယ်။ ထက်ထက်မိုးဦး လက်ပာတဲ့အတွက် ပိုမှားတယ်လို့ ခံယူတယ်။

ညီလင်းဆက်

original link - http://blog.nyilynnseck.com/2010/05/blog-post_22.html



ထက်ထက်မိုးဦးသတင်း

ဒီနေ့အင်တာနက်သုံးနေတဲ့အချိန်မှာ လူပြောများတဲ့ သတင်းတစ်ခုကတော့ ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနဲ့ 7Day News ဂျာနယ်က သတင်းထောက်တစ်ဦး ပြဿနာဖြစ်တဲ့အကြောင်းပါ။ သူငယ်ချင်းအချို့က ကျွန်တော့်အမြင်ကို
မေးကြပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအကြောင်းကို ကျွန်တော်မသိသေးပါဘူး။
အဲဒါကြောင့်လည်း အင်တာနက်မှာ အဲဒီအကြောင်းကို လိုက်ရှာဖတ်ဖြစ်ပါတယ်။
အများစုက The VOICE ဂျာနယ်ကသတင်းကိုပဲ ပြန်တင်ပေးကြတာ များပါတယ်။ အင်တာနက်
သတင်းစာမျက်နှာတစ်ခုမှာတော့ သူတို့ရဲ့အမြင် ခပ်တိုတိုလေး ရေးထားတာကို
ဖတ်ရပါတယ်။ ဟိုဘက်မပါ၊ ဒီဘက်မပါပေါ့။ နှာစေးနေတဲ့ အရေးအသားဆိုပါတော့။


ကိုညီလင်းဆက်ရဲ့ ဘလော့ဂ်မှာတော့ ဘယ်သူမှားသလဲဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ ရေးထားပါတယ်။ အဲဒီပို့စ်ထဲမှာပဲ သင်္ကြန်တွင်း ရန်ကုန် X2O မဏ္ဍပ်အနီး
ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို
Myanmar Newsweek Journal က ခိုးယူသုံးစွဲမှုနဲ့ ပတ်သက်ပြီးတော့လည်း
ပေါက်ကွဲထားပါသေးတယ်။ အဲဒီလိုပေါက်ကွဲတဲ့အကြောင်းကို ရှေ့ပိုင်းမှာ
ရေးပြထားတာကလည်း အကြောင်းရှိပါတယ်။ အောက်မှာ သူရေးထားတဲ့စာတွေကို
ဖတ်ကြည့်တဲ့အခါ သူဘာကြောင့် အဲဒီအချက်ကို တမင်ကို လူမုန်းခံပြီး
ထည့်ရေးထားသလဲဆိုတာ နားလည်နိုင်ကြပါလိမ့်မယ်။ ကိုညီလင်းဆက်ကတော့
နှစ်ယောက်စလုံး မှားယွင်းတယ်လို့ သူ့အယူအဆကို ရေးပြထားပါတယ်။


အခြားနေရာတွေမှာ လိုက်ဖတ်တော့လည်း ထူးမခြားနား သတင်းတွေကိုပဲ ဖတ်ရတာပါပဲ။ အချို့သတင်းတွေဆိုရင် တခြားစာမျက်နှာကသတင်းကို ကော်ပီပေ့စ်လုပ်ထားသလားတောင် မှတ်ထင်ရတယ်။ တစ်ပုံစံတည်း
ချွတ်စွတ်ဖြစ်နေပုံ ပြောပါတယ်။ အဲဒီလိုတင်ထားတာက ဘလော့ဂ်လို၊ Ning လို၊
ဆိုရှယ်နက်ဝက်(ခ)တွေလို နေရာမျိုးဆိုရင် ဘာမှမပြောလိုပါဘူး။ အခုဟာက
မြန်မာပြည်ကို ကယ်တင်မယ့်အလုပ်တွေ လုပ်နေသလိုလို၊ သူတို့မှမကယ်ရင်
မြန်မာပြည်သူတွေကပဲ နေ့ချင်းညချင်း သေကြတော့မလို ရေးနေ၊ ဖွနေ၊
မြှောက်ပေးနေတဲ့ သူတို့ကိုယ်သူတို့ အားကိုးအားထားပြုရာ သတင်းဌာနကြီးလို့
ပြောနေကြတဲ့ စာမျက်နှာတွေ ဖြစ်နေတာပါပဲ။


ထားလိုက်ပါတော့လေ။ မူရင်းပြောလိုတဲ့ ထက်ထက်မိုးဦးအကြောင်းကို ဆက်ပါမယ်။ စိတ်ဝင်စားစရာကောင်းတာက ထက်ထက်မိုးဦးနဲ့ 7Day News ဂျာနယ်က သတင်းထောက်တို့ အင်တာဗျူးမေးတဲ့ မေးခွန်းတွေပါ။ ကျွန်တော်ကတော့
မေးသင့်တယ်၊ မမေးသင့်ဘူးဆိုတာကို မပြောလိုပါဘူး။ ဆိုပါတော့၊ ဘာပြဿနာမှ
မဖြစ်ခဲ့ဘဲ အခုသူမေးထားတဲ့ မေးခွန်းတွေ၊ ထက်ထက်မိုးဦးဖြေမယ့် အဖြေတွေကို
သူတို့ဂျာနယ် စာမျက်နှာထက်မှာ ဖော်ပြလိုက်ပြီလို့ စဉ်းစားကြည့်ပါတယ်။
မေးတဲ့လူက ပရိသတ်တွေက ပြောကြတယ်တို့၊ ဘာတို့ဆိုပြီး ပရိသတ်ကို
ခေါင်းတည်ပြီး မေးထားတာကို အောက်ဆုံးမေးခွန်းမှာ တွေ့ရမှာပါ။
အဲဒီလိုဆိုတော့ ဒီလို စဉ်းစားမိတယ်။ အခုအင်တာဗျူးဟာ ပရိသတ်တွေကို
သိစေချင်၊ ဖတ်စေချင်တဲ့အတွက် ဗျူးတာဖြစ်တယ်လို့ ကောက်ချက်ချနိုင်တယ်။


ဘာကြောင့် ထက်ထက်မိုးဦးကို အင်တာဗျူးရသလဲ။
ရှင်းပါတယ်။ ပရိသတ်က ထက်ထက်မိုးဦးကို စိတ်ဝင်စားမှုရှိနေတယ်လို့ ဂျာနယ်က ယုံကြည်လို့ပေါ့။ ပရိသတ်က စိတ်မ၀င်စားတဲ့ လူတစ်ယောက်ကို ဘယ်သတင်းထောက်ကမှ အလုပ်ရှုပ်ခံပြီး
အင်တာဗျူးမှာ မဟုတ်တာ သေချာပါတယ်ဗျာ။ ပရိသတ်အတွက်ဆိုပေမယ့်
ပရိသတ်စိတ်ဝင်စားပါမှ သူတို့ဂျာနယ်မှာ ထည့်ရကျိုးနပ်မှာကိုး။


ဟုတ်ပြီ၊ အဲဒါဆိုရင် သူမေးခဲ့တဲ့ မေးခွန်းတွေဟာ ဖတ်မယ့်ပရိသတ်အတွက် တကယ်ပဲ အကျိုးရှိစေသလား၊ ပရိသတ်သိချင်တဲ့ အကြောင်းအရာရော တကယ်ပဲ ဖြစ်နိုင်ရဲ့လား။
စာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ ဘာတစ်ခုမှကို စိတ်ဝင်စားစရာ မပါဘူး။ ထားပါတော့...
နှလုံးနဲ့ ပတ်သက်လို့ အနားယူနေတယ်ဆိုတဲ့ မေးခွန်းအတွက်တော့
ကြိုက်တဲ့ပရိသတ်တွေလည်း ရှိမှာပေါ့။ ကိုယ်ကြိုက်တဲ့ မင်းသမီးရဲ့
ကျန်းမာရေးအခြေအနေကို သိချင်ကြမှာပဲလေ။ အဲဒါကိုတော့ နားလည်ပေးလို့ ရပါတယ်။


အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ ဆိုတဲ့စကားကို ကျွန်တော်သေချာ နားမလည်ဘူး။
ဘယ်လိုဟာကို အင်တာဗျူးကောင်းလို့ သတ်မှတ်တာလဲ။ အင်တာဗျူးဆိုတာ အက်ဆေးရေးတာမဟုတ်ဘူး၊ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိ မဟုတ်ပါဘူး။ အဲဒီအတွက်
အမေးခံရသူဟာ သူပြောချင်တာ၊ သူရေးချင်တာကို ရေးခွင့်၊ ပြောခွင့်မရှိပါဘူး။
ကျွန်တော့်အမြင်အရ ပြောရရင် အင်တာဗျူးကောင်းတယ်ဆိုတာ မေးတဲ့လူရဲ့
မေးခွန်းတွေ ကောင်းတာပါပဲ။ မေးတဲ့လူကသာ မေးခွန်းကောင်းကောင်း
ပြင်ဆင်ထားတယ်ဆိုရင် ဖြေတဲ့လူက ဘယ်လိုပဲ လှည့်ပတ်ဖြေနေပါစေ၊ ဖတ်တဲ့လူအတွက်
တွေးစရာတော့ ရမှာပါပဲ။ စာဖတ်တဲ့လူဆိုတာ မေးထားတဲ့မေးခွန်းနဲ့ ဖြေထားတဲ့
အဖြေတွေကိုဖတ်ပြီး မေးတဲ့လူက အဆင့်ရှိသလား၊ အပေါစားမေးခွန်းလား၊
ဖြေတဲ့လူကရော တကယ်ဖြေထားတာလား၊ အာဖျံကွီးလုပ်နေတာလား ဆိုတာကို
နားလည်ကြပါတယ်။ အဲဒီအတွက် အင်တာဗျူးကောင်းတယ်၊ မကောင်းဘူးဆိုတာကို
ဘာဖြစ်လို့ ပြဿနာဖြစ်ခဲ့တဲ့ သတင်းထောက်မက ဆုံးဖြတ်ရတာလဲ။ စာဖတ်ပရိသတ်က
ဆုံးဖြတ်မှာပေါ့။ ထက်ထက်မိုးဦးက ဖြေချင်သလိုဖြေပါစေ၊ ကိုယ်ကလည်း
ပြန်ထည့်ပေးလိုက်ပေါ့။ စာဖတ်တဲ့လူတွေက သိပါတယ်။


ထက်ထက်မိုးဦးအကြောင်းကို ကလေးကအစ ခွေးအဆုံး အကုန်သိတယ်။
ဒီလိုပြောရတာက အကြောင်းရှိပါတယ်။ ကျွန်တော်ကိုယ်ကျွန်တော်ပဲ ခိုင်းနှိုင်းပြီး ပြောပါ့မယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ တစ်ခုခု
ထစ်ခနဲဖြစ်တိုင်း စိတ်ဝင်စားတဲ့အထဲမှာ ကျွန်တော်မပါ,ပါဘူး။
မဂ္ဂဇင်းဖတ်တဲ့အခါ မင်းသမီးငယ်ငယ်ချောချောလေးတွေ စတိုင်လ်လန်းလန်းနဲ့
ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အားမနာတမ်းကြည့်ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့
ဆိုင်ဖွင့်တဲ့သတင်းတွေ၊ အကြိုက်ဆုံးဆိုတာတွေ၊ လတ်တလောနှလုံးသားရေးဆိုတာတွေ
စတာတွေကို မဖတ်ပါဘူး။ (ဒါရိုက်တာတို့၊ စာရေးဆရာတို့၊
အဆိုတော်တို့ဆိုရင်တော့ တစ်ခါတလေ ကိုယ်ကြိုက်တဲ့လူဆိုရင် ဖတ်ဖြစ်ပါတယ်။
ဤကား စကားချပ်) ပြောချင်တာက အဲဒီလို မင်းသား၊ မင်းသမီးအရေးတွေကို
စိတ်မ၀င်စားတဲ့ ကျွန်တော်လိုလူတစ်ယောက်တောင်မှ ထက်ထက်မိုးဦးအကြောင်းကို
သူများသိသလောက်တော့ သိပါတယ်။ ထက်ထက်မိုးဦး အိမ်ထောင်ကွဲတာ၊ ဘယ်သူနဲ့
အိမ်ထောင်ကျတာ၊ ကိုယ်ဝန်အဖတ်မတင်တာ၊ နောက်ထပ်ကလေးယူဖို့ စီစဉ်နေတာ
စသဖြင့်ပေါ့လေ။ တကူးတက လိုက်ဖတ်စရာမလိုဘဲ သူများပြောတာနဲ့ကို
သိနိုင်တာတွေပါ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက မေးတဲ့လူအနေနဲ့
စာဖတ်ပရိသတ်ဟာ ဘာတွေကို သိပြီးသားလဲ၊ ဘာတွေကို မသိသေးဘူးလဲဆိုတာ အရင်ဆုံး
သိထားရပါမယ်။ အဲဒီအထဲကမှ မသိသေးတာကို မေးချင်တယ်ဆိုရင် ကိုယ်မေးမယ့်
အကြောင်းအရာဟာ တစ်ဖက်လူအတွက် စိတ်အနှောင့်အယှက် ဖြစ်နိုင်မလား၊
ကိုယ်ရေးကိုယ်တာကို အတင်းစပ်စုသလို ဖြစ်နေမလား စတာတွေကိုလည်း
စဉ်းစားသင့်ပါတယ်။ အစကတည်းကသာ အဲဒီလိုစဉ်းစားပြင်ဆင်ခဲ့ရင်
အင်တာဗျူးကောင်းရဖို့အတွက် ဘာမှစိတ်ပူစရာ မရှိပါဘူး။


တစ်ချက်ကလေးတောင် ၀မ်းနည်းစကားမပြောဘူး။
ပြောခဲ့သလို ထက်ထက်မိုးဦးတစ်ယောက် ပထမကိုယ်ဝန်အဖတ်မတင်တာကို လူတိုင်းနီးနီး သိကြပါတယ်။ လူကြီးလူငယ်မရွေး ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ကြပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း သူ့ရဲ့ ကြော်ငြာပရိသတ်ဖြစ်တဲ့အတွက် အဲဒီကိစ္စအတွက်
စိတ်မကောင်းပါဘူး။ အင်တာဗျူးမေးတဲ့ မမသတင်းထောက်က အဲဒါနဲ့ပတ်သက်လို့
အစ်မအတွက် စိတ်မကောင်းပါဘူး။ ပရိသတ်တွေကလည်း အစ်မအတွက်
စိတ်မကောင်းဖြစ်နေကြပါတယ် စသဖြင့် တစ်ခွန်းလေးမှ မပြောပါဘူး။ သားသမီးဆိုတာ
မိသားစုအတွက်၊ အိမ်ထောင်တစ်ခုအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို
အဲဒီအင်တာဗျူးမမ မသိလေရော့သလားလို့ ကျွန်တော်ကပဲ သူ့ကို
မေးချင်မိတော့တာပါပဲ။


အံ့ဖွယ်မေးခွန်းပါပဲဗျာ။
ကလေးပျက်ကျပါတယ်ဆိုမှပဲ မေးတဲ့မေးခွန်းကိုဖတ်ကြည့်ဦး။ အဲလိုမျိုးဖြစ်သွားတာ အစ်မဘယ်လို ခံစားရသလဲတဲ့။ သေလိုက်ပါလားဗျာ။ ထက်ထက်မိုးဦး ပြန်ဖြေတာ အင်မတန်မှကို
မှန်တဲ့အဖြေခင်ဗျ။ ဖြေသင့်တဲ့အဖြေပါ။ အဲဒီမေးခွန်းက မေးဖို့တောင်
မသင့်ပါဘူးတဲ့။ တော်တော်လေးကို အလိုက်ကမ်းဆိုးမသိတဲ့ အင်တာဗျူးသူလို့
အဲဒီတစ်ချက်တည်းနဲ့ ကျွန်တော်က မှတ်ချက်ချလိုက်ပါတယ်။
"ကိုယ်ဝန်ပျက်ကျသွားတော့ ကျွန်မပျော်တာပေါ့ရှင်" ဆိုတဲ့ အဖြေကိုများ
ကြားချင်နေရော့သလားလို့ တွေးနေမိတယ်။ အသုဘအိမ်မှာ နေကြာစေ့စား၊
ရေနွေးကြမ်းလေးသောက်၊ ဟာသတွေပြောပြီး ဟားတိုက်ရယ်နေတဲ့လူနဲ့
ဘာမှမခြားဘူးလို့ ကျွန်တော်မြင်မိတယ်။


တစ်ချိန်တုန်းက ထက်ထက်မိုးဦးကို သတိရမိသေးတော့တယ်။
ထက်ထက်မိုးဦးဆိုပြီး လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ ကာလတစ်ခုကို ပြန်သတိရမိတယ်။ တီဗီမှာလည်း သူ့မျက်နှာချည်းပဲ။ မုန့်ထုပ်တွေမှာလည်း
သူ့ဓာတ်ပုံတွေချည်းပဲ။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာလည်း သူ့အကြောင်းတွေချည်းပဲ။
အဲဒီအချိန်တုန်းကတော့ စာနယ်ဇင်းကလူတွေဟာ ထက်ထက်မိုးဦးကို ရွှေဥ,ဥပေးနေတဲ့
ငန်းမလေးလိုမျိုး အရိပ်တကြည့်ကြည့် ရှိနေခဲ့ကြပြီးကာမှ အခုလို
ပြဿနာဖြစ်တယ်ဆိုကာမှ စာနယ်ဇင်းသမားတွေအတွက်၊ ဘာအတွက်၊ ညာအတွက်ဆိုပြီး
ပြောနေတာမျိုးကတော့ တစ်မျိုးဖြစ်နေသလားလို့ပါ။ မြန်မာတွေရဲ့
ယုံကြည်မှုတစ်ခု ရှိပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းကြောင့်
အကျိုးဖြစ်တယ်လို့ ပြောတတ်ကြတာပါ။ ဒါဆိုရင် အခုလိုဖြစ်သွားရခြင်းရဲ့
အဓိကအကြောင်းရင်းက ဘာလဲဆိုတာကို သေသေချာချာ သုံးသပ်ကြည့်ကြစေချင်ပါတယ်။


ကျွန်တော့်အမြင်ပြောရမှာကို နည်းနည်းဝန်လေးတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အမြင်က နည်းနည်းလေး သူများနဲ့တူမှာမဟုတ်ဘူးဗျ။ နည်းနည်းလေး ဟုတ်ချင်မှလည်း ဟုတ်မှာပါလေ။ အများကြီးလည်း ဖြစ်ချင်ဖြစ်မှာပါ။
ရှင်းမပြတော့ဘူး။ ဥပမာလေးတွေနဲ့ ပြောပြပါ့မယ်။ မန်စီးတီးနဲ့
အာဆင်နယ်ပွဲမှာ အဒီဘာရောက ဂိုးသွင်းပြီးတဲ့အချိန်မှာ
အာဆင်နယ်ပရိသတ်တွေရှေ့မှာ အောင်ပွဲခံလိုက်တယ်။ အဲဒီပွဲကို
ကြည့်နေတဲ့အချိန် တစ်လျှောက်လုံးမှာ ကျွန်တော်တွေးနေခဲ့သလိုမျိုး
တကယ်ဖြစ်လာတဲ့အတွက် အဒီဘာရော အောင်ပွဲခံတဲ့အချိန်မှာ
ကျွန်တော်လက်သီးလက်မောင်းတန်းပြီးတော့ ထ,အော်ပါတယ်။ ဘေးကအတူကြည့်နေသူတွေ
အားလုံးက ကျွန်တော့်ကို ၀ိုင်းကြည့်ကြပါတယ်။ အားလုံးနဲ့တစ်ယောက်ပါ။
တစ်ပွဲလုံး အာဆင်နယ်ပရိသတ်တွေက အဒီဘာယောကို ဖိအားပေးနေတာ၊ ဆဲဆိုနေကြတာကို
အပြစ်မပြောကြဘူး။ ပရိသတ်ပဲတဲ့။ အဒီဘာယောကလည်း အဲဒီပွဲမှာ အတော်လေးကို
အားကြိုးမာန်တက် လိုက်ကစားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
ဘောလုံးကိုအရူးအမူး ကန်တဲ့လူဖြစ်တဲ့အတွက် သူ့ခံစားချက်ကို နားလည်ခဲ့ပါတယ်။
သူကြိုးစားခဲ့တဲ့အတိုင်း ဂိုးသွင်းနိုင်တဲ့အချိန်မှာ သူအောင်ပွဲခံပါတယ်။
ကျွန်တော်ကတော့ လုံးဝကို ကျေနပ်ပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲဒီလို
လုပ်မိမှာ အသေအချာပါပဲ။ ပရိသတ်မှာ အခွင့်အရေးရှိသလို ကစားသမားမှာလည်း
အခွင့်အရေးရှိတာပါပဲ။ နောက်..ဒရော့ဘာကိစ္စ။ ဒရော့ဘာဆိုတာ
ကျွန်တော်လုံးဝမကြိုက်တဲ့ ဘောလုံးသမားပါ။ ကျွန်တော်မုန်းတဲ့
ချဲလ်ဆီးအသင်းကမို့ပါ။ ဒါပေမယ့် သူ့ကိုပေါက်တဲ့ အကြွေစေ့နဲ့ ပရိသတ်ကို
ပြန်ပစ်တဲ့အခါ ကျွန်တော်သူ့ကို ထောက်ခံမိတယ်။ အားလုံးက ဒရော့ဘာကို
မလုပ်သင့်ဘူးတို့၊ စိတ်ဓာတ်မကောင်းဘူးတို့ ပြောနေကြပေမယ့် ကျွန်တော်ကတော့
အဲဒီလို မမြင်ပါဘူး။ ပရိသတ်ကပစ်တာက အပြစ်မဖြစ်ဘဲ ကစားသမားက ပြန်ပစ်တာကျမှ
အပြစ်လို့ ယူဆတာကိုတော့ ကျွန်တော်လက်မခံပါဘူး။ နောက်တစ်ခုက မန်ယူက
ကင်တိုနာကိစ္စပါ။ အားလုံးသိပြီးတဲ့အတိုင်း ပရိသတ်ကို
ကွန်ဖူးကစ်ကန်လိုက်လို့ အရေးယူခံရတဲ့ မန်ယူရဲ့ ဂန္ထ၀င်ကစားသမားကြီးပါ။
အဲဒီတုန်းကလည်း ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ဟာ ကင်တိုနာဘက်ကနေပဲ
ရှိခဲ့ပါတယ်။ ကဲ... ဒီလောက်ဆိုရင် ကျွန်တော့်အမြင်ကို သိလောက်ပြီထင်ပါတယ်။
ကစားသမားတွေဟာ လူသားတွေဖြစ်ပါတယ်။ သူတို့မှာ ချစ်ခြင်း၊ မုန်ခြင်း၊
စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း၊ ပျော်ရွှင်ခြင်း၊
ဝမ်းနည်းခြင်း စတဲ့ ခံစားချက်တွေရှိကြပါတယ်။ အရာရာကို သည်းခံဖို့အတွက်
သူတို့ဟာ ရဟန္တာတွေ မဟုတ်ကြသလို၊ စက်ရုပ်တွေလည်း မဟုတ်ကြပါဘူး။


ကျွန်တော်ကတော့ ထက်ထက်မိုးဦးဘက်ကပါ။
ထက်ထက်မိုးဦးဟာ တွေ့သမျှ သတင်းထောက်တွေ၊ အင်တာဗျူးသူတွေကို ပါးလိုက်ရိုက်နေသူ မဟုတ်ပါဘူး။ အခုအဖြစ်အပျက်မှာလည်း သူ့ကိုသာ အင်တာမဗျူးခဲ့ဘူးဆိုရင် အဲဒီပြဿနာ
ဖြစ်မယ်မထင်ပါဘူး။ အင်တာဗျူးတဲ့အချိန်မှာ အရင်တုန်းက အကြိမ်ပေါင်းများစွာ
အမေးခံ၊ အဗျူးခံရသလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင်လည်း အရင်တုန်းကလိုတွေပဲ
ပြီးသွားမှာပါ။ အခုဟာက လူသားတစ်ယောက်ရဲ့ ခံစားချက်အရ
ပေါက်ကွဲတာဖြစ်တဲ့အတွက် အဲဒီလို ပေါက်ကွဲခွင့် သူ့မှာရှိပါတယ်။
ကျွန်တော်ပြောချင်တာက အဲဒါပါ။ ထက်ထက်မိုးဦး ပါးရိုက်လိုက်တာကို
မှန်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ သူ့ခံစားချက်အရ ဖြစ်လာတဲ့အတိုင်း
သူလုပ်လိုက်တာဟာ သူ့ရဲ့အခွင့်အရေးဖြစ်ပါတယ်။ အဲဒီအတွက် တရားရင်ဆိုင်တာတွေ၊
တောင်းပန်တာတွေ၊ ဘာတွေကတော့ ဖြစ်လာမှာပါပဲ။


သတင်းတစ်ခုမှာ ဖတ်လိုက်ရတာက 7Day News ဂျာနယ်တိုက်အနေနဲ့ မကျေနပ်လို့ တရားစွဲဆိုတာလို့ ဆိုတဲ့အတွက် တစ်ခုလောက် ပြန်မေးချင်ပါတယ်။ ထက်ထက်မိုးဦးက လာမေးတဲ့ သတင်းထောက်ကို ပါးရိုက်တာဟာ
သူတို့ဂျာနယ်တိုက်ကိုပါ စော်ကားသလို ဖြစ်တယ်ဆိုရင် အင်တာဗျူးသူရဲ့
အဆင့်အတန်းမရှိ မေးခွန်းတွေကလည်း ဂျာနယ်တိုက်တစ်ခုလုံးကို ကိုယ်စားပြုသလား
ဆိုတာပါပဲ။ အဲဒါဆိုရင်တော့ ကိုယ့်ဂျာနယ်ရဲ့အဆင့်ကို ကိုယ့်ဘာသာကိုယ်သာ
အရင်ပြန်သုံးသပ်ကြည့်ပါဦးလို့ ပြောချင်တာပါပဲ။


ကျွန်တော့်အမြင်ကတော့ နှစ်ဦးနှစ်ဖက်စလုံးက အသီးသီးတောင်းပန်ပြီး ကျေအေးလိုက်ကြရင် ပြီးသွားမယ့်ကိစ္စလို့ မြင်မိပါတယ်။ အရိုက်ခံရသူက ကျွန်မက ကိုယ်ထိလက်ရောက် အလုပ်ခံရတာဆိုရင် လုပ်တဲ့သူကလည်း သူ့ရင်ထဲနှလုံးသားထဲအထိ
အစော်ကားခံခဲ့ရတာလို့ ပြန်ဖြေပါလိမ့်မယ်။ တကယ်လည်း အဲဒီသဘော ဖြစ်နေတာကိုး။
ကျွန်တော်နဲ့ ညီအစ်ကိုလိုခင်တဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်နဲ့
သူ့မိန်းမဟာ သူတို့ရဲ့ ပထမဆုံးကိုယ်ဝန် ပျက်ကျသွားတဲ့အတွက် တစ်ပတ်လောက်
ထမင်းလည်းမစား၊ အပြင်လည်းမထွက်ဘဲ ပြန်ပြောတိုင်း မျက်ရည်ကျနေတာကို
ကိုယ်တိုင်မြင်တွေ့ကြုံဖူးပါတယ်။


အခုလောလောဆယ်တော့ ထက်ထက်မိုးဦးတစ်ယောက် လူစိတ်ဝင်စားအခံရဆုံး သတင်းလူသား ဖြစ်နေဦးတော့မှာပါပဲ။ ဂျာနယ်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တင်ပြပုံအမျိုးမျိုးနဲ့
ဖတ်လို့ကောင်းဦးတော့မယ်။ ဆရာလူထုစိန်ဝင်း ဘာရေးလာမလဲဆိုတာကို
စိတ်ဝင်စားနေမိတယ်။ စာနယ်ဇင်းနဲ့ ပတ်သက်နေတာကိုး။ ကျွန်တော့်အထင်တော့
ကြားနေမယ်ထင်တာပါပဲ။ မေးတဲ့လူကို အပြစ်တင်သလို၊ ထက်ထက်မိုးဦးကိုလည်း
ကိုယ်ထိလက်ရောက် လုပ်တဲ့အတွက် အပြစ်ရှိတယ်လို့ ရေးမယ်ထင်ပါရဲ့။
စောင့်ဖတ်နေပါတယ်။ ကျွန်တော့်ခန့်မှန်းချက် မမှားဘူးဆိုရင်တော့ Eleven
ဂျာနယ်တစ်ခုခုမှာ ရေးလာလိမ့်မယ် ထင်ပါတယ်။


ဒါတွေဖတ်ကြည့်ပါဦး။
၁။ ထက်ထက်မိုးဦးအကြောင်း The VOICE Weekly ဂျာနယ်မှ သတင်း
၂။ ကိုညီလင်းဆက် ရဲ့ ဘယ်သူ့အလွန်လဲ


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၂ ရက်၊ စနေနေ့။
ညနေ ၄ နာရီ ၄၇ မိနစ်တွင်ပြီး၏။


[စာကြွင်း]
ဘယ်သူ့ကိုမှ ထိပါးပုတ်ခတ်လိုခြင်း၊ သာစေနာစေဟု ရည်ရွယ်လိုခြင်း၊ စော်ကားပြောဆိုလိုခြင်း မရှိပါ။ ကျွန်တော့်အရေးအသားများတွင် ရိုင်းပြမှုနှင့် ဒေါသသံအချို့ ပါနေခဲ့ပါလျှင်
စာဖတ်သူများကို တောင်းပန်လိုပါသည်။ ကျွန်တော်ခံစားမိသည့်အတိုင်း
ရေးပြမိခြင်း ဖြစ်ပါသည်။


original link - http://www.myanmarthway.co.cc/2010/05/blog-post_6599.html




အနုပညာရှင်များ (Celebrity)၏ ကိုယ်ရေးကိုယ်တာကို မေးမြန်းခြင်း နှင့်ပတ်သက်၍ သတင်းထောက်များ အနေဖြင့် မေးပိုင်ခွင့်ရှိကြောင်း ၀ါရင့်ဂျာနယ်လစ်များ
အပါအ၀င်၊ ဂျာနယ်လစ်များ သုံးသပ်





အနုပညာရှင်များ (celebrity)၏ ကိုယ်ရေးကိုယ်တာကို မေးမြန်းခြင်းနှင့်ပတ်သက်၍ သတင်းထောက်များအနေဖြင့် မေးပိုင်ခွင်ရှိကြောင်း ပြည်တွင်းဂျာနယ်လစ်များက သုံးသပ်ခဲ့ပါသည်။ အဆိုပါသုံးသပ်မှုသည် ပြီးခဲ့သည့်
မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော သရုပ်ဆောင်ထက်ထက် မိုးဦးက 7 days
သတင်းထောက် အေးသူစံကို ကိုယ်ရေးကိုယ်တာ မေးမြန်းမှုအပေါ် မကျေနပ်၍
ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့်ဆက်စပ်၍ သုံးသပ်ပြောကြားခဲ့ခြင်းပါသည်။


ထိုသို့သုံးသပ်ရာတွင် ဆရာလူထုစိန်ဝင်းက 'နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းထောက်ဆိုရင် နိုင်ငံရေးသမားတွေကို တွေ့ပြီးတော့
နိုင်ငံရေးအကြောင်းတွေကို မေးပြီးတော့ ရေးပေးရမှာပဲ။ ဒါသူ့ဝတ္တရား။
စီးပွားရေးသတင်းထောက်ကလည်းပဲ စီးပွားရေးစိတ်ဝင်စားတဲ့
သူ့ရဲ့စာဖတ်ပရိသတ်အတွက် စီးပွားရေးသမားတွေကို တွေ့ဆုံပြီးတော့ ဆီဈေး၊
ဆန်ဈေး၊ ပဲအကြောင်း၊ နှမ်းအကြောင်းစသည်အားဖြင့် စီးပွားရေးနဲ့ပတ်သက်တဲ့
သတင်းတွေကို တွေ့ပြီးမေးရမှာပဲ၊ ပြန်ပြီးတော့ ရေးပေးရမှာပဲ။ အလားတူပဲ pop
သတင်းထောက်ကလည်းပဲ သူ့ရဲ့ pop စာဖတ်ပရိသတ်သိချင်တဲ့ မင်းသားမင်းသမီးတွေ၊
အဆိုတော်တွေရဲ့အကြောင်းတွေ မေးမြန်းပြီးတော့ ရေးပေးရမှာပဲ' ဟု
ပြောကြားခဲ့ပါသည်။



Ludu U Sein Winထို့အပြင် pop သတင်းထောက်များ၏ လုပ်ဆောင်ရမှုနှင့် Public Figure များ၏ အနေအထားနှင့်ပတ်သက်၍လည်း 'Pop သတင်းထောက်က မင်းသားမင်းသမီးကိုသွားပြီးတော့
နှမ်းအကြောင်း၊ ပဲအကြောင်း၊ ဆီအကြောင်း၊ ဆန်အကြောင်းကို သွားမေးပြီးတော့
ရေးရင်လည်းပဲ သူ့ပရိသတ်က စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူ့ပရိသတ်လိုချင်တာက
မင်းသား၊ မင်းသမီးတွေနဲ့ ပတ်သက်တဲ့ Pop သတင်းတွေပဲ ဖတ်ချင်တယ်။ အခုဒီ Pop
သတင်းထောက်မိန်းကလေးက မင်းသမီးကိုသွားပြီး တော့ သူချိန်းတဲ့နေရာမှာ
သွားပြီးတော့တွေ့တယ်။ ပြီးတော့ မေးခွန်းမေးတယ်။ သူဟာမဖြေချင်ဘူးဆိုရင်
ငြင်းပိုင်ခွင့်ရှိတယ်။ ကြိုက်သလိုဖြေလို့ရတယ်။ ဖြေပြီးတော့မှ
သူကနေပြီးတော့ ဒီသတင်းတော့ မရေးပါနဲ့ဆိုပြီးတော့ ကိုယ် ရေးကိုယ်တာမို့ Off
the record ပါလို့ ပြောလို့လည်းရတယ်။ သို့သော်လည်းပဲ ကိုယ်ထိလက်ရောက်
ကျူးလွန်စော်ကားတာမျိုးကတော့ ဘယ်သူမှလုပ်ခွင့်မရှိဘူး။
ပြည်သူလူထုလူအများစုနဲ့ ပတ်သက်ဆက်ဆံရတဲ့ Public Figure တွေမှာ ဒီမူကိစ္စ၊
လူကိစ္စဆိုတာဟာ ခွဲခြားဖို့ အင်မတန် ခက်တယ်။ နောက်ဝေဖန်ရေးလောကမှာ
မူကိုမတိုက်ဘဲ လူကိုတိုက်ခိုက်နေတာပဲလို့ ပြောလေ့ပြောထရှိတယ်။ ခုနကပြောတဲ့
Public Figure တွေရဲ့ မူနဲ့လူကိစ္စကို ခွဲခြားပြောဖို့ အင်မတန်ခက်တယ်။ သမ္မတ
ရေဂင် လက်ထက်တုန်းက ကာတွန်းဆရာတွေဟာ ရေဂင်ပုံကိုဆွဲရင် ကောင်းဘွိုင်
ဦးထုပ်ဆောင်ပြီး မြင်းစီးပြီးတော့ ခြောက်လုံးပြူးတရမ်းရမ်းနဲ့ပုံပဲ
ဆွဲတာပဲ။ ဘာကြောင့်လဲဆိုတော့ ရေဂင်က ကောင်းဘွိုင်းမင်းသားဖြစ်ခဲ့တာကို။
သူ့ကို ကောင်းဘွိုင်နဲ့နှိုင်းပြီး ကောင်းဘွိုင်ပုံကို ဆွဲရမလားလို့
ရေဂင်ကမပြောဘူး။ သူက Public Figure ဖြစ်လာတဲ့အတွက် မီဒီယာတွေမှာ
ရေးပိုင်ခွင့်ရှိတယ်၊ ပြောပိုင်ခွင့်ရှိတယ်ဆိုတာကို သူနားလည်တယ်။
သူစိတ်ဆိုး ကောင်းစိတ်ဆိုးမှာပဲ။ ဒါပေမယ့် သူစိတ်ဆိုးတာကို မဖော်ပြဘူး။
မချိသွားဖြဲ ပြုံးပြုံးပဲနေလိုက်တယ်။ အလားတူပဲ ရေဂင်အကြောင်း
ရေးတဲ့အခါမှာလည်း ရေဂင်မိန်းမတွေ ဘယ်နှစ်ယောက်ယူခဲ့တယ်ဆိုတဲ့အကြောင်း
ဒါမျိုးတွေ ရေးကျတာပဲ။ မူနဲ့လူဟာ တစ်ခါတစ်ခါမှာ ခွဲလို့မရနိုင်ဘူး။ Public
Figure ဖြစ်လာပြီဆိုရင် ထင်ပေါ်ကျော်ကြားလာခဲ့ရင်ပေါ့၊
ဒီထင်ပေါ်ကျော်ကြားမှုရဲ့ တန်ဖိုးအဖြစ်နဲ့တော့
ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုစွန့်လွှတ်ကြရတာပါပဲ'ဟု ဆရာလူထုစိန်ဝင်းက ပြောပါသည်။


သတင်းတစ်ပုဒ် စာဖတ်သူထံမရောက်မီ သတင်းထောက်တစ်ယောက်၏ တာဝန်နှင့်အယ်ဒီတာတို့၏ တာဝန်များနှင့် ပတ်သက်၍ 'သတင်းထောက်တွေဆိုတာက
စာဖတ်ပရိသတ်သိချင်တာ မှန်သမျှကို ရှာဖွေစုံစမ်းဖော်ထုတ်ပေးရမှာပဲ။
ဒါသတင်းထောက်ရဲ့ တာဝန်ပဲ။ ဒါကြောင့်မို့ အခုကိစ္စမှာမေးတဲ့
မေးခွန်းတွေကိုလည်း သေချာဖတ်ကြည့်ခဲ့ပါတယ်။ ဒီသတင်းထောက်မိန်းကလေးဘက်က
လွန်တယ်ဆိုတာမရှိပါဘူး။ သတင်းထောက်က မစပ်စုရတဲ့ကိစ္စဆိုတာလည်း မရှိပါဘူး။
သတင်းထောက်ဆိုတာ စပ်စုရမှာပဲ။Reporters have the right to pry
အဲဒီလိုစပ်စုနိုင်မှလည်း သတင်းထောက်ဖြစ်မယ်။ မမေးရတဲ့
မေးခွန်းဆိုတာမရှိဘူး။ မရေးသင့်တဲ့အကြောင်းအရာဆို တာပဲရှိတယ်။ ဒါကတော့
ရေးတဲ့အခါမှာ သူ့ဟာသူဆုံးဖြတ်ပြီးတော့ ဒီဟာတော့ ရေးသင့်တယ်၊ ဒီဟာကတော့
မရေးသင့်ဘူးဆိုတာကို သတင်းထောက်က သူ့ဟာသူဆုံးဖြတ်လိမ့်မယ်။ အယ်ဒီတာက
သူ့ဟာသူဆုံးဖြတ် လိမ့်မယ်'ဟု ဆက်လက်ပြောကြားခဲ့ပါသည်။


ထို့အပြင် ဆရာလူထုစိန်ဝင်းက သတင်းထောက်ကို ကိုယ်ထိလက်ရောက်စော်ကားသည်မှာ မည်သူ့ကိုဖြစ်ဖြစ် လက်ရောက်စော်ကားလျှင် လက်ရောက်မှုဖြင့်
တရားစွဲ၍ရကြောင်း၊ တရားရုံးတွင် တရားစွဲသည်ဆိုပါကလည်း
သတင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး သတင်းခေတ်တွင် celebrity များ၏
အနေအထားနှင့်ပတ်သက်၍လည်း 'ဒီလိုအရှက်တကွဲ အကျိုးနည်းကိစ္စတွေကို
အမေးမခံချင်ရင်၊ ဂျာနယ်တွေမှာ အထည့်မခံချင်လို့ချင်ရင်ကိုယ့်ဘက်က
သန့်ရှင်းစင် ကြယ်အောင်နေပါ။ အဲဒီလိုမဟုတ်ရင်လည်း celebrity မလုပ်နဲ့
ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးသာမန် လူတစ်ယောက်အဖြစ်ပဲနေပါ။ အဲဒီလိုဆို
ဘယ်သူမှလည်း စိတ်မ၀င်စားဘူး၊ ဘယ်သူမှလည်း မေးမှာမဟုတ် တော့ဘူး။ Celebrity
နေရာမှာလည်း နေချင်တယ်။ ကိုယ်လုပ်ချင်တာကိုလည်း စည်းလွတ်၊
ဝါးလွတ်လုပ်ချင်ရာလုပ်မယ်၊ ဒါတွေကို သတိပေးတဲ့ အနေနဲ့ပဲဖြစ်ဖြစ်၊
သတင်းပေးတဲ့ အနေနဲ့ပဲရေးရေး ရေးရင်ရေးတဲ့သူတွေကို
လိုက်ပြီးအပြစ်ရှာတယ်ဆိုတာကတော့ အရမ်းကို အသိဉာဏ်ကင်းမဲ့ရာ ရောက်ပါတယ်'ဟု
ပြောပါသည်။



Mg Won Thaမီဒီယာသမားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းသည် မီဒီယာသမားသာမက မီဒီယာကိုယ်စားပြု စာဖတ်ပရိသတ်များကိုပင် မခန့်လေးစားပြုရာရောက်ကြောင်း ၀ါရင့်ဂျာနယ်လစ်
ဆရာမောင်ဝံသက သုံးသပ်ခဲ့ပါသည်။ 'ထက်ထက်မိုးဦးက ရုပ်ရှင်အနုပညာသည်ပါ။
ရုပ်ရှင်အနုပညာသည်ဖြစ်တဲ့အတွက် အများပြည်သူနဲ့ဆိုင်သွားပြီ။
အများပြည်သူကို သရုပ်ဆောင်မှုနဲ့ဖျော်ဖြေရတဲ့ သူထဲပါတောပေါ့။ သူ့ရဲ့ပုဂ္ဂလိက
ကိုယ်ရေးကိုယ်တာကိစ္စဆိုပေမယ့် အများပြည်သူက သိသင့်သိထိုက်တာကို မီဒီယာက
မေးရမှာပဲ။ ဒါပေမယ့်သူက Request လုပ်ပြီးတော့ ဘယ်အချက်တွေကိုတော့
မထည့်ပါနဲ့ မဖော်ပြပါနဲ့ဆိုပြီးတော့ ပြောရင်တော့
သူကိုသိပ်ပြီးနစ်နာနိုင်တဲ့ ဟာဆိုရင် မီဒီယာ မထည့်ပဲနေမှာပါ။ ဒါမီဒီယာရဲ့
ထုံးစံပါပဲ။ ဒါပေမယ့် သူက သူ့ကိုအဲဒီလို မေးရကောင်းလားဆိုပြီးတော့
ပြန်ပြီးတော့ ရန်လုပ်တာမျိုးကတော့ မီဒီယာသမားကို စော်ကားရုံတင်မကဘူး။
မီဒီယာသမားကိုယ်စားပြုတဲ့ စာဖတ်ပရိသတ်တွေကိုပါ
တစ်နည်းတစ်ဖုံမခန့်လေးစားရာလုပ်ရာ ရောက်ပါတယ်'ဟု ဆရာမောင်ဝံသက ပြောပါသည်။



Ko Wai Phyo'ကျွန်တော်တို့အနေနဲ့ ပုဂ္ဂိုလ်ရေး နှိုက်နှိုက်ချွတ်ချွတ် ကိစ္စတွေ ရေးလေ့မရှိပါဘူး။ ဒါပေမယ့် ဒေါ်ထက်ထက်မိုးဦး စတုတ္ထအကြိမ်အိမ်ထောင်ပြုတာကိုတော့ ရေးသင့်ရေးထိုက်တဲ့
သတင်းအဖြစ် ကျွန်တော်တို့ဂျာနယ်မှာ ဖော်ပြခဲ့တယ်။ ဂျာနယ်တွေမှာ ခဏခဏ
အိမ်ထောင်ပြုတာ ပါလာတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက်
မကောင်းတဲ့အပြုအမူဖြစ်တယ်။ ဒါကိုနားလည်မှု မလွဲစေချင်ဘူး။
ဘာမှဂုဏ်ယူစရာမရှိဘူး။ အတုယူစရာမရှိဘူး။ အခုလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ
လင်ကွာ မယားကွာတွေ၊ အိမ်ထောင်ကို လွယ်လွယ်ပြု၊ လွယ်လွယ်ပျက်နေကြတာတွေ
များလာနေတယ်။ ဒါကြောင့် ကျွန်တော်တို့ Eleven က အဲဒီသတင်းကိုရေးခဲ့တာ။
အဲဒီနေရာမှာ ဒေါ်ထက်ထက်မိုးဦးမှ မဟုတ်ဘူး။ ဘယ် Celebrity ကိုမဆိုရေးမှာပဲ။
သူတို့ဟာ သူတို့ တိတ်တိတ်မင်္ဂလာဆောင်တာကို လိုက်ဖော်စရာမလိုပေမယ့်၊ ပရိသတ်
ရှေ့ထွက်လာရင်တော့ ရေးမှာပဲ။ ဒါသူတို့ရဲ့ကိုယ်ရေးကိုယ်တာမဟုတ်ဘူး။
ပြည်သူကိုစော်ကားတယ်လို့ ယူဆတယ်။ ကျွန်တော်တို့
မြန်မာဂျာနယ်လစ်တွေရဲ့လစာဟာ ၂ ပြား ၁ ပဲဆိုပေမယ့် ကျွန်တော်တို့ဟာ
ကျွန်တော်တို့ ရိုးရိုးသားသားရတဲ့ ဒီ ၂ ပြား ၁ ပဲကို
တန်ဖိုးထားတယ်။ကျွန်တော်တို့အလုပ်ကို မြတ်နိုးတယ်။ကျွန်တော်တို့ရဲ့
Professional life ကို ကျေနပ်တယ်။ ကျွန်တော်တို့ လူငယ်သတင်းထောက်တွေအနေနဲ့
စနစ်တကျ သင်ယူတက်မြောက်ခဲ့ရတာ မဟုတ်တော့ ကျွမ်းကျင်မှုဗဟုသုတ
နည်းကောင်းနည်းမယ်၊ ငွေကြေး၊ ရုပ်ပိုင်းချို့တဲ့ကောင်းချို့တဲ့မယ်။
ဒါပေမယ့် တိုင်းပြည်ချစ်တဲ့စိတ်၊ ကိုယ့်အလုပ်ကို ဂုဏ်ယူတက်တဲ့စိတ်ကတော့
အပြည့်ပဲဆိုတာ ကတော့ ဒေါ်ထက်ထက်မိုးဦးအပါအ၀င် ကျွန်တော်တို့ပြည်တွင်းက
ဂျာနယ်လစ်တွေကို အထင်သေးစိတ်ရှိတဲ့သူတွေအားလုံးကို သိစေချင်တယ်။
ဒီသတင်းထောက်ရဲ့ လုပ်ရပ်ကမှန်ကန်တဲ့အတွက် Eleven Media Group
အနေနဲ့သူ့ဘက်က ရပ်တည်သွားမယ်။ ဒီကိစ္စမှာ ဒေါ်ထက်ထက်မိုးဦး၊ 7 Days Journal
နဲ့ သတင်းထောက် အေးသူစံဆိုတာလောက် မဟုတ်ပါဘူး။ ဒါဟာသာမန်လို့ မယူဆပါဘူး။
ဒီမိုကရေစီအတွေ့အကြုံမရှိတဲ့ ဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်လုပ်ရတာ
အင်မတန်ခက်ခဲပါတယ်။ ဒေါ်ထက်ထက်မိုးဦးရဲ့ ဒီလုပ်ရပ်ဟာ
ကျွန်တော်တို့လုပ်ကိုင်နေတဲ့ အလုပ်တွေကို ပိုမိုခက်ခဲသွားစေပါတယ်။
စတုတ္ထမဏ္ဍိုင်ကိုသွားနေတဲ့ လမ်းကြောင်းနဲ့ စတုတ္ထဏ္ဍိုင်ကိုထိပါးတယ်လို့
ယူဆပါတယ်။ ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့လုပ်ရပ်အတွက် နောင်တမရခဲ့ဘူး။
တောင်းပန်မှုမပြုခဲ့ဘူးဆိုရင် အမှန်တရားရရှိတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်'
ဟု Weekly Eleven News Journal တာဝန်ခံ အယ်ဒီတာကိုဝေဖြိုးက ပြောပါသည်။



ဒီ Statistic ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် ၀မ်းသာစရာမဟုတ်ပါဘူး။ သတင်းမီဒီယာဆိုတာ ပရိသတ်သိချင်တာ ဖော်ပြရပါ တယ်။ နောက်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ချပြရပါမယ်။ Principle အပေါ်မှာ
စွဲမြဲစွာ ရပ်တည်ရပါတယ်။ ကျွန်တော်တို့ဟာ စာပေစိစစ်ရေးက ခွင့်ပြုမှသာ
ရေးသားခွင့်ရတာပါ။ ကျွန်တော်တို့ရဲ့သတင်းတွေကို ဖြုတ်လိုက်ရင်
ကျွန်တော်တို့ ဒီသတင်းကို ၀က်ဘ်ပေါ်ကလည်း ဖြုတ်ချပေးရပါတယ်။ အခုသတင်းလည်း
ရက်ပိုင်းပဲရမှာပါ။


လူအများစုရဲ့ Emotion ကို အမှန်တရားလို့ ယူဆရင် လူနည်းစုဟာ လူများစုအပေါ်မှာ လိုသလို ဖိနှိပ်အသုံးချနိုင်စွမ်း ရှိလာမှာပါပဲ။ ၀မ်းနည်းစရာကောင်းတဲ့ ကျွန်တော်တို့ နိုင်ငံ၊ လူမျိုးတွေရဲ့
အားနည်းချက်ပါ။ Principle အပေါ်မှာ စွဲမြဲယုံကြည်စွာ ရပ်တည်မယ့်သူများလာရင်
ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်ကောင်းလာမှာပါ။ မဟတ္တမဂန္ဒီကပြောဖူးတယ်။
''အမှန်ကို အမှန်အတိုင်း မမြင်တဲ့သူတွေကို အမှန်တရားပြခွင့် မကြုံရင်တောင်
သူတို့ရဲ့အမှားကို မှန်ပါတယ်လို့ ဘယ်တော့မှမပြောပါနဲ့''တဲ့။ ကျွန်တော်တို့
Eleven Media Group က ဒီမူနဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တာပါ။


ထက်ထက်မိုးဦး ကိစ္စဟာ Personal ကိစ္စမဟုတ်ပါဘူး။ ဒီထက် ရေရှည်ကြည့်ရမှာ ရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ဗျူးမယ်၊ သူတို့ မကြိုက်တာ၊
သူတို့မကောင်းတာတွေ မေးမိလို့ အသရေဖျက်မှုနဲ့ စွဲမယ်ဆိုရင် သတင်းထောက်တွေ
တရားရုံးပေါ်က ဘယ်ဆင်းရတော့မလဲ။ သတင်းစာရှင်းလင်းပွဲမှာ မကြိုက်တာ
မေးမိလို့ရှိရင် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ ပုဒ်မတပ်ခံရရင်၊
ဒီသတင်းထောက် နည်းတောင်နည်းသေးတယ် ပြောမှာလား။ အခုမြန်မာနိုင်ငံမှာ
ထူးချွန်ထက်မြက်တဲ့ လူငယ်တွေ သတင်းထောက်အလုပ်ကို လုပ်လာအောင် Eleven Media
Group က တွန်းအားပေးနေရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သတင်းထောက်
တစ်ယောက်ကိုမေးတာ မကြိုက်ရင် လူမြင်ကွင်းမှာ ပါးရိုက်လို့ရတယ်။
ပါးရိုက်တဲ့သူကို လူအများစုက ထောက်ခံတယ်။ ဒါကြောင့် ဒီလူဟာ ဘယ်တော့မှ
နောင်တမရဘူး။ ဥပဒေကလည်း လူအများစုဆန္ဒအရ ထိရောက်ဟန့်တားတဲ့
ပြစ်ဒဏ်မချခဲ့ဘူးဆိုရင် သတင်းမီဒီယာတွေရဲ့ အနာဂတ်ဘယ်လိုရှိမှာလဲ။ ဒါဆို
လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဆိုတာရော၊ ဒီမိုကရေစီ ဆိုတာရော . . . ။
ဒီကိစ္စမှာ တောင်းပန်သင့်တာ အေးသူစံနဲ့ 7 Days ဂျာနယ်တော့ မဟုတ်ဘူး။


သတင်းမီဒီယာမှာ ဖော်ပြချက်တွေဟာ သာမန်လူမှုရေး Web တွေ၊ Blog တွေထက်ပို တာဝန်ယူရပါတယ်။ သတင်းမီဒီယာရဲ့ Web ပေါ် မှာ Freeflow Comment ရေးရတာနဲ့
Blog ပေါ်မှာရေးရတာ၊ ၀င်ရောက်ဖတ်ရှုရတာရဲ့ ကွာခြားချက်ကို သိမှာပါ။
တာဝန်ယူမှုရှိတဲ့ သတင်းမီဒီယာတွေရဲ့ Professional Lifeနဲ့ ရပ်တည်မှုကို
လေးစားရပါမယ်။ ကန့်ကွက်တာ၊ ဝေဖန်တာလက်ခံပေမယ့် Professional ကို
ထိပါးချိုးနှိမ်ပြောတဲ့ Comment ပေးသူတွေကို ပိတ်ရမှာဖြစ်တဲ့အကြောင်း
ဝမ်းနည်းစွာ အသိပေးရပါတယ်။
(လောလောဆယ်မှာ Professional Life ကို ထိပါးချိုးနှိမ်လို့ talkative, youth force, bage, skyer, bakyi တို့ကို ပိတ်လိုက်ပါပြီ။)


Eleven Media Group


original link - http://www.news-eleven.com/index.php?option=com_content&view=ar...




ထက်ထက်မိုးဦး သတင်းကြောင့် ဂျာနယ် ၂ စောင် အပိတ်ခံရ

ခွင့်မပြုသည့် သတင်းကို ဖော်ပြသည့် အတွက် ဂျာနယ် ၂ စောင်အား ယာယီပိတ် လိုက်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနတွင် စာကပ်ထား သည်ဟု သတင်း ရရှိသည်။

The Voice ဂျာနယ်နှင့် First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ၁၉၆၂ ခုနှစ် အက်ဥပဒေအရ ပိတ်ပင်ခြင်း
ဖြစ်သည်ဟု ရေးသားထားပြီး မည်သည့်သတင်းနှင့် ပတ်သက်၍ ပိတ်ပင်သည်ဟု
ရေးသားထားခြင်းမရှိကြောင်း စာပေစိစစ်ရေးသို့ ရောက်ရှိ ခဲ့သည့် သတင်းသမား
တဦးကပြောသည်။

ယာယီအပိတ်ခံရသည့် First Music ဂျာနယ် အချပ်ပိုတွင် သရုပ်ဆောင် ထက်ထက်မိုးဦး သတင်း ဖော်ပြထားသည်ကို ဤသို့ တွေ့ရသည်


သို့ရာတွင် ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ အယ်ဒီတာ တဦးကမူ သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ် သတင်းထောက်တို့
ပဋိပက္ခဖြစ်သည့် သတင်းကို ဖော်ပြသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခံရခြင်း
ဖြစ်ကြောင်း ပြောသည်။

“အဲဒီသတင်းကို စိစစ်ရေးက မဖော်ပြနဲ့လို့ ပြောနေတဲ့ကြားက ဖော်ပြလိုက်လို့ ယာယီပိတ်လိုက်တာပါ။ တပတ်တည်းလည်း
ဖြစ်နိုင်တယ်။ ဘယ်လောက် ကြာကြာပိတ်မှာလဲ ဆိုတာကတော့ မပြောတတ်ဘူး” ဟုအဆိုပါ
အယ်ဒီတာက ပြောသည်။

အဆိုပါ သတင်းကို သရုပ်ဆောင် ထက်ထက်မိုးဦးက ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့ တင်ပြထားခြင်းဖြစ်ကြောင်း ဧရာဝတီ
မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြားထားပြီး ဖြစ်သည်။

“ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ The Voice ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ” ဟု ထက်ထက်မိုးဦးက ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ စာပေစိစစ်ရေး၏ လုပ်ရပ်အပေါ် အံ့သြမိသည်ဟု
ထိုင်းနိုင်ငံ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

“မင်းသမီးတယောက်က အခုလို ဖိအားပေးရုံနဲ့ မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးလို ဌာနကြီးက
နားထောင်ပြီး အရေးယူပေးတယ် ဆိုတာကတော့ တော်တော် စဉ်းစားရကျပ်တယ်” ဟု သူက
ဆိုသည်။

ထက်ထက်မိုးဦး အနေနှင့် ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်၍ ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့ တင်ထားခဲ့ သော်လည်း
ယခင်အကြိမ်များက ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဖော်ပြခွင့်ပေးခဲ့ရာ
စိတ်မကောင်းဖြစ်ရသည်ဟု ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောထားသည်။

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံတို့ ပဋိပက္ခ ဖြစ်သည့်ကိစ္စရပ်ကို အင်တာနက်
စာမျက်နှာများပေါ်တွင် အပြန်အလှန် ဆွေးနွေးငြင်းခုန်မှုများ ရှိနေသည်။
သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် စာရေးဆရာ သတင်းစာ ဆရာ မောင်ဝံသ
တို့ကဲ့သို့သော ဝါရင့် သတင်းစာ ပညာရှင်များကိုယ်တိုင် Weekly Eleven
ဂျာနယ်သို့ ပေးသည့် အင်တာဗျူး အပေါ်မူတည်၍ အဆိုပါ ငြင်းခုန်မှု များ
ဖြစ်လာရသည်ဟု သိရသည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက “မင်းသား မင်းသမီးကို နှမ်းအကြောင်း၊ ပဲ အကြောင်း၊ ဆီအကြောင်း၊ ဆန်အကြောင်း မေးပြီး
ရေးရင်လည်း ပရိသတ်က စိတ်ဝင်စားမှာ မဟုတ်ဘူး ….။ မင်းသမီးက
မဖြေချင်ဘူးဆိုရင် ငြင်းပိုင်ခွင့်ရှိတယ်။ ကြိုက်သလို ဖြေလို့ရတယ်။
ဖြေပြီးမှ ဒါတော့ မရေးပါနဲ့ ဆိုပြီး ကိုယ်ရေးကိုယ်တာမို့ Off The Record
လုပ်လို့ရတယ်” ဟု Weekly Eleven ဂျာနယ်တွင် ပြောထားသည်။

ဆက်လက်၍ ၎င်းက သတင်းထောက် အေးသူစံအနေနှင့် လွန်သည်ဟု မဆိုနိုင်ကြောင်း၊ သတင်းထောက်
ဆိုသည်မှာ မစပ်စုရသည့် ကိစ္စဟူ၍ မရှိကြောင်း၊ သတင်းထောက်တွင်
စပ်စုရန်အခွင့်အရေး ရှိကြောင်းပြောထားသည်။

“မမေးရတဲ့ မေးခွန်းဆိုတာ မရှိဘူး၊ မရေးသင့်တဲ့ အကြောင်းအရာ ဆိုတာပဲ ရှိတယ်။ ဒါကတော့ ရေးတဲ့နေရာမှာ
သတင်းထောက်က သူ့ဟာသူ ဆုံးဖြတ်လိမ့်မယ်” ဟု လူထုစိန်ဝင်းက ဆိုထားသည်။

စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသကလည်း ထက်ထက်မိုးဦးအနေနှင့် မီဒီယာသမားကို
ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည် မီယာသမားသာမက မီဒီယာကိုယ်စားပြု
စာဖတ်ပရိသတ်များကိုပင် မခန့်လေးစား ပြုရာရောက်သည်ဟု Weekly Eleven
ဂျာနယ်ကို ပြောသည်။

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံ ပြဿနာကို မည်သူမှန်သည်၊ မည်သူမှားသည်ဟူ၍ အင်တာနက် စာမျက်နှာ တခုပေါ်တွင်
စစ်တမ်းကောက်ယူထားသည် ကိုလည်း တွေ့ရသည်။

လူထုစိန်ဝင်းနှင့် မောင်ဝံသတို့၏ ပြောကြားချက်များမှာ Weekly Eleven ဝက်ဘ်ဆိုက်မှတဆင့်
ပျံ့နှံ့နေခြင်း ဖြစ်ပြီး အဆိုပါ ပြောကြားချက်များကို စာပေစိစစ်ရေးက
ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြခွင့် မပြုကြောင်း သိရသည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး
လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု
ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။


original link - http://irrawaddy.org/bur/index.php/news/1-news/3228-2010-05-24-12-3...



"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်"

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။




ထက်ထက်မိုးဦးသည် ယမန်နှစ်က ဗီဒီယို သရုပ်ဆောင် ဇူးမြတ်ထက်နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သားတဦး ဖွားမြင်ခဲ့သည်။
သို့သော်လည်း ထိုသားငယ်မှာ မီးတွင်းမှာပင် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့အခြေစိုက် 7Day ဂျာနယ်မှ စာနယ်ဇင်းသမားတဦးက
ထိုအကြောင်းအရာများကို မေးမြန်းရာ အကယ်ဒမီ ထက်ထက်မိုးဦးက ဒေါသထွက်ပြီး
စာနယ်ဇင်းသမားကို ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ထက်ထက်မိုးဦးကို ယနေ့ ဆက်သွယ်ပြီး ပဋိပက္ခဖြစ်ခဲ့ပုံအား မေးမြန်းထားပါသည်။

htet_htet_moe_oo
မေး။ ။ မထက်နဲ့ သတင်းထောက် တယောက်နဲ့ ဆီဒိုးနား ဟိုတယ်မှာ ပဋိပက္ခ ဖြစ်သွားတဲ့
ကိစ္စဟာ ပြည်တွင်း သတင်း လောကမှာ တော်တော်လေး ပျံ့နှံ့နေတယ်လေ။
အဲဒီအချိန်မှာ မထက်ရဲ့စိတ်ခံစားမှုက ဘယ်လိုများ ရှိနေခဲ့တာလဲဗျ။

ဖြေ။ ။ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ ဖေးမ လက်တွဲလို့ အတူတူ
လျှောက်ရတာပဲလေ။ မဖြစ်ခင်မှာ သူတို့ တင်ပေး၊ ဖြစ်လာတဲ့အခါမှာလည်း
တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူနဲ့ သူတို့ လိုအပ်တဲ့ပုံတွေ
ရိုက်ပေးခဲ့ကြတာပဲလေ။ ထက်ထက် ကိုယ်ဝန် ၅ လ ခွဲမှာပေါ့ ELEVEN ဂျာနယ်က
အင်တာဗျူး လှမ်းလုပ်တဲ့ အခါမှာ ထက်ထက် နေမကောင်းသေးလို့ ခဏလေး စောင့်ပါဦး
ဆိုတာကို စိတ်ဆိုးသွားပြီးတော့ ရေးလိုက်တယ်ပေါ့နော်။ ရေးလိုက်တာက
မြန်မာပြည်မှာ အိမ်ထောင်ဆက် များတဲ့ မင်းသမီး ဆိုပြီး ရေးလိုက်တဲ့ အခါမှာ
ထက်ထက် စာပေ စိစစ်ရေးကို စာ သွားတင်လိုက်တယ်လေ။ ဒီ ကိုယ်ရေးကိုယ်တာ
ကိစ္စနဲ့ ပတ်သက်ပြီး မထည့်စေချင်ဘူးလို့ တင်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ထက်ထက်ရဲ့ကိုယ်ရေးကိုယ်တာ ပြီးခဲ့တာတွေက ပရိသတ်က သိလည်း သိကြပါတယ်။
တတိုင်းပြည်လုံးက ထက်ထက် ဘယ်လို အနေအထားမှာ ရှိလဲ ဆိုတာကို။ ဒါတွေက
လိမ်ညာလို့ ရတာတွေလည်း မဟုတ်ဘူး။ ထက်ထက် ကိုယ်တိုင်လည်း ပရိသတ်ကို
လိမ်ညာပြီး ဘာမှ မလုပ်ခဲ့ဖူးဘူးလေ။

အဲဒီတော့ ELEVEN သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို စာ သုံးခါ သွားတင်တယ်။ တင်တော့
စိစစ်ရေးကလူကြီးက ပါပြီးပြီပဲ ဘယ်တတ်နိုင်မလဲ တဲ့။ သူက အဲဒီလို
ပြောလိုက်တော့ ကိုယ်လည်း စိတ်အားငယ် စိတ်မကောင်းဖြစ်ရုံပဲ ရှိတာပေါ့လေ။
တော်တော်လေးကို စိတ်မကောင်း ဖြစ်တယ်။ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဆိုတော့
စိတ်ထဲမှာ တမျိုးကြီးပဲ။ ဒီ ကိုယ်ဝန်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ
ခံစားနေရတာ တမျိုး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ခံစားနေရတာ တမျိုးနဲ့
အကြောင်းတွေက အများကြီး စုပြီး စိတ်မကောင်း ဖြစ်နေရတာ။

စာပေစိစစ်ရေးကို စာသုံးခါ တင်ပြီးတဲ့ အချိန်မှာကို နောက်လ IDEA မဂ္ဂဇင်းမှာ ထပ်ပြီး
ပါခဲ့တယ်။ အိမ်ထောင်ဆက်တွေက ဘယ်သူ ဘယ်သူတွေပါပေါ့။ သူတို့ နံပါတ်စဉ်တွေနဲ့
တပ်ပြီး ပါလာခဲ့တော့ ထပ်ပြီး စိတ်ထဲမှာ ခံစားရပြန်တယ်ပေါ့။ ခံစားရတယ်
ဆိုတာက ထက်ထက် တယောက်တည်း ကိုယ့်အတွက်ကို ခံစားရတာမျိုး မဟုတ်ပါဘူး။
အခုလက်ရှိ ထက်ထက်ဘေးမှာ ထက်ထက်ကို ကြည့်ရှု ပေးနေတဲ့ ထက်ထက်ရဲ့အမျိုးသားနဲ့
ယောက္ခမကို ထက်ထက် မစော်ကားချင်ဘူးလေ။ ပြဿနာတွေ ထပ် မဖြစ်ချင်ဘူး။
သူတို့လည်း လက်ခံနိုင်လို့ ခွင့်လွှတ်နိုင်လို့ အခုချိန်မှာ
အေးအေးချမ်းချမ်း လျှောက်လှမ်းနေကြတာလေ။ သိပြီးသား ကိစ္စကို ဘာဖြစ်လို့ ခဏ
ခဏ ထပ် လုပ်နေကြမှာလဲ။

အခုကိစ္စမှာလဲ အရင်ဦးဆုံး ထက်ထက်ကို အင်တာဗျူး လုပ်ချင်လို့ပါ ဆိုတော့ အင်း ... လုပ်ချင်ရင်
လုပ်ပေးမယ်လေဆိုပြီး 7Day ရဲ့အင်တာဗျူးကို လက်ခံလိုက်တာ။ ဓာတ်ပုံလည်း
ရိုက်ပေးမယ် အင်တာဗျူးလေး လုပ်ပေးမယ် ဆိုတဲ့ ဟာကို လက်ခံလိုက်တာ။ ဒါပေမယ့်
အဲဒီ ဆီဒိုးနားမှာ ပွဲအကြီးကြီးလုပ်နေတဲ့အချိန်မှာ ဖြစ်သွားတဲ့ကိစ္စ။ ဒါဟာ
ဘယ်သူမှားတယ် မှန်တယ်ဆိုတာ နားထောင်တဲ့သူတိုင်း၊ သိတဲ့သူတိုင်းက
ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ရှင်းမှာပါ။ ကိုယ်မှန်တယ်လို့လည်း
မပြောချင်ဘူး။ ကျမကို ဒီလိုလုပ်လို့ ကျမက ဒီလိုလုပ်တာလို့လဲ မပြောချင်ဘူး။

အဲဒီပွဲမှာ ကိုယ်စင်ပေါ်တက်ပြီးပြောရမယ့် စကားတွေ ခေါင်းထဲမှာ စဉ်းစားနေတဲ့အချိန်မှာ
VIP လို့ ရေးထားတဲ့ ၀ိုင်းမှာ ဘေးမှာ (သရုပ်ဆောင်) မယ်လိုဒီ လည်း ရှိတယ်။
နောက် မယ်လိုဒီက ဓာတ်ပုံ ရိုက်စရာ ရှိလို့ ဆိုပြီး ထပြန်သွားတဲ့ အချိန်မှာ
သူက ၀င်လာပြီး ကျန်းမာရေး ကိစ္စက စမေးတယ်။ အခု ကောင်းသွားပြီလို့
ထက်ထက်ဖြေတယ်။ နောက်ဆက်မေးတာက မိခင်တယောက်အနေနဲ့ သားသမီး ဆုံးသွားတော့
ဘယ်လို ခံစားရလဲ တဲ့။ ဒီမေးခွန်း မေးသင့်လား မမေးသင့်လား ဆိုတာ
မေးတဲ့သူရော မေးခိုင်းတဲ့သူရော စဉ်းစားရမယ်လေ။

မေး။ ။ စင်ပေါ်တက်ပြီး စကားပြောရမယ့် အချိန်ဆိုတော့ အဲဒါမှာက ဘာပွဲ ကျင်းပနေလို့လဲ။

ဖြေ။ ။ ကုန်စည် မိတ်ဆက်ပွဲပါ။

မေး။ ။ စကားပြောရမယ် ဆိုတာက ကုန်စည်မိတ်ဆက်စကားမျိုးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီပစ္စည်းတွေကို မင်းသမီးတယောက် အနေနဲ့ ဘယ်လို သုံးခဲ့လဲ
ဆိုတာကို ရှင်းပြရမှာပါ။ ဒီပွဲ လုပ်တာကလည်း ထက်ထက်ကို အဓိက ထားပြီးတော့
လုပ်တာလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့် ပြောရမယ့် စကားတွေကို သေချာ
စဉ်းစားနေရတဲ့ အချိန်ပါ။

မေး။ ။ အခု သတင်းထောက်ဘက်က ရန်ကင်း တရားရုံးမှာ အမှုဖွင့်ထားပြီလို့ ကြားနေရတယ်။ မထက်ဘက်ကရော ဘယ်လို ပြင်ဆင်ထားပြီလဲ။

ဖြေ။ ။ ဘာမှ မပြင်ဘူးရှင့်။

မေး။ ။ တရား ရင်ဆိုင်ဖို့ကို ပြောတာပါ။

ဖြေ။ ။ တရား ရင်ဆိုင်မယ် လို့လည်း မဟုတ်ဘူး။ ရင်မဆိုင်ဘူးလည်း မဟုတ်ဘူး။ ထက်ထက် စိတ်ထဲမှာ ဘာမှ မရှိဘူး။

မေး။ ။ ရန်ကင်း တရားရုံးကရော မထက်ကို အကြောင်းကြားတာ ရှိပြီလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ အခုချိန်ထိ မရှိသေးဘူးပေါ့နော်။

ဖြေ။ ။ ဟုတ်။ မရှိပါဘူး။

မေး။ ။ မထက်ဘက်က အခုဒီကိစ္စနဲ့ ပတ်သက်ပြီး စာပေ စိစစ်ရေးကနေ နောက်
စာနယ်ဇင်းတွေကို ဖော်ပြခွင့်မပေးပါနဲ့ဦး ဆိုပြီး ပုဂ္ဂိုလ်ရေးရာ အရ တင်ပြ
တောင်းဆိုထားတာ ရှိနေတယ် လို့ ကြားရပါတယ်။ စာပေစိစစ်ရေးက ဘယ်လို အကြောင်း
ပြန်ပါသလဲ။

ဖြေ။ ။ တင်ပြထားတယ် ဆိုတာ အရင်တခေါက် ထက်ထက် ကိုယ်ဝန်ရှိနေတုန်းက စာ ၂ ခါ ၃ ခါ
သွားတင်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာသမားနဲ့ စာနယ်ဇင်းသမား
ဆိုတာ သူတို့လည်း သူတို့အလုပ် လုပ်ကြသလို ပရိသတ် တွေကလည်း မင်းသမီး၊
မင်းသားတွေကို ချစ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အားလုံးဟာ ကိုယ့်ဘ၀ကို
ကောင်းတာပဲ ဖြစ်ချင်တာပဲ။ ဆိုးတာတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ လူတိုင်း
လူတိုင်း ဒီလိုပဲ။ ဒါပေမယ့် သူတို့က မေးတယ် ဆိုတာကလည်း စည်းမျဉ်း
စည်းကမ်းလေး ရှိသင့်တာပေါ့။ ပြီးတော့ VIP ၀ိုင်းမှာ
သူများအလုပ်လုပ်နေတဲ့အချိန်မှာ ၀င်မေးတယ် ဆိုတာက လာ နှောင့်ယှက်တာနဲ့
အတူတူပဲလေ။

မေး။ ။ အဲဒီပွဲမှာ တွေ့ဆုံဖို့ကို မထက်က ချိန်းဆိုလိုက်တာလို့ ကြားပါတယ်။

ဖြေ။ ။ ဟုတ်တယ်။ အဲဒီမှာ တွေ့ဖို့ ပြောလိုက်တာ။ ဒါပေမယ့် အဲဒီပွဲဝိုင်းထဲမှာ
မေးဖို့အတွက် VIP ၀ိုင်းမှာ လာထိုင်ဖို့ အတွက် သူ့ကို မခေါ်ဘူး။

မေး။ ။ အခုပဋိပက္ခကို စာနယ်ဇင်းတွေမှာ မဖော်ပြဖို့ တင်ပြထားတဲ့ အပေါ် စိစစ်ရေးက ဘယ်လို တုံ့ပြန်လဲဗျ။

ဖြေ။ ။ ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ VOICE ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ။

မေး။ ။ စိစစ်ရေးကို ဘယ်ရက်ပိုင်းက တင်ပြခဲ့တာလဲဗျ။

ဖြေ။ ။ တင်ပြတာကတော့ ထက်ထက်က အမြဲ လိုလိုကို ပြောထားပါတယ်။ လူကြီးတွေကိုလေ။
မလိုလားအပ်ဘဲနဲ့ကတော့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ၊ ကိုယ်မှ မဟုတ်ဘူး တခြား
မင်းသမီး၊ မင်းသားတွေ အတွက်လည်း မဖော်ပြစေချင်ဘူး။ ထက်ထက် အခုချိန်မှာ
ခေါင်းတွေလည်း ခြောက်နေတယ်။ အေးအေး ဆေးဆေးပဲ နေချင်တယ်။ အဲဒီ ပြဿနာတွေလည်း
လုပ်ခဲ့တာတော့ လုပ်ခဲ့တာပေါ့။ သူတို့လုပ်လို့ ကိုယ် ဒီလိုမျိုး
တုံ့ပြန်မှုက မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်။ ဒါပေမယ့် နောက်ဆက်ပြီး
ဘာပြဿနာမှ ထက်ထက် မဖြစ်ချင်တော့ဘူး။

မေး။ ။ တကယ်လို့ ရန်ကင်းတရားရုံးက ဆင့်ခေါ်တာမျိုး ရှိလာရင် ဘယ်လို ရင်ဆိုင်မယ်လို့ စီစဉ်ထားလဲ။

ဖြေ။ ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတော့ ကိုယ်က သူများကို မဟုတ်တာ လုပ်ခဲ့တာလည်း
မဟုတ်ဘူး။ ကွယ်ရာမှာ ချောင်းရိုက်တာလည်း မဟုတ်ဘူးလေ။ ဒီလိုမျိုး လုပ်လို့
ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာ အကြောင်းရှိလို့ အကျိုး ဖြစ်လာတယ် ဆိုတာကို
နားထောင်ကြည့်တဲ့ တရားရုံးကလည်း သိမှာပါ။

မေး။ ။ ရှေ့နေတွေ ငှားဖို့ရော ပြင်ထား ပြီးပြီလား။

ဖြေ။ ။ မပြင်ပါဘူး။ ဘာမှ မပြင်ဘူး။

original link - http://irrawaddy.org/bur/index.php/interview/4-interview/3221-q-q



စာနယ်ဇင်းကျင့်ဝတ်နှင့် လူကျင့်ဝတ်

Views: 4166

Tags: မြန်မာသတင်း

Comment

You need to be a member of Myanmar in Singapore to add comments!

Join Myanmar in Singapore

Comment by thandar on June 24, 2010 at 9:46am
hey......Alex Aung lin ........why not u wear myanmar dress *at ur photo"is it Myanmar is Myanmar????????????????????
Comment by Alex Aung Lin on June 19, 2010 at 5:06am
Myanmar is myanmar foreign is foreign....
Comment by thandar on June 17, 2010 at 2:54pm
ohooo...... i means htet htet moe oo was right and all of her boys r to get something n lie to her. i know about some boys r to make money fr girl,htet htet is so brave n can see t true.i hate some girl r they know about their husband n cant divorce and let them bully.now u can see htet htet mistake or them?why people r cant see t true like u.why reporter can ask what they want.hey by t way i have baby n i want him longtime ago n i very scare i lost him n every night i wake up many time n check him .i know about htet htet how she feel n ayethusan dont know.if one day she get marry n she get liar husband n want to see what she will do. if i am htet htet place n i also doing same thing.lily lelay ,i also divorce n new hus n he love me n he is rich n older them me 16.am i wrong?
Comment by lily lelay on June 17, 2010 at 1:33pm
hey thandar u mean even htethtet moe oo has money and pretty she can't get true love ?
yea even she has money n pretty not get true love so if u don't has like her just becareful for your true love.
u know that how hard to get true love now?
not only women married for money now most guy r looking for a rich women u know that?
so just becareful for your true love if u don't have any money no one will intersting u.
don't tell any other just look at your self.
Comment by thandar on June 17, 2010 at 9:05am
hee hee .. i also want to work as reporter.What i want to ask i can ask anything.first i want to interview is all the husband of htet htet moe oo why they want to married her?because of her money?her pretty or really true love to her?all of her husbands are why easy to divorce her?did they said please ..please please,,don`t leave me if not i will die or ok give me ........./0000000.i will sign now.ohhhhh....... what a pity htethtet.she is looking for true love .
Comment by Win Naing Aung on June 2, 2010 at 4:07pm
Face the music ! U accept the result what U have done !
Comment by jennifer on June 1, 2010 at 11:37pm
7 days က ဂျာနယ် ရောင်းကောင်းချင်လို့
ဂွင် ထွင် တာနေမှာပေါ့  . . . :P
Comment by လေးသည်တော် on May 29, 2010 at 11:09pm
တန်ဖိုးရှိတဲ့ ဖိုရမ်စာမျက်နှာတွေကို ဘာမဟုတ်တဲ့ ရုပ်ရှင်းမင်းသမီးသတင်းနဲ့ အကုန်ဆုံးခံတော့မလားဗျာ။ သူတို့ ပါးရိုက်ပြဿနာ ဖြစ်တဲ့ကိစ္စထက် ပိုအရေးကြီးတာကို ဆွေးနွေးကြရင် မကောင်းဘူးလားဗျာ။ အခု ဖိုရမ်တွေဘလော့ တွေမှာ ထက်ထက်မိုးဦးသတင်းတွေ ပလူပျံနေတဲ့အချိန်မှာ လေးစားစရာဖိုရမ်တစ်ကိုပြောပြပါမယ်။ www.myanmarfamily.org ပါ။
မြန်မာမိသားစုဖိုရမ်ဟာ အဖွဲ့ဝင်သောင်းကျော်ရှိတဲ့ ဖိုရမ်လောကမှာ နာမည်ကြီးဖိုရမ်တစ်ခုပါ။ အသိပညာ ဖြန့်ဝေရေးမှာ တော်တော်လေး အားကိုးအားထားပြု နိုင်တဲ့ ဖိုရမ်တစ်ခုပါ။ ဒါပေမယ့် အဲဒီရုပ်ရှင်မင်းသမီးသတင်းကိုတော့ အဲဒီလောက်တစ်ရေးတစ်ယူ နဲ့ဖိုရမ်စာမျက်နှာအကုန်ခံပြီး ဘယ်သူမှ ဆွေးနွေးတာမတွေ့ရပါဘူး။ ပုံမှန်လုပ်နေကျ နည်းပညာ စာပေ၊ ပညာရေးပိုင်းတွေနဲ့ ချီတက်နေပါတယ်။ ထက်ထက်မိုးဦးဟာ သိန်းပေါင်းများစွာချမ်းသာတဲ့မင်းသမီးပါ ပြဿနာကို သူလုပ်လိုက်ပြီဆိုရင် ဘယ်လိုရှင်းရမလဲသူသိပြီးသားပါ။ တန်ဖိုးရှိတဲ့ ဖိုရမ်စာမျက်နှာတွေကုန်ဆုံးခံပြီး ကျွန်တော်တို့ ပူပန်ပေးဖို့မလိုဘူးထင်ပါတယ်။ ကျွန်တော်တို့မှာ နည်းပညာအသိလေးတစ်ခု၊ ပညာရေးသတင်းလေးတစ်ခု ဝေမျှနိုင်တယ်ဆိုရင် ထက်ထက်မိုးဦးသတင်းကို ငြင်းခုန်နေတာထက် ပိုတန်ဖိုးရှိမယ် ထင်မိပါကြောင်း၊ ယခုတစ်လော ထက်ထက်မိုးဦးသတင်းကြောင့် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပုံမှန်သတင်းအချက်လက်တွေလျော့ပါးသွားတာကို စိတ်မကောင်းဖြစ်မိပါကြောင်း တင်ပြလိုက်ရပါတယ်။
Comment by NYI Ye' on May 29, 2010 at 3:42pm
ကိုမိုးချမ်း... ဒီနေရာက comment ပေးတဲ့နေရာလေ...မှန်တယ် မှားတယ် မဝေဖန် လို့ ဘာရေးရမှာလဲ။ ကိစ္စ တိုင်း ကို တရားသူကြီး ပဲအားကိုး ရမှာလား။ ကိုယ်ပိုင် အယူအဆ နဲ့ကိုယ်ပိုင်သုံးသပ်ချက် ရှိရမှာ ပေါ့။ စာတ ပိုက်ဖတ်ပြီး တိုင်းနောက်ကအတွေး အခေါ် မပါပဲ ခေါင်းညိတ်လက် ခံနေတက်တဲ့ လူတန်း စားစနစ် က ဘုရင်ခေတ် မှာကျန် ခဲ့ ပါ ပြီ ခင်ဗျာ >>>>>>
Comment by Thomas Than on May 29, 2010 at 2:37pm
Htet Htet Moe Oo is Right.

Click for more information !


© 2014   Created by Admin Team.

Badges  |  Report an Issue  |  Terms of Service

Like us on Facebook